အရင်ကကိုယ်လက်လှုပ်ရှားမှု မလုပ်ခဲ့ဘူးဆိုရင်တောင်မှာ အခုချိန်မှာ လှုပ်လှုပ်ရှားရှားလေးနေဖို့ပြောပါရစေ။ ဆီးချိုထိန်းဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့က မဖြစ်မနေနေအပ်တာပါ။ မနက်ခင်းမှာ လမ်းလျှောက်တာဖြစ်ဖြစ်၊ စက်ဘီးစီးတာမျိုးဖြစ်ဖြစ် သက်သောင့်သက်သာလုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေကို တစ်နေ့ကို ၁၅ မိနစ်လောက်လုပ်ပေးပါ။ ခန္ဓာကိုယ်ကျန်းမာစေပြီး သွေးတွင်းသကြားဓာတ်ကိုပါ ထိန်းညှိပြီးသားဖြစ်မှာပါ ဒီလိုလုပ်ပေးတာက နောက်ထပ်အကျိုးကျေးဇူးတစ်ရပ်အနေနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကိုပါ ကျဆင်းစေပါတယ်။
စိတ်ဖိစီးတဲ့အခါ သွေးတွင်းသကြားဓာတ်က မြင့်တက်လာတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဆီးချိုရောဂါခံစားနေရတယ်ဆိုရင် စိတ်ဖိစီးစေမယ့်အရာတွေကို တတ်နိုင်သမျှရှောင်ပါ။ယောဂကစားတာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာလိုမျိုး စိတ်တည်ငြိမ်စေမယ့် အရာတွေကိုလုပ်ပြီး စိတ်ဖိစီးမှုတွေကိုရှောင်ရှားပေးပါ။
ဆီးချိုရှိသူတွေက အခြားသူတွေထက်နှလုံးရောဂါ၊ မျက်စိရောဂါ၊ လေဖြတ်တာ၊ ကျောက်ကပ်ရောဂါနဲ့ သွေးကြောဆိုင်ရာရောဂါ၊ အာရုံကြောတွေ ထိခိုက်တာ၊ ခြေထောက်ပြဿနာတွေခံစားရနိုင်ခြေ ပိုများပါတယ်။ ဆေးလိပ်သောက်မယ်ဆိုရင် ဒီဖြစ်နိုင်ခြေတွေကို ပိုဆိုးသွားစေမျာ အသေအချာပါ။ ဒါကြောင့် ဆေးလိပ်ဖြတ်လိုက်တာက ကျန်းမာစေဖို့ အထောက်အကူပြုနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။