Dr please. ဖြေပေးပါဦးရှင့်
ဆရာမရှင့် ကျွန်မ၂လပိုင်းကကောင်လေးနဲ့အတူနေပြီးတားဆေးသောက်ခဲ့ပါတယ်ရှင့် အဲ့လမှာရာသီကလာပါတယ် ၃လပိုင်းကျနောက်တစ်ခါ အရေးပေါ်တားဆေးသောက်လိုက်ပါတယ်ရှင့် နောက်၂ရက်နေတော့အတူထပ်နေမိပါတယ်ရှင့် အဲ့တုန်းက24 hoursကျော်ပြီးမှာ တားဆေးသောက်လိုက်မိပါတယ် အဲ့၃လပိုင်းမှာလဲ၂၅ရက်နေ့မှာရာသီလာတယ်ရှင့် ခုကျ၄လပိုငိး၁လလုံးရာသီမလာတော့လို့ရှင့် ခုချိန်ထိပဲမလာတော့လို့ပါ ဆီးစစ်ကြည့်တော့လဲ negative ထွက်တယ်ရှင့် ၃ခါစစ်တာ၃ခါလုံးnegative ပါရှင့် သွေးဆေးတွေလဲသောက်တာစုံနေပြီ ခုထိရာသီမလာသေးလို့ရှင့် ဆီးတော့ခနခနသွားတယ်ရှင့်
တားဆေးတွေက ရာသီမမှန်တတ်ပါ။ ကိုယ်ဝန်လည်း မရှိဘူးဆိုတော့ ဘာဆေးမှ လျှောက်မသောက်ဘဲစောင့်ကြည့်ပါ။ နောက်လတွေ လာပါလိမ့်မယ်။ စိတ်ဖိစီးမှုများရင်လည်း ရာသီမလာတတ်တော့ စိတ်အေးအေးထားပါ။