ကိုယ်ဝန် ဆောင် ဆီး စပ် အောင့် ခြင်း

ကိုယ်ဝန် ဆောင် ဆီး စပ် အောင့် ခြင်းက စိုးရိမ်စရာကောင်းလားဆိုပြီး မေမေတွေ မေးတတ်ကြပါတယ်။ အဲ့တာကတော့ ဖြစ်တဲ့ အကြောင်းရင်းပေါ် မူတည်တယ်လို့ပဲ ဖြေရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဆီးစပ်အောင့်တာက အကြောင်းရင်း အများကြီး ရှိပြီး အရေးကြီးတာလည်း ပါသလို အရေးမကြီးတာလည်း ပါပါတယ်။

သိပ်အရေးမကြီးတဲ့ အကြောင်းတွေကတော့

  • ကိုယ်ဝန်လရင့်လာလို့ အောင့်တာ
  • ကိုယ်ဝန်ကြီးလာလို့ ဆီးစပ်က အရွတ်တွေ တင်းပြီး အောင့်တာ
  • လေပွတာ
  • ဝမ်းချုပ်တာ
  • အမွေးသင်တာ စတာတွေကြောင့်ပါ။

အရေးကြီးပြီး သတိထားရမယ့် အကြောင်းရင်းတွေကတော့

  • ဆီးလမ်းကြောင့်း ဒါမှမဟုတ် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပိုးဝင်တာ
  • ကိုယ်ဝန်ပျက်တာ
  • သားဥပြွန်မှာ သန္ဓေတည်တာ
  • ကလေးစောမွေးချင်တာ
  • ကိုယ်ဝန်ဆိပ်တက်တာ
  • အချင်းစောကွာတာ စတာတွေပဲ ဖြစ်ပါတယ်။

မေမေတို့က ဆီးစပ်ကိုက်ရင် အရေးကြီးလား မကြီးလားဆိုတာကို ခွဲတတ်မှာမဟုတ်ပါဘူး။ ဒီတော့ မှတ်ရလွယ်အောင် ဆီးစပ်ကိုက်တာနဲ့အတူ

  • အောက်ကနေ သွေးဆင်းတာ
  • ဖျားတာ
  • ဆီးကျင်တာ
  • ခေါင်းမူးတာ
  • အန်တာ
  • ပုံမှန်မဟုတ်တဲ့ အဖြူတွေဆင်းတာတွေရှိရင် သတိထားပါ။ အမြန်ဆုံး သားဖွားမီးယပ်ဆရာဝန်နဲ့ ပြပါလို့ မှာချင်ပါတယ်။
ကိုယ်ဝန် ဆောင် ဆီး စပ် အောင့် ခြင်းကိုယ်ဝန် ဆောင် ဆီး စပ် အောင့် ခြင်း
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
8012
2
23

မှတ်ချက် 23ခု

ရာသီမလာပဲက်ုယ်ဝန်ရှိတာမျိုးကိုယ်ဝန်ရှိတာမျိုးရောဖြစ်တတ်လားရှင့် ပထမနှစ်လမလာေတာ့စစ်ကြည့်ေတာ့မရှိဘူး လကုန်ပြီးေတာ့ရာသီလာချင်သလိုခါးကိုက်ပါတယ် အဲ့ရက်မှာအမျိုးသားနဲ့အတူေနပြီး ၃ပတ်လောက်မှာနို့ေ၃ပတ်လောက်မှာနို့တေတင်းပြီးနာတာ ဆီးစပ်ညာဘက်ကကိုက်တာဆက်တိုက်ဖြစ်နပြီးရာသီလဲမလာလို့ပါ အဲ့လိုအခြေနေမျိုးမှာရောကိုယ်ဝန်ရှိတာဖြစ်နိုင်လားရှင့်

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆီးစစ်ကြည့်ပါ။ နောက်ဆုံးအကြိမ်နေပြီး မစစ်ရသေးဘူးဟုတ်။

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆီးစပ်က နာနေလို့ပါ

ခုတေလာ ချောင်းဆိုးေနတာနဲ့ဆိုင်သလားရှင့်

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Tchel Htwe

ကိုယ်ဝန်ဆောင်လား

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကိုယ်ဝန်ပတ်ကိုဘယ်ရက်ကနေစရေတွက်ရသလဲ

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

https://hellosayarwon.com/health-tools/due-date-calculator/ ဒီမှာ တွက်လို့ရပါတယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကိုဝန်1လကျော်ရှိနေပါပြီ ဆီးစပ်က တစ်ခါတစ်လ ကိုက်လို့ပါ ကျန်တာဘာမှမဖြစ်ပါဘူးစိုးရိမ်ရလား

