အဓိပ္ပါယ်ဖွင့်ဆိုချက်
Alpers Disease (အယ်လ်ပါးရောဂါ) ကဘာလဲ။
အယ်လ်ပါးရောဂါဆိုတာ မိုက်တိုကွန်ဒရိယ ရောဂါတခုဖြစ်ပြီး ဦးနှောက်နဲ့ အသည်းကို ထိခိုက်ပါတယ်။ မိုက်တိုကွန်ဒရိယဟာ ဆဲလ်တွေထဲမှာ စွမ်းအင်ရုံတွေအနေနဲ့ လုပ်ဆောင်ပေးပါတယ်။ ဆဲလ်တွေဟာ စွမ်းအင်မရရင် အလုပ်ကောင်းစွာ မလုပ်နိုင်ပါဘူး။ အယ်လ်ပါးရောဂါမှာဆိုရင်လည်း အတက်ရောဂါကို ဆိုးရွားစွာ ခံစား၇ပြီး ဖွံ့ဖြိုးမှုနောက်ကျကာ အသည်းလည်းပျက်စီးနိုင်ပါတယ်။