avatar

စတင်ဆွေးနွေးမယ်။

မေးခွန်းလေးတွေ ဖြေဆိုပြီး Gaullac Mom ကိုယ်ဝန်ဆောင်အာဟာရဖြည့်စွက်စာကို လက်ဆောင်ယူကြမယ်

မတ်လ ၈ရက်နေ့က ‘အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့’

ဖြစ်ပါတယ်။ ဒီနေ့မှာ ပုခက်လွှဲတဲ့ မိခင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့

ဆုလက်ဆောင်အစီအစဉ်လေးတစ်ခု စီစဉ်ထားပါတယ်။


အောက်ကလင့်ကနေတဆင့် ကိုယ်ဝန်ဆောင်အာဟာရနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ ဖြေဆိုပြီး Gaullac Mom ကိုယ်ဝန်ဆောင်အာဟာရဖြည့်စွက်စာကို အခုပဲရယူလိုက်ကြရအောင်နော်။


ဖြေဆိုပြီးကြောင်းကို Screenshotရိုက်ပြီး အောက်မှာ မန့်ခဲ့မှ ဆုလက်ဆောင် ရွေးချယ်တဲ့စာရင်းထဲပါမှာ ဖြစ်ပါတယ်။


ဖြေဆိုရန် - https://hellosayarwon.com/bot/guallac_giveaway/


#Hellosayarwon #GaullacMom #Pregnancy_Community #InternationalWomensDay2024

မေးခွန်းလေးတွေ ဖြေဆိုပြီး Gaullac Mom ကိုယ်ဝန်ဆောင်အာဟာရဖြည့်စွက်စာကို လက်ဆောင်ယူကြမယ်မေးခွန်းလေးတွေ ဖြေဆိုပြီး Gaullac Mom ကိုယ်ဝန်ဆောင်အာဟာရဖြည့်စွက်စာကို လက်ဆောင်ယူကြမယ်
6
236
မှတ်ချက် 20 ခု
အတူနေပြီး ဘယ်နှရက်နေရင် ကိုယ်ဝန်စစ်သင့်သလဲ။

အကာအကွယ်မဲ့ အတူနေထားတယ်။ ရာသီလည်း မပေါ်ဘူးဆိုရင် ကိုယ်ဝန်ရှိမရှိ ဆီးစစ်သင့်တယ်ဆိုတာကို အမျိုးသမီးတိုင်း သိကြပါတယ်။ ဒါပေမယ့် ရာသီထိမ်ပြီး ဘယ်နှရက်နေရင် စစ်မှာလဲ။ ဒီနေ့ အတူနေပြီးနောက်နေ့ဆီးစစ်ရမှာလား။

ကိုယ်ဝန်ရှိမရှိကို တိတိကျကျ သိရဖို့အတွက် ဆီးစစ်သင့်တဲ့ အချိန်ကတော့ အတူနေပြီး ၂-၃ပတ်ကြာရင် ဖြစ်ပါတယ်။ ပုံမှန်ရာသီလာရမယ့်ရက်က ဒီ၂-၃ပတ်အတွင်းမှာ ရှိနေပြီး ရာသီလည်း မလာဘူးဆိုရင် ပိုပြီး စစ်သင့်ပါတယ်။ လာနေကျထက် တော်တော်ကြီး နည်းနေရင်လည်း စစ်လိုက်ပါ။ သန္ဓေအောင်ထားတဲ့ မျိုးဥလေးက သားအိမ်ထဲကို တိုးဝင်တဲ့အခါ ရာသီလာသလိုမျိုး သွေးနည်းနည်းဆင်းတတ်လို့ပါ။

ဒီနေ့အတူနေပြီး နောက်နေ့စစ်ရတာမျိုး မဟုတ်ပါဘူး။ တူနေပြီး ၂-၃ပတ်အကြာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

အတူနေပြီး ဘယ်နှရက်နေရင် ကိုယ်ဝန်စစ်သင့်သလဲ။အတူနေပြီး ဘယ်နှရက်နေရင် ကိုယ်ဝန်စစ်သင့်သလဲ။
4
4
မှတ်ချက် 103 ခု
ရာသီ၂ခါလာ / ကိုယ်ဝန်ရရန်

