ကိုယ်ဝန်ဆောင်စဥ် အင်ပြင်ထခြင်းက စိုးရိမ်ရနိုင်ပါသလား
ကျွန်မ ခု ကိုယ်ဝန် ၁၃ ပတ်ထဲမှာပါ မနေ့ညကစပီး အစားဘဲမှားတာလား မပြောတက်ဘူး စားမိတာကတော့ ရေခဲချောင်းနဲ့ ကြက်ရိုးထောင်း ချဥ်စပ်လေးပါ
ညရောက်တော့ ခန္ဓာကိုယ်တစ်ခုလုံး ယားယံပြီး အင်ပြင်ထလာပါတယ် ခုညနဲ့ဆို နှစ်ည ရှိနေပါပီ မပျောက်သေးလို့ပါရှင့် နေ့လည်ဘက်ပိုင်းကတော့ တအားနဲ့မကုတ်မိလို့ဘဲလား သိပ်မသိသာပေမဲ့ ခုဘဲ တော်တော်လေးကိုပြန်ယားပြီးတော့ တကုိယ်လုံးအင်ပြင်တွေ ထပ်ထနေလို့ပါ ဘယ်လိုလုပ်ရင်အဆင်ပြေနိုင်မလဲရှင့် ဆေးထိုးရင်ကော ကလေးကို ထိခိုက်နိုင်မလားရှင့်

















အင်ပြင်က တအားမဆိုးဘဲ ယားတာကို မခံနိုင်တာဆိုရင်တော့ calamine lotionလိမ်းလို့ရပါတယ်။ အင်ပြင်တွေ ကြွနေတာဆိုရင်တော့ ဘာမီတွန် ဒါမှမဟုတ် loratadineကို
ဆေးညွှန်းအတိုင်း သောက်ပေးပါ။ တစ်မျိုးပဲ သောက်ရမှာပါ။
ဒီဆေးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးကို ထိခိုက်စေတယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးပါ။ တစ်နည်းအားဖြင့် စိတ်ချရပါတယ်။