- လည်ချောင်းတွင်းသို့ မှန်ပြောင်းထည့်ပြီး စစ်ဆေးခြင်း
ပါးလွှာပြီး သေးငယ်သည့် မှန်ပြောင်းကို ပါးစပ်သို့မဟုတ် နှာခေါင်းမှ တဆင့် အဆုတ်ထဲရှိ လေပြွန်ငယ်လေးများအတွင်းသိုကထဲ့ကာ ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ ထိုမှတဆင့် အသားယူပြီးလည်းစစ်ကြည့်နိုင်သည်။
သလိပ်နှင့် ချွဲများကို ဓါတ်ခွဲခန်းသို့ပို့ပြီး ကင်ဆာဆဲလ်များရှိမရှိ စစ်နိုင်သည်။
- အဆုတ်ရှိ အသားစကို စစ်ဆေးခြင်း
ပုံရိပ်စစ်ဆေးမှုများမှတဆင့် အဆုတ်တွင်းရှိ အကြိတ်များကို မြင်နိုင်သော်လည်း ကင်ဆာကြိတ်ဟုတ်မဟုတ်မသိနိုင်ပါ။ ထိုအခါ သင့်ဆရာဝန်က အဆုတ်တွင်းရှိအသားစကိုယူကာ ကင်ဆာဆဲလ်များရှိမရှိသိရန် အသားစကို ရောဂါဗေဒဆရာဝန်ထံ ပို့လိမ့်မည်။
အဆုတ်အသားစယူသည့် နည်းများစွာရှိပါသည်။
- အဆုတ်ဖုံးမြှေး ၂လွှာကြားဖောက်ခြင်း
အပ်ရှည်ဖြင့် အဆုတ်ဖုံးမြှေး ၂လွှာကြားရှိ အရည်ကို ဖောက်၍်စစ်ဆေးခြင်းဖြစ်သည်။
သေးငယ်သော အပ်ဖြင့် အဆုတ်နှင့် ပြန်ရည်ကြောဖုမှ အသားစယူခြင်းဖြစ်သည်။
- ရင်ခေါင်းတွင်းမှန်ပြောင်းကြည့်ခြင်း
သင့်ရင်ဘတ်နှင့် ကျောတွင် အနည်းငယ်ခွဲစိတ်လှီးဖြတ်ပြီး အဆုတ်တစ်သျူးများကို မှန်ပြောင်းဖြင့်ယူပြီး စစ်ဆေးခြင်းဖြစ်သည်။
- ရင်ခေါင်းအလယ်ကိုမှန်ပြောင်းကြည့်ခြင်း
သင့်နံရိုးပေါ်တွင် အနည်းငယ်ခွဲစိတ်လှီးဖြတ်ပြီး အဆုတ်တစ်သျူးများနှင့်ပြန်ရည်ကြောဖုများကို မှန်ပြောင်းဖြင့်ယူပြီး စစ်ဆေးခြင်းဖြစ်သည်။
ရင်ခေါင်းကို ခွဲစိတ်ပြီး အဆုတ်တစ်သျူးများနှင့်ပြန်ရည်ကြောဖုများကို ယူပြီးစစ်ဆေးခြင်းဖြစ်သည်။
- အဆုတ်ပြွန်ငယ်များအတွင်းသို့ အသံလှိုင်းဓါတ်မှန်ရိုက်ခြင်း
အဆုတ်ပြွန်ငယ်များအတွင်းသို့ကြည့်သော မှန်ပြောင်းမှတဆင့် အသံလှိုင်းကို အသုံးပြုကာ အကြိတ်များကို ပုံဖော်ခြင်းဖြစ်သည်။ ထိုမှတဆင့် အသားစလည်းယူနိုင်သည်။
အဆုတ်ကင်ဆာပြန့်နှံ့မှုကို စစ်ဆေးခြင်း
အဆုတ်ကင်ဆာသည် မည်သည့် နေရာများသို့ ပြန့်နှံ့နေသည်ကို သိရှိရန် အောက်ပါနည်းလမ်းများဖြင့်စစ်ဆေးနိုင်ပါသည်။
- သံလိုက်ဓါတ်မှန်ရိုက်ခြင်း
ထိုနည်းသည် ဓါတ်ရောင်ခြည်ကို မသုံးဘဲ သံလိုက်စက်ကွင်းဖြင့် ပုံရိပ်များကို ဖမ်းယူခြင်းဖြစ်သည်။ ဦးနှောက်နှင့် ပင်မကျောရိုးကို ပြန့်သွားသည်ဟု သံသယရှိသော လူနာများတွင်ထိုနည်းကို အသုံးပြု၍စစ်ဆေးသည်။
- ပိုစီထရွန်ဓါတ်မှန်ရိုက်ခြင်း
ထိုနည်းသည် သကြားဓါတ်ပါဝင်သော ရေဒီယိုသတ္တိကြွ ပစ္စည်းတမျိုးကို သင့်ခန္ဓါကိုယ်တွင်းသို့ထုတ်လွှတ်ပြီးစစ်ဆေးခြင်းဖြစ်သည်။ ကင်ဆာဆဲလ်များသည် ထိုသကြားဓါတ်ကို စုပ်ယူသောနေရာများတွင် 3D ပုံရိပ်ဖြင့် ပုံဖော်ပေးသည်။
ထိုနည်းသည် သွေးပြန်ကြောထဲသို့ ရေဒီယိုသတ္တိကြွ ပစ္စည်းတမျိုးကိုထိုးသွင်းခြင်းဖြင့် အဆိုပါ ရေဒီယိုသတ္တိကြွ ပစ္စည်းတမျိုးသည် ကင်ဆာပြန့်နေသော အရိုးနေရာတွင် စုပုံနေလိမ့်မည်။ အရိုးကို ပြန့်သွားသည်ဟု သံသယရှိသော လူနာများတွင်ထိုနည်းကို အသုံးပြု၍စစ်ဆေးသည်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။