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Naung Naung

သွေးဆင်းတာ၊ ဗိုက်ထဲမှာ ရစ်ပြီး နာလာရင်တော့ သတိထားပါ။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆီးခုံဘယ်ဘက်ခြမ်းအောင့်ပီး အဖြူဆင်းတာ အဖတ်လေးတေရောပါတာ စိုးရိမ်ရလားရှင့် ကိုယ်ဝန် 2လကျော်ပီ

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Tha Zin

ပိုပိုပြီး ဆိုလားသလား။ သွေးဆင်းသေးလား။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆီးစပ်အောင်တာကဆေးသောက်လို့ရမလား

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Kh Mobile

ဖြစ်တဲ့ အကြောင်းရင်းပေါ် မူတည်ပါတယ်

ကိုယ်ဝန်ဆောင်တွေ ဆေးသောက်မယ်ဆို ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆရာ ကွန်ဒုံးမသုံးပဲ လိင်ဆက်ဆံပီး တားဆေးလည်းသောက်ထားတယ် အ့တာ 2ရက် အကြာမာပဲ ဆီးသွားတာ သွေးတွေပါ ပါနေလို့ အ့တာ ကိုယ်ဝန်ရှိနေလား ဆရာ

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ကိုယ်ဝန်က၁လ၂ရက်ပါ ဆီးစပ်ကိုက်နေလို့စိုးရိမ်ရလားရှင့်

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@nyi min htut

ဆီးထဲမှာ သွေးပါတာလား။ မိန်းမကိုယ်က သွေးဆင်းတာလားဆိုတာ သေချာအောင် ပြန်မေးကြည့်ပါဦး။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကိုယ်၀န်က20ပတ်ရှိပါပြီ နို့နစ်ရောင်အရည်တွေဆင်းနေလို့ပါ ဆီးစပ်ကလည်းအောင့်အောင့်နေလို့ ဘာဖြစ်တာလဲရှင့

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Misher Ill

ရိုးရိုး အဖြူဆင်းတာလည်း ဖြစ်နိုင်ပါတယ်။ ဆီးစပ်အောင့်တာက ကိုယ်ဝန်လရင့်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဖြူဆင်းတာရော၊ ဆီးစပ်အောင့်တာရော ဖြစ်နေတာဆိုတော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြကြည့်တာ ကောင်းပါတယ်။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကိုယ်ဝန်၈လထဲမှာ ဆီးစပ်ကနဲနဲအောင့်နေတာစိုးရိမ်ရလားရှင့်

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@eieinge199229-gGc

ဟိုဘက်ဒီဘက်လှည့်တဲ့အခါ တင်ပဆုံကွင်းထဲက အရွတ်တွေတင်းလို့ နာတာလည်း ဖြစ်နိုင်ပါတယ်။ ကလေးပုံမှန်အတိုင်း လှုပ်တယ်၊ တခြားလက္ခဏာလည်း မရှိဘူးဆိုရင် စောင့်ကြည့်နိုင်ပါတယ်။ ဒါမှမဟုတ် ရက်ချိန်း သိပ်မလိုတော့ဘူးဆိုရင်လည်း စောပြလိုက်ပါ။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Dr Htet Htet Zaw Win

စောမွေးမယ်လို့တော့ပြောထားတာမရှိဘူးရှင့် .ငြိမ်နေရင်မအောင့်ပေမဲ့ဟိုဘက်ဒီဘက်လှည့်တာနဲ့အောင့်အောင့်နေလို့ပါရှင့်.ရက်ချိန်းကလဲလိုသေးတော့.သွားရမလားမသွားရဘူးလားဖြစ်နေလို့ပါရှင့်

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@eieinge199229-gGc

နည်းနည်းပဲအောင့်တာဆို စောင့်ကြည့်ပါဦးနော်။ စောမွေးနိုင်တယ်လို့ ဆရာဝန်က ပြောထားတာမျိုး ရှိပါသလား။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

ကိုယ်၆လ တညလုံးအန်နေတယ် ဘာစားစားသောက်သောက်အန်တယ် ဘာဖြစ်လို့လဲ

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Kyaw Win Tun

၆လလောက်ဆို အန်တဲအကြိမ်က နည်းသွားသင့်ပါပြီ။ ဒီမေးခွန်းတွေ ဖြေပေးပါ။

−ကိုယ်ဝန်ရှိစနဲ့ အခုနဲ့ အန်တာ ပိုပိုဆိုးလာသလား။

−အန်တာအပြင် တခြားဘာဖြစ်သေးလဲ။(ဥပမာ ဖျားတာ၊ ဝမ်းလျှောတာ)

−ကိုယ်ဝန်အပ်ထားသလား။ ကိုယ်ဝန်အကြောင်း ဆရာဝန်က ဘာပြောထားလဲ။

−အယ်ထွာဆောင်းရိုက်ထားသေးလား။

−ရိုးရိုးကိုယ်ဝန်လား၊ အမြွာလား။


လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်