မွေးဖွားခါနီး ဆီးစပ်ကိုက်ခြင်း
မေမေတို့ ကလေးမွေးခါနီး ဆီးစပ်ကိုက်ကြတယ်နော်။ ဒါက ရိုးရိုး ကိုက်တာလား ဒါမှမဟုတ် ကလေးမွေးချင်လို့ ကိုက်တာလားဆိုတာကို ဘယ်လိုခွဲကြမလဲ။
မေမေတို့ အလွယ်လေး သိနိုင်မယ့် နည်းလမ်းတွေကတော့
−ဆီးစပ်တင်မဟုတ်ဘဲ ခါးကပါ တင်းပြီး ကိုက်လာတာ
−သားအိမ်ကပါ ညှစ်လာလို့ ဗိုက်အောင့်လာတာ
−ခါးကနာလိုက် ဗိုက်ကနာလိုက်ခံစားရတာ
−ဆီးစပ်နဲ့ မိန်းမကိုယ်မှာ တစ်စို့စို့ခံစားရတာ
−သားအိမ်ညှစ်တာက ပိုပိုပြင်းလာတာ
−အဖြူချွဲဆင်းလာတာ စတာတွေပဲ ဖြစ်ပါတယ်။
ဒီလိုတွေ ခံစားနေရရင် ရိုးရိုးဆီးစပ်ကိုက်တာ မဟုတ်တော့ပါဘူး။ ကလေးမွေးချင်တာကြောင့် ဖြစ်ဖို့ များနေပါပြီ။
ဒီလိုဆိုရင် ဆေးရုံသွားဖို့ ပြင်ကြပါတော့ မေမေတို့