မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
သားအိမ်ကင်ဆာဆိုသည်မှာ သားအိမ်၏ အတွင်းနံရံ တွင်ဖြစ်ပွားသော ကင်ဆာ အမျိုးအစားတစ်ခု ဖြစ်သည်။ ထို အတွင်းနံရံသည် သားအိမ်နှင့် သားအိမ်ခေါင်း အတွင်းရှိ အပေါ်ယံအလွှာ ဖြစ်သည်။
သားအိမ်သည် ဆီးအိမ်နှင့် အူမကြီး အနှောင်းပိုင်းကြားတွင်ရှိသည်။ သားအိမ်ခေါင်းနှင့် သားအိမ်ဟူ၍ ပါဝင်သည်။ သားအိမ်ခေါင်းသည် မွေးလမ်း ကြောင်းနှင့် ဆက်စပ်နေပြီး သားအိမ်ကိုယ်ထည်သည် သား ဥပြွန်နှင့် ဆက်ထားပါသည်။
ကင်ဆာသည် သားအိမ် တစ်ရှူးအလွှာများတွင် ဖြစ်ပွားနိုင်သည်။ ကင်ဆာသည် သားအိမ်၏ တွယ်ဆက်မှု ကြွက်သားများတွင် ဖြစ်ပွား ပါသည်။
လက်ရှိတွင် သားအိမ်ကင်ဆာ ဖြစ်ပွားမှု အရေအတွက် သည်မြင့်တက်နေပါသည်။ သားအိမ်ကင်ဆာအများစုသည် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။ သိပ္ပံ ပညာရှင်များက အဝလွန်သောသူများသည်လည်း သားအိမ် ကင်ဆာ ဖြစ်နိုင်ချေမြင့်သည်ဟု ဆိုပါသည်။
ရောဂါလက္ခဏာများ ရှိနိုင်သလို မရှိဘဲလည်း ဖြစ်နိုင် သည်။ တစ်ခါတစ်ရံ ရောဂါလက္ခဏာများသည် အခြား မတူ ညီသော ရောဂါများကြောင့် ဖြစ်နိုင်သည်။ ဆရာဝန် ကို သေချာသွားရောက်ပြသသင့်သည်။
အစောပိုင်းဖြစ်သော ရောဂါလက္ခဏာများမှာ-
• သွေးထွက်ခြင်း၊ အထူးသဖြင့် လိင်ဆက်ဆံအပြီး သို့မဟုတ် သွေးဆုံးအပြီးတွင် ဖြစ်သည်
• မကြာခဏ ဝမ်းဗိုက်နာခြင်း
• မိန်းမကိုယ်မှ အချွဲအကျိများ သို့မဟုတ် သွေးထွက်ခြင်း
• သားအိမ် ကြီးလာခြင်း
ထိုလက္ခဏာများသည် များသောအားဖြင့် ကင်ဆာသည် အခြားကိုယ်အင်္ဂါများသို့ ပျံ့နှံ့ပြီးနောက်တွင် ဖြစ်ပွားပါသည်။ အစာအိမ်နာခြင်း၊ ရင်ဘတ်နာခြင်း၊ ကိုယ်အလေးချိန်ကျခြင်း တို့လည်း ဖြစ်နိုင်သည်။
အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
အောက်ပါတို့မှ တစ်ခုခုဖြစ်ပါက ဆရာဝန်အား ဆက် သွယ် အကြောင်းကြားသင့်သည်။
• မွေးလမ်းကြောင်းမှ ထွက်သော အချွဲအကျိ၏ အနံ့၊ ပမာဏ၊ အရောင်တွင် မူမမှန်မှုများ ခံစားရခြင်း
• စိတ်ခံစားမှုပိုင်းဆိုင်ရာ ထောက်ပံ့မှု ရရှိရန်အတွက်
• ကုသမှု၏ ဘေးထွက်ဆိုးကျိုးများ၊ ရောဂါပိုးကူးစက် မှု၏ လက္ခဏာများ ရှိခြင်း (အဖျားတက်ခြင်း၊ ကြွက်သားနာခြင်း၊ ခေါင်းကိုက်ခြင်း) သို့မဟုတ် ရှင်းမပြနိုင်သော ရောဂါလက္ခဏာအသစ်များ ရှိခြင်း
သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ် တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေး ခြင်းသည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။
သိပ္ပံပညာရှင်များသည် ဖြစ်ပွားစေသော အကြောင်းရင်း ကို မသတ်မှတ်နိုင်သေးပါ။ သားအိမ် အတွင်းနံရံ ဆဲလ်များ တွင် ပြောင်းလဲခြင်း ဖြစ်သည်ဟုသာ သိရှိရသည်။ မျိုးဗီဇ ပြောင်းလဲခြင်းသည် ပုံမှန်ကျန်းမာသော ဆဲလ်များကို ပုံမ မှန်သော ဆဲလ်များအဖြစ် ပြောင်းလဲစေသည်။
ကျန်းမာ သော ဆဲလ်များသည် ပုံမှန်နှုန်းဖြင့် ကြီးထွား ကွဲပွားပြီး အတည်တကျရှိသော အချိန်တစ်ခုတွင် တဖြည်းဖြည်း သေ ဆုံးပါသည်။ ပုံမှန်မဟုတ်သော ဆဲလ်များသည် ထိန်းချုပ်မှု ကိုလွန်၍ ကြီးထွား ကွဲပွားပြီး အချိန်အတွင်း မသေဆုံးပါ။ စု ပုံလာခြင်းသည် အကျိတ်ကို ဖြစ်စေသည်။ ကင်ဆာဆဲလ် များသည် အနီးနားရှိ တစ်ရှူးများအား ဝင်ရောက်ပြီး ခန္ဓါ ကိုယ်အနှံ့ ပျံ့နှံ့နိုင်သည်။
သားအိမ်ကင်ဆာဖြစ်နိုင်ချေကို မြင့်စေသော အချက်များ စွာ ရှိပါသည်။
ဥပမာ-
• အမျိုးသမီး ဟော်မုန်းမျှခြေ ပြောင်းလဲခြင်း။
မမျိုးဥအိမ်သည် အဓိက မဟော်မုန်း နှစ်မျိုးကို ထုတ်လုပ် သည်။ အီစထရိုဂျင် (oestrogen) နှင့် ပရိုဂျက်စတုန်း (progesterone) ဖြစ်သည်။ ထိုဟော်မုန်းများ တက်လိုက်ကျလိုက် ပြောင်းလဲမှု သည် အပေါ်ယံအလွှာ ပြောင်းလဲမှုကို ဖြစ်စေ သည်။ ရောဂါကြောင့် အီစထရိုဂျင် ပမာဏ များနိုင် သည်။ သို့သော် ပရိုဂျက်စတုန်း ကိုမများစေပါ။ ၎င်းသည် သားအိမ်ကင်ဆာဖြစ်နိုင်ချေကို မြင့်စေ သည်။
ဥပမာ မမျိုးဥအိမ်တွင် အရည်အိတ်များစွာတည်သောရောဂါ (polycystic ovary syndrome) ရောဂါသည် အမျိုးသမီးများတွင် မမျိုးဥကြွေမှု ပုံမမှန်ဖြစ်ခြင်း၊ အဝလွန်ခြင်း၊ ဆီးချို သွေးချို။ သွေးဆုံးအပြီး အီစထရိုဂျင် ဟော်မုန်းပါ၍ ပရိုဂျက်စတုန်း မပါသော ဆေးများ သောက် ခြင်းသည်လည်း ရောဂါဖြစ်နိုင်ချေကို မြင့်စေသည်။
• ရာသီလာသောနှစ်များ ကြာရှည်ခြင်း။
ပထမ အကြိမ် ရာသီလာခြင်းသည် အသက် ၁၂နှစ်မတိုင်ခင် စောစီးစွာ ဖြစ်ခြင်း သို့မဟုတ် သွေးဆုံးချိန် နောက်ကျ ခြင်းသည် ရောဂါဖြစ်နိုင်ချေကို မြင့်စေသည်။ အီစထရိုဂျင် နှင့် ထိတွေ့ချိန်ကြာခြင်းကြောင့် ဖြစ်ပါသည်။
• ကိုယ်ဝန်မဆောင်ဖူးခြင်း
• အသက်ကြီးသောလူများ
• အဝလွန်ခြင်း။
အဝလွန်ခြင်းသည် ခန္ဓါကိုယ်၏ ဟော်မုန်း မျှခြေကို ပြောင်းလဲစေသည်။
• ဟော်မုန်းကုထုံးဖြင့် ရင်သားကင်ဆာကို ကုသခြင်း (tamoxifen)
Hereditary Non-Polyposis Colorectal Cancer (HPNCC) ဖြစ်ဖူးခြင်း (မျိုးရိုးလိုက်သော အူမကြီးနှင့် အစာဟောင်းအိမ် ကင်ဆာ)
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်း၊ ခန္ဓါကိုယ် စစ် ဆေးခြင်း နှင့် သားအိမ်နံရံမှ တစ်ရှုးစယူကာ စစ်ဆေးခြင်း ဖြင့် ရောဂါအဖြေရှာ အတည်ပြုနိုင်သည်။ တစ်ရှူးစယူသော နည်းတွင် ဆရာဝန်သည် သားအိမ်မှတစ်ရှူး နမူနာကိုယူ ကာ ကင်ဆာဖြစ်နိုင်မှု ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။
ဆရာ ဝန်သည် အကျိတ်ကြီးထွားမှုကို သတ်မှတ်ရန် ပေါ်လာသော ရောဂါ လက္ခဏာများ ကို မေးမြန်းပါလိမ့်မည်။
သားအိမ်ကင်ဆာသည် ဆီးအိမ်၊ အူမကြီး အနှောင်းပိုင်း နှင့် အခြားအင်္ဂါများကို ပျံ့နှံ့နိုင်ပါသည်။ ဆရာဝန်သည် ကင်ဆာ အဆင့်ခွဲခြင်းအတွက် အခြားစစ်ဆေးမှုများကို လုပ် ဆောင်ပါမည်။
သားခေါင်းအမြှေးပါးစစ်ခြင်း ၊ ကွန်ပျူတာ ဓါတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓါတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်း နှင့် သားအိမ်ခြစ်၍ စစ်ခြင်း စသည့် စစ်ဆေးမှု များပြုလုပ်ပါသည်။
ကုသမှုသည် ကင်ဆာ အဆင့်ပေါ်တွင် မူတည်ပါသည်။ ကင်ဆာ အဆင့်ပေါ်မူတည်၍ ဆရာဝန်သည် သားအိမ် သို့ မဟုတ် မမျိုးဥအိမ်တစ်ခုလုံး နှင့် သားဥပြွန်ရှိ အကျိတ်ကို ခွဲ ထုတ်၍ ဖယ်ရှားသည်။ ကင်ဆာသည် ပျံ့နှံ့ စပြုနေသော်လည်း အရမ်း မပျံ့နှံ့သေးပါက ဆရာဝန်သည် ကင်ဆာ ပျံ့ပွားနိုင်မှု ကို ကာကွယ်ရန် အနီးနားရှိ တစ်ရှူး သို့မဟုတ် ပြန်ရည်ဖုများ (lymph node) ကို ဖယ်ရှားရန် ပြောပါမည်။
ထို့နောက် ဓါတ်ရောင်ခြည်ကုထုံး၊ ဟော်မုန်းကုထုံး၊ ကော်တီဆုန်း နှင့် ဓါတုကုထုံးဖြင့် ကျန်ရှိသော ကင်ဆာ အကျိတ်ကို ကျုံ့စေရန်နှင့် ကင်ဆာပျံ့ပွားမှုကို ကာကွယ်ရန် အသုံးပြုသင့်သည်။ ကင်ဆာအထူးကု ဆရာဝန်ဖြင့် ကုသမှု ခံယူသင့်ပါသည်။
ကင်ဆာကုသမှုသည် ဓါတုကုထုံးရှိ ဓါတုပစ္စည်းများ ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေသည်။ အသုံး ပြုသော ဆေးနှင့် ဓါတုပစ္စည်းအပေါ် မူတည်၍ ဘေးထွက် ဆိုးကျိုးများသည် ကွဲပြားခြားနားပါသည်။ ထိုအချိန်အတွင်း ဆရာဝန်သည် သင့်အား မျှဝေဆွေးနွေးသော အဖွဲ့များ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ ထောက်ပံ့မှုများတွင် ပါဝင်ရန် တိုက် တွန်းပါမည်။
ကင်ဆာကုထုံးများသည် နှစ်လိုဖွယ်မကောင်းသော ဘေးထွက်ဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်အသွင်အ ပြင် ပြောင်းလဲမှုများကြောင့် မောပန်းနွမ်းနယ်ခြင်းတို့ ခံစား ရသည်။ သို့သော် ကုသနေစဉ်ကာလအတွင်းတွင်ပင် သင် သည် ပုံမှန် တက်ကြွသောဘဝကို ရနိုင်ပါသေးသည်။
သင်ခံစားနေရသည်များကို ဆွေမျိုးများ၊ သူငယ်ချင်းများ နှင့် မျှဝေသင့်သည်။ ၎င်းသည် သင်၏ ကုသမှုကာလ အတွင်း အရေးကြီးသော အခန်းကဏ္ဍဖြစ်သည်။
အောက်ပါတို့ပြုလုပ်ခြင်းဖြင့် သားအိမ်ကင်ဆာကို ထိန်း ချုပ်နိုင်ပါသည်။
• ကင်ဆာကုသမှု အတွေ့အကြုံရှိသော ခွဲစိတ်ဆရာ ဝန် နှင့် ကင်ဆာ အထူးကု ဆရာဝန် ကို ရှာပါ။
• ဘေးထွက်ဆိုးကျိုးများနှင့် ကင်ဆာပြန်ဖြစ်မှုကို စစ် ဆေးရန် ကုသမှု အပြီးနှင့်ကုသနေစဉ် အတွင်း ဆရာ ဝန်နှင့် ပြန်လည်တွေ့ဆုံမှုများ ပြုလုပ်ပါ။
• ခွဲစိတ်မှုအပြီး ၄-၈ပတ်တွင် ပုံမှန်လုပ်ငန်းများ၊ လိင်ဆက်ဆံခြင်းများ ပြန်လည် လုပ်နိုင်သည်။
• သွေးဆုံးနေပါက ခွဲစိတ်မှုအပြီးတွင် တစ်ဖန် ရာသီ လာခြင်း မရှိနိုင်ပါ။
• မမျိုးဥအိမ်များကို ခွဲစိတ်မှုအတွင်း ဖယ်ရှားခဲ့ပါက သွေးဆုံးလက္ခဏာများ ခံစား ရနိုင်သည်။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။