သင့်ကိုယ်ခန္ဓာ၏ ဟော်မုန်းများကို ညီညွတ်မျှတစေမည့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 28, 2020 . 2 mins read
Share now

ဟော်မုန်းများဟာ သင့်ကို စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ အထူးသဖြင့် စားသောက်မှု၊ ကိုယ်အလေးချိန်၊ စိတ်ကျန်းမာရေး စတဲ့ကိစ္စရပ်တွေမှာ လွှမ်းမိုးပါတယ်။ ပုံမှန်အားဖြင့် ဂလင်းများဟာ ကိုယ်ခန္ဓာရဲ့လုပ်ငန်းစဉ်တွေအတွက် ဟော်မုန်းများကို တိကျတဲ့ပမာဏနဲ့ ထုတ်လုပ်ပေးပါတယ်။ ဒါပေမယ့် နေထိုင်စားသောက်မှုပုံစံနဲ့ တခြားအကြောင်းအရာတွေကြောင့် ဟော်မုန်းတွေ ဟန်ချက်မညီတာမျိုး ဖြစ်လာနိုင်ပါတယ်။
ယခုဖော်ပြမယ့် အကြောင်းအရာများကတော့ သင့်ကိုယ်ခန္ဓာတွင်းမှ ဟော်မုန်းများကို ဟန်ချက်ညီအောင် ဘယ်လိုနေထိုင်စားသောက်သင့်သလဲ ဆိုတဲ့အချက်များပဲ ဖြစ်ပါတယ်။

၁။ ပရိုတင်းကို လုံလောက်စွာစားပါ

သင်စားလိုက်တဲ့ ပရိုတင်းတွေဟာ ကိုယ်ခန္ဓာကနေ မထုတ်လုပ်နိုင်တဲ့ အမိုင်နိုအက်ဆစ်တွေကို ဖြစ်ပေါ်စေပါတယ်။ ပရိုတင်းကို လုံလောက်စွာ စားသုံးမှသာ ကြွက်သားများ၊ အရိုးများနဲ့ အရေပြားကျန်းမာရေးကို ကောင်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရိုတင်းဟာ အစာစားခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ရာမှာ အကျိုးသက်ရောက်မှု ရှိပါတယ်။

ဥပမာ သင့်ကို ဗိုက်ဆာစေတဲ့ ghrelin ဟော်မုန်းကို လျော့နည်းစေပြီး ဗိုက်ပြည့်စေတယ်ဆိုတဲ့ ခံစားချက်ကိုဖြစ်စေမယ့် ဟော်မုန်းတွေကို ထွက်ပေါ်စေပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာဇီဝဖြစ်စဉ်တွေအတွက် အရေးပါတဲ့ ဟော်မုန်းတွေ ဟန်ချက်ညီစေဖို့ ပရိုတင်းကို လုံလောက်စွာ စားပေးရပါတယ်။ အစားတစ်နပ်စားတိုင်းမှာ ပရိုတင်းဓာတ်ဟာ ၂၀ ကနေ ၃၀ ဂရမ်ထိ ပါဝင်သင့်ပါတယ်။

၂။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ

ကိုယ်လက်လှုပ်ရှားခြင်းဟာ ဟော်မုန်းများညီညွတ်မျှတစေဖို့ များစွာ အထောက်အကူပြုပါတယ်။ ဥပမာ အင်ဆူလင်ဟော်မုန်းကို ကျဆင်းစေပြီး အင်ဆူလင်အာရုံခံနိုင်စွမ်းကို မြင့်တက်စေပါတယ်။

ဒါ့အပြင် ကိုယ်လက်လေ့ကျင့်ခန်းများဟာ အသက်အရွယ်ကြီးလာတာနဲ့ ကျဆင်းလာတတ်တဲ့ တက်စတိုစထရုန်း၊ IGF 1၊ DHEA နဲ့ ကြီးထွားမှုဟော်မုန်းတွေကို လျော့နည်းမသွားအောင် ထိန်းသိမ်းပေးထားပါတယ်။

၃။ စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးခြင်းဟာ ဟော်မုန်းများရဲ့ ဟန်ချက်ညီမှုကို ပျက်ယွင်းစေပါတယ်။ စိတ်ဖိစီးမှုနဲ့ အဓိကဆက်နွယ်နေတဲ့ ဟော်မုန်းတွေကတော့ ကော်တီဆောနဲ့ အဒရီနယ်လင်ဖြစ်ပါတယ်။ ကော်တီဆောဟာ စိတ်ဖိစီးချိန်မှာ ကိုယ်ခန္ဓာအနေနဲ့ ရင်ဆိုင်နိုင်အောင် ထွက်လာပေးတဲ့ ဟော်မုန်းဖြစ်ပြီး အဒရီနယ်လင်ကတော့ ခြိမ်းခြောက်မှု အန္တရာယ်ကို တနည်းနည်းနဲ့ တုံ့ပြန်နိုင်အောင် လှုံ့ဆော်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို ရေရှည်ရင်ဆိုင်နေရရင်တော့ အဆိုပါဟော်မုန်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံလာနိုင်ပါတယ်။

တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ဂီတနားထောင်ခြင်း စတဲ့နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို ဖြေလျှော့ပြီး ကော်တီဆောပမာဏကို လျှော့ချနိုင်ပါတယ်။

၄။ အလွန်အကျွံစားခြင်း၊ မစားဘဲနေခြင်း စတဲ့အစွန်းနှစ်ဖက်ကို ရှောင်ပါ

အစားအသောက်ကို လွန်ကဲစွာစားခြင်း၊ ဒါမှမဟုတ် မစားဘဲနေခြင်းဟာ ဟော်မုန်းပြောင်းလဲမှုတွေကို ဖြစ်စေပြီး ကိုယ်အလေးချိန်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ကြုံတွေ့စေပါတယ်။ အစားအသောက်ကို လွန်ကဲစွာ စားသုံးရင် အင်ဆူလင်ပမာဏလည်း တက်လာစေပြီး အင်ဆူလင်အာနိသင်ရဲ့ ထိရောက်မှုကိုလည်း လျော့ကျစေပါတယ်။ အဝလွန်သူတွေမှာ ပိုတွေ့ရပါတယ်။

အစားအသောက်နည်းလွန်းရင်လည်း ကော်တီဆောလို့ခေါ်တဲ့ ဖိစီးမှုဟော်မုန်းကို ထွက်လာစေပါတယ်။ သုတေသနတစ်ခုမှ ဖော်ပြချက်အရ တစ်နေ့တာစားသုံးတဲ့ ကယ်လိုရီဟာ ၁၂၀၀ အောက် လျော့နည်းရင် ကော်တီဆောပမာဏ မြင့်မားတတ်ပါတယ်။

၅။ အဆီဓာတ်ပါသော ငါးများစားပါ

အဆီဓာတ်ကြွယ်ဝတဲ့ငါးဆိုတာ omega 3 ဖက်တီးအက်ဆစ်ကြွယ်ဝတဲ့ ငါးတွေကို ဆိုလိုပါတယ်။ Omega 3 မှာ ရောင်ရမ်းမှုကို ကျစေတဲ့အာနိသင်ရှိပြီး စိတ်ဖိစီးချိန်မှာထွက်တဲ့ ကော်တီဆောဟော်မုန်းနဲ့ အဒရီနယ်လင်ကို ကျဆင်းစေပါတယ်။ သုတေသနအချို့အရ Omega 3 ကို ပုံမှန်ရရှိနေသူတွေမှာ အဝလွန်ခြင်း၊ သားဥအိမ်အရည်အိတ်များတည်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုတက်ခြင်း စတာတွေကြောင့် အင်ဆူလင်အာနိသင်လျော့ကျတတ်ခြင်းကို ကာကွယ်ပေးပါတယ်။

၆။ သကြားနဲ့ အချိုဓာတ်ရှောင်ပါ

သကြား ဒါမှမဟုတ် စားကောင်းအောင် ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို တတ်နိုင်သမျှ လျှော့စားရပါမယ်။ သူတို့ဟာ အဝလွန်ခြင်း၊ ဆီးချိုနဲ့ တခြားရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ အဆိုပါအခြေအနေမှာ အင်ဆူလင်ဟော်မုန်းရဲ့ အာနိသင်မထိရောက်ဘဲ ဖြစ်တတ်ပါတယ်။

၇။ အမျှင်ဓာတ် များများစားပါ

အမျှင်ဓာတ်များတဲ့ အစားအစာများဟာ အင်ဆူလင်ထိရောက်မှုကို တိုးတက်စေပြီး ဗိုက်ပြည့်တဲ့ခံစားချက် ဖြစ်ပေါ်စေတဲ့ဟော်မုန်းကို ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ သုတေသနတွေအရ ပျော်ဝင်စေတဲ့ အမျှင်ဓာတ်များဟာ PYY ဟော်မုန်းကို မြင့်တက်စေပြီး မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များဟာ GLP1 ဟော်မုန်းကို မြင့်တက်စေပါတယ်။ နှစ်မျိုးစလုံးဟာ အဝလွန်သူတွေဆီမှာ စားချင်သောက်ချင်စိတ်ကို လျော့ကျစေလာပါတယ်။

၈။ အိပ်ရေးဝအောင် အိပ်ပါ

အာဟာရပြည့်အောင် ဘယ်လောက်ပဲစားစား၊ လေ့ကျင့်ခန်း ဘယ်လိုပဲလုပ်လုပ် အိပ်ရေးမဝရင်လည်း ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ အိပ်ရေးမဝရင် အင်ဆူလင်၊ ကော်တီဆော၊ လက်ပ်တင်၊ ဂရီလင်နဲ့ ကြီးထွားမှုဟော်မုန်း စတဲ့ဟော်မုန်းတွေကို ဟန်ချက်မညီ ဖြစ်လာစေပါတယ်။

ဥပမာ လူတယောက်ဟာ တညကိုငါးနာရီနှုန်းနဲ့ပဲ အိပ်စက်ပြီး တပတ်လောက် အိပ်ရေးပျက်လာတဲ့အခါ အင်ဆူလင်အာနိသင် ထိရောက်မှုနှုန်းဟာ ၂၀ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

ဟော်မုန်းတွေကို အကောင်းဆုံးအနေအထားမှာ ရှိစေချင်ရင် တညကို ၇နာရီခန့် နှစ်ခြိုက်စွာ အိပ်စက်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘာကြောင့် လေပွနေရတာလဲ။

လေပွတာက ကြီးကျယ်တဲ့ ပြဿနာမဟုတ်ပေမယ့် ခံစားရတဲ့ ဝေဒနာကတော့ ပြင်းထန်ပါတယ်။ သာမန် ဗိုက်ကယ်ရုံမဟုတ်ဘဲဆူးအောင့်နေတာကြောင့် နေ့စဉ်အလုပ်တွေကိုပါ ထိခိုက်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့

အစားလျှော့ပြီး ဝိတ်ချတယ်ဆိုတာကို ကိုယ့်ကိုယ်ကို နှိပ်စက်နေတာများလား? သင့်တော်တဲ့ အစားအစာတွေကို မစားသောက်ပဲ တားဆီးနေတာဟာ ကျန်းမာရေးနဲ့ ညီညွတ်မှာမဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဝမ်းလျှောတဲ့အခါ သတိထားလိုက်နာရမယ့် အချက်တွေကို လွဲမှားစွာ သိရှိပြီး လိုက်လံကျင့်သုံးမိရင် အသက်အန္တရာယ်အထိ ရှိလာနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

သရက်သီးကအနံ့၊အရသာ၊ အရောင်အဆင်း အားလုံးနဲ့ပြည့်စုံတဲ့အပြင် သရက်သီးစားသုံးခြင်းကနေရနိုင်မယ့် ကျန်းမာရေး အတွက်ကောင်းကျိုးတွေက ဘာတွေများလဲ။

ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

အသားအရေကို ဂရုစိုက်ပါ။

အသားအရေကို ဂရုစိုက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read

ဆောင်းရာသီအတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဆိုးကြီး ပြီးဆုံးသွားပြီလား

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read