မမတို့ရေ။ ကူညီဖြေပေးကြပါဦးရှင့်။ ညီမက ကလေးယူနေသူပါ အပျိုကတည်းက ရာသီတစ်လ၂ကြိမ်လာပါတယ် (၁၀ရက်၁၅ရက်ခြားတကြိမ်) အခုထိ ဖြစ်ပါတယ်။ အိမ်ထောင်သက် ၁နှစ်၅လရှိပီ တားဆေးမသုံးထားပါ။ Folic acidနဲ့ ovriplusသောက်ပါသေးတယ်။ ကလေးလိုချင်လို့ OGပြတော့ ရာသီမှန်အောင် ဟော်မုန်းပါတဲ့ တားဆေး Microgynon 30 ၆လသောက်ခိုင်းပါတယ်။ ညီမမေးချင်တာက ညီမလိုမျိုး တစ်လမှာရာသီ၂ခါလာပြီး ဘာမှဆေးမသောက်ပဲ ကိုယ်ဝန်ရသွားတဲ့သူရှိလား။ ရာသီမမှန်လို့တားဆေးသောက်ပြီးမှ ရာသီမှန်ပြီး ကိုယ်ဝန်ရသွားတဲ့သူ ရှိလား ။

နောက် ရာသီမမှန်တဲ့သူ သားဥကြွေဆေးသောက်ပြီး ကိုယ်ဝန်ရတဲ့သူရှိလား။ ဆိုတာ သိချင်တာပါ။ အဖြစ်သူရှိရင် ပြောပြပါနော်။

0
5
မှတ်ချက် 1 ခု
မေမေတို့နဲ့ ဓာတ်မတည့်တဲ့ အလက်ဂျီ ပြဿနာ

ဓာတ်မတည့်တာ က အတော်လေး ခံရခက်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ အရွယ်မရွေး ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပေါ့။ ဒီ အလက်ဂျီ ပြဿနာက မေမေတို့မှာ ဖြစ်ရင်လည်း ဘေဘီလေးတွေကို ကူးစက်နိုင်တယ်။ ဒီ ဓာတ်မတည့်တဲ့ အကြောင်းလေးကို အခု ဆောင်းပါးလေးမှာ အပြည့်အစုံ ဖတ်ရှုလိုက်ပါနော်...

0
1
မှတ်ချက် 0 ခု
ကိုယ်ဝန်ရှိမရှိ သိချင်လို့ပါ

Sept 3, 2022 မှာ ရာသီလာပြီး....


Oct 21, 2022 မှာ သွေးအနည်းငယ်ဆင်းပါတယ်.... အာ့နောက်ပိုင်း ခုထိ အဖြူ​ဆင်းနေ ပါတယ် အရမ်း မများ / မနည်းပါ...


ကိုယ်ဝန်ရှိနိုင်ပါသလား သိချင်ပါတယ်...


ကျေးဇူးတင်ပါတယ်

0
3
မှတ်ချက် 1 ခု
ခြေထောက်သွေးခဲခြင်း၊​ သွေးပြန်ကြောရောဂါအကြောင်း

မေမေတို့ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲမှုတွေအပါအဝင် ကိုယ်ခန္ဓာမှာ

ပြောင်းလဲမှုတွေ အများကြီး ကြုံတွေ့ရတာကို မေမေတို့ သိပြီးသားဖြစ်မှာပါ။ ဒီတစ်ခါ မေမေတို့ ဟော်မုန်းအပြောင်းအလဲမှု များတာကြောင့် ဖြစ်တတ်တဲ့ ခြေထောက်သွေးခဲခြင်း၊​ သွေးပြန်ကြောရောဂါတွေကို ဖော်ပြပေးလိုက်ပါတယ်။


ခြေထောက်သွေးခဲခြင်း၊​ သွေးပြန်ကြောရောဂါအကြောင်းခြေထောက်သွေးခဲခြင်း၊​ သွေးပြန်ကြောရောဂါအကြောင်း
0
1
မှတ်ချက် 0 ခု
ကိုယ်ဝန် ရှိမရှိ အသေချာဆုံး သိနိုင်မယ့် နည်းလမ်းက ဘာ‌လဲ။

ကိုယ်ဝန်ရှိမရှိကို စစ်နိုင်တဲ့ အဓိက နည်း ၃နည်း ရှိပါတယ်။

-လက္ခဏာရယ်

-ဆီးစစ်၊ သွေးစစ်တာရယ်

-အယ်ထွာဆောင်းရိုက်တာရယ်ပါ။

လက္ခဏာကတော့ အားလုံးသိကြတဲ့ ရာသီထိမ်သွားလား။ ပျို့အန်တာမျိုး ဖြစ်သလား။ ရင်သားတွေ တင်းနေလား၊ နုံးနေလား စတာတွေကို မေးမြန်းတာပါ။ ဒါက တခြားအခြေအနေတွေမှာလည်း ဖြစ်တတ်တယ်ဆိုတော့ သိပ်တော့ မသေချာပါဘူး။

ဆီးစစ် သွေးစစ်တယ်ဆိုတာကတော့ hCGဟော်မုန်းကို စစ်ဆေးတာပဲ ဖြစ်ပါတယ်။ ဆီးက အိမ်မှာ test kitနဲ့ စစ်လို့ရသလို ဆေးရုံဆေးခန်းတွေမှာ စစ်လို့လည်း ရပါတယ်။

နောက်ဆုံးတစ်ခုက အယ်ထွာဆောင်းရိုက်တာပါ။ ကိုယ်ဝန်၆ပတ်လောက်ဆို အယ်ထွာဆောင်းရိုက်လို့ရပါပြီ။ ရိုက်ပြီး ကလေးရှိရဲ့လားဆိုတာကို ကြည့်နိုင်ပါတယ်။ ဒီနည်းလမ်းတွေက တစ်ခုချင်းစီဆိုရင် အားနည်းချက်ရှိတာကြောင့် အပြည့်အဝမမှန်နိုင်ပါဘူး။ ၃မျိုးပေါင်းစစ်ပြီး ရလဒ်တွေကလည်း ကိုယ်ဝန်ရှိနေတယ်လို့ပဲ ပြရင်တော့ တကယ်ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်ပါတယ်။

ဒါကတော့ အတိကျဆုံးနည်းပါပဲ။

ကိုယ်ဝန် ရှိမရှိ အသေချာဆုံး သိနိုင်မယ့် နည်းလမ်းက ဘာ‌လဲ။ကိုယ်ဝန် ရှိမရှိ အသေချာဆုံး သိနိုင်မယ့် နည်းလမ်းက ဘာ‌လဲ။
0
79
မှတ်ချက် 2 ခု
မေမေတို့ ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ကိုယ်ဝန်ဆောင်ဆိုတာ အမြဲတမ်း ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နေရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က တခြားတစ်ယောက်လို ပြောင်းလဲသွားတဲ့အတွက် အရင်က မကြုံဖူးတဲ့ ကျန်းမာရေး ပြဿနာတွေကိုလည်း ကြုံရနိုင်ပါတယ်။ ကိုယ်ဝန်လအလိုက် ဘာပြဿနာတွေ ကြုံရနိုင်လဲ။ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဒီဆောင်းပါးလေးမှာ ပြောပြပေးပါ့မယ်။

မေမေတို့ ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများမေမေတို့ ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ
0
5
မှတ်ချက် 0 ခု
ဗိုက်ထဲက ဘေဘီလေး ကိုယ်အလေးချိန် တက်စေဖို့

ဘေဘီလေး တစ်ယောက် ကျန်းကျန်းမာမာနဲ့ လူ့လောကထဲ ရောက်လာဖို့ဆိုရင် ဗိုက်ထဲမှာကတည်းက အာဟာရပြည့်ပြည့်ဝဝ ရရှိဖို့နဲ့ လအလိုက် ရှိသင့်တဲ့ ဖွံ့ဖြိုးမှုလေးတွေ ရရှိဖို့ လိုပါမယ်။ကိုးလလွယ် ဆယ်လဖွားရတဲ့ ကိုယ်ဝန်ဆောင်ကာလ ပြီးလို့ မျက်နှာမြင်ရချိန်မှာ ကျန်းကျန်းမာမာ ဖြစ်စေချင်တဲ့ မေမေ့စိတ်ကူးလေးကို အကောင်အထည် ဖော်နိုင်စေဖို့အတွက် ဗိုက်ထဲက ဘေဘီလေး ကျန်းမာဖွံ့ဖြိုးစေဖို့ မေမေတို့ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ တွေက ဘာတွေ ဂရုစိုက်ရမလဲ ဆိုတာကို အခု ဆောင်းပါးလေးမှာ ပြောပြပေးသွားပါမယ်။

0
4
မှတ်ချက် 0 ခု
မေမေတို့ရဲ့ ဘေဘီလေးတို့ ပီကေ စားလို့ရလား....

မေမေတို့မှာ “မေမေရေ ပီကေစားချင်တယ်လို့” ပူဆာတတ်တဲ့ ဘေဘီလေးတွေ

ရှိလား? ဘေဘီလေးတို့ ပီကေ စားလို့ရလား ဆိုတဲ့ မေးခွန်းအတွက် အဖြေက မကျွေးရဘူးဆိုတာ သိနေတာကြောင့် ကလေးတွေ စားလို့မရဘူး လူကြီးတွေပဲ စားလို့ရတာလို့ ပြောလိုက်ပေမယ့် ဘေဘီလေးက ဘယ်တော့မှ စားလို့ရမှာလဲလို့ မေးတဲ့အခါ ဘာဖြေလို့ ဖြေရမှန်း မသိဘူး ဖြစ်နေတဲ့ မေမေတို့ ရှိလား…..ပီကေက သွားနဲ့ ခံတွင်းကို ကျန်းမာစေတယ်ဆိုပေမယ့် အာဟာရဓာတ် ပါဝင်မှု မရှိသလို ဘေဘီလေးတွေကိုလည်း အခုလို ထိခိုက်စေနိုင်ပါတယ်။

မေမေတို့ရဲ့ ဘေဘီလေးတို့ ပီကေ စားလို့ရလား....မေမေတို့ရဲ့ ဘေဘီလေးတို့ ပီကေ စားလို့ရလား....
0
4
မှတ်ချက် 0 ခု
မေမေတို့ရဲ့ ဘေဘီလေးတို့ ပီကေ စားလို့ရလား....

မေမေတို့မှာ “မေမေရေ ပီကေစားချင်တယ်လို့” ပူဆာတတ်တဲ့ ဘေဘီလေးတွေ

ရှိလား? ဘေဘီလေးတို့ ပီကေ စားလို့ရလား ဆိုတဲ့ မေးခွန်းအတွက် အဖြေက မကျွေးရဘူးဆိုတာ သိနေတာကြောင့် ကလေးတွေ စားလို့မရဘူး လူကြီးတွေပဲ စားလို့ရတာလို့ ပြောလိုက်ပေမယ့် ဘေဘီလေးက ဘယ်တော့မှ စားလို့ရမှာလဲလို့ မေးတဲ့အခါ ဘာဖြေလို့ ဖြေရမှန်း မသိဘူး ဖြစ်နေတဲ့ မေမေတို့ ရှိလား…..ပီကေက သွားနဲ့ ခံတွင်းကို ကျန်းမာစေတယ်ဆိုပေမယ့် အာဟာရဓာတ် ပါဝင်မှု မရှိသလို ဘေဘီလေးတွေကိုလည်း အခုလို ထိခိုက်စေနိုင်ပါတယ်။

မေမေတို့ရဲ့ ဘေဘီလေးတို့ ပီကေ စားလို့ရလား....မေမေတို့ရဲ့ ဘေဘီလေးတို့ ပီကေ စားလို့ရလား....
0
3
မှတ်ချက် 0 ခု
အဖွဲ့အစည်းအကြောင်း
ကိုယ်ဝန်ဆောင်ချိန်တလျှောက်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဗိုက်ထဲမှာ နောက်ထပ်သက်ရှိလေးက ကြီးထွားနေပြီး သူလေးကျန်းမ... ပိုမိုကြည့်ရှုရန်

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

avatar
Holl Dr

1

20

avatar
Hello sayr

1

6

avatar
Hello Doctor

0

7

avatar
Doctorရှင့်

1

6

avatar
Hello

0

7

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်