ကိုယ်ဝန်ရှိမရှိ သိဖို့ အိမ်မှာ ဆီးစစ်တံနဲ့ စစ်ကြတယ်ဟုတ်။ ဆီးစစ်တံက မသုံးတတ်ရင် အဖြေမှားထွက်နိုင်တာကြောင့် ဘယ်လို သုံးရမလဲဆိုတာကို အဆင့်ဆင့်ပြောပြပေးမယ်နော်။
−အရင်ဆုံးတော့ ခွက်သန့်သန့်ထဲမှာ ဆီးသွားလိုက်ပါ။
-မနက်ပိုင်း အိပ်ရာနိုးနိုးချင်း သွားတဲ့ ဆီးကို ယူရင် ပိုကောင်းပါတယ်။
−ပြီးရင်တော့ ဆီးစစ်တံကို သူပြထားတဲ့ လိုင်းအထိ နှစ်လိုက်ရုံပါပဲ။
−တကယ်လို့ အတံမဟုတ်ဘဲ ကိုဗစ်စစ်သလို အပြားလေးဆိုရင်တော့ အစက်ချတံလေးနဲ့ အပြားလေးပေါ် တင်စစ်ပေးရမှာပါ။
−အများစုကတော့ ၁−၂မိနစ်လောက်ဆိုအဖြေသိရပါပြီ။ သုံးတဲ့ တံဆိပ်ပေါ် မူတည်ပြီး အဖြေဖတ်တဲ့အချိန် ကွာနိုင်ပါတယ်။
သတိထားရမယ့် အချက်တွေကတော့
−မသုံးခင်မှာ ကိုယ်ဝယ်လာထားတဲ့ တံဆိပ်ရဲ့ အသုံးပြုပုံအညွှန်းကို သေချာဖတ်ပါ။ တံဆိပ်ကွာရင် သုံးနည်းလည်း နည်းနည်း ကွာတတ်ပါတယ်။
−နောက်ပြီး Control line (C)ဆိုတာ ရှိပါတယ်။ ကိုယ်ဝန်ရှိမရှိ အဲ့ဒီလိုင်းက ထင်းနေရပါမယ်။ ဒါမှ ဆီးစစ်တံက မှန်မှာပါ။ ဒါကြောင့် ကိုယ်ဝန်ရှိတဲ့အခါ အဲ့ဒီလိုင်းရယ်၊ စစ်တဲ့လိုင်းရယ် နှစ်ချောင်းပေါ်နေတာပါ။
−လိုင်းတွေက မှိန်နေရင်၊ သိပ်မသေချာရင် နောက်တစ်ခါ ပြန်စစ်နိ