အိပ်ရာဝင်ချိန် သားသားမီးမီးတို့ကို မကျွေးသင့်တာတွေက ဘာတွေများလဲ!
ကလေးကို အချိန်အခါအလိုက် ကျွေးသင့်တာတွေ ရှိသလို မကျွေးသင့်တာလေးတွေလည်း ရှိနေပါတယ်နော်။ ဒီတစ်ခေါက်တော့ ကလေးကို အိပ်ရာမဝင်ခင်မှာ မကျွေးသင့်တဲ့ အစားအစာများ အကြောင်း ဖေဖေမေမေတို့ သိရှိနိုင်စေဖို့ မျှဝေပေးလိုက်ရပါတယ်။
ကလေးကို အိပ်ရာမဝင်ခင်မှာ မကျွေးသင့်တဲ့ အစားအစာများ ကတော့ -
🔷 ကဖင်းပါတဲ့ သောက်စရာတွေ - လက်ဖက်ရည်အေး၊ ကော်ဖီအေး၊ bubble tea၊ ကော်ဖီ၊ စွမ်းအားဖြည့်အချိုရည်နဲ့ အခြားသော ကဖင်းပါတဲ့ အချိုရည်တွေပါ။
🔷 အချိုများတဲ့ သောက်စရာတွေ - ဆိုဒါ၊ သကြားထည့်ထားတဲ့ အသီးဖျော်ရည်တွေ၊ အချိုရည်တွေလိုမျိုး သကြားပါဝင်မှု များတာတွေက သွေးတွင်းသကြားဓာတ် မြင့်စေပြီး အာရုံစိုက်ဖို့ ခက်ခဲတာ၊ တက်ကြွမှု လွန်ကဲတာတွေတဲ့အပြင် မအိပ်ခင်မှာ သွားမတိုက်မိဘဲ အိပ်ပျော်သွားမယ်ဆိုရင် သွားပိုးစားတာ၊ သွားပျက်စီးတာတွေကိုပါ ခံစားရနိုင်ပါတယ်။
🔷 ဆီကြော်စာတွေ - ကလေးက ဆီကြော်တွေကို ညဘက် အိပ်ရာမဝင်ခင်မှာ စားမိမယ်ဆိုရင်တော့ အဆီများလွန်းတာကြောင့် အစာကြေခဲတာ၊ အစာချေဖျက်ဖို့ အချိန်ယူရတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါတင်မကသေးပါဘ
... ပိုမိုကြည့်ရှုရန်