ကိုယ်ဝန်စရှိရှိချင်း ပထမ ၃လ (၁၃ပတ်)ကို ကိုယ်ဝန်နုတဲ့လတွေလို့ သတ်မှတ်ပါတယ်။ ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေ ကြီးထွားနေတဲ့အချိန်ဖြစ်တာကြောင့် အစစအရာရာ သတိထားဖို့ လိုပါတယ်။
အများစုက ကိုယ်ဝန်ရှိတာကို သတိမထားမိကြသလို သတိထားမိတော့လည်း ကိုယ်ဝန်ပတ်က ၄၊ ၅၊ ၆ပတ် ဖြစ်နေပါပြီ။
ဒီတော့ ကိုယ်ဝန်ရှိတာကို စောစောသိနိုင်ရင် ကောင်းပါတယ်။ ရာသီထိမ်နေပြီ၊ ကိုယ်ဝန်ရနိုင်တဲ့ အနေအထားမျိုးဆို ဆီးစစ်ကြည့်ကြပါ။
ကဲ ကိုယ်ဝန်ရှိတာကို သိပြီဆိုရင် လိုက်နာရမယ့် အချက်တွေကတော့
−ကိုယ်ဝန်ဆောင်အားဆေးစသောက်ပါ။
−ကိုယ်ဝန်အပ်ပါ။
−ဆရာဝန်ညွှန်ကြားတဲ့ ဆေးစစ်တာတွေ၊ ကာကွယ်ဆေးထိုးတာတွေကို လိုက်နာပါ။
ရှောင်ရမှာတွေကတော့
−ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ်မသောက်ပါနဲ့တော့။ သောက်လက်စဆေးတွေကိုလည်း ဆရာဝန်နဲ့ ပြကြည့်ပါ။
−ဆေးလိပ်၊ အရက် ဒါတွေအကုန် ရပ်ပါ။
−ကော်ဖီလျှော့သောက်ပါ။
−အပြင်စာတွေ လျှော့စားပါ။
−ပြဒါးပါတဲ့ငါးတွေ၊ မကျက်တကျက်အသားတွေ၊ ဆာရှိမိတွေ ရှောင်ပါ။
−ဓာတုပစ္စည်းတွေကိုလည်း ကိုင်တွယ်တာမျိုးကို ရှောင်ကြပါ မေမေတို့။
ကိုယ်ဝန်ပထမ ၃လကို အန္တရာယ်ကင်းကင်းနဲ့ ဖြတ်သန်