အစာရေမျိုပြွန် ဆိုတာ ပိုက်ခေါင်းလေးနဲ့ တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပေးတဲ့ ပိုက်ခေါင်းလေးပေါ့။ ပါးစပ်က စားသမျှက ဒီပြွန်လေးကို ဖြတ်ပြီး အစာအိမ်ထဲကို ရောက်သွားတာပါ။ ရှည်လွန်းလို့ အပိုင်းသုံးပိုင်းတောင် ခွဲထားရတဲ့ ဒီအစာရေမျိုပြွန်လေးဟာ လူတွေ စားသောက်သမျှ အစားအစာတွေရဲ့ ဒဏ်ကို ခံရတာပါ။