အဓိပ္ပါယ်ဖွင့်ဆိုချက်
Acute Myeloid