ဆီးကျိတ်ကင်ဆာ အကြောင်းကို မပြောခင် ဆီးကျိတ်အကြောင်းအရင်ပြောပြပါမယ်။ ဆီးကျိတ် ဆိုတာ အမျိုးသားတွေမှာပဲရှိတာပါ။ ဆီးအိမ်အောက်မှာရှိပြီး ဆီးပြွန်ကို ပတ်ထားပါတယ်။ သစ်ချသီးပုံစံရှိပါတယ်။ သုတ်ရည်ကိုထုတ်ပေးပါတယ်။ အမေရိကန်မှာရှိတဲ့စစ်တမ်းတွေအရ ဆီးကျိတ်ကင်ဆာ ဟာ အမျိုးသားတွေမှာ ဒုတိယအဖြစ်အများဆုံးကင်ဆာပါ။ အသက်၆၀ကျော်အမျိုးသားတွေမှာ ၁၄ယောက် ၁ယောက်ဒါကြောင့် သတိထားရပါမယ်။ ဘာလက္ခဏာတွေခံစားရမလဲ။ ကြိုသိနိုင်မလား။ ကုလို့ရမလားစတဲ့အချက်တွေကို သိထားရပါမယ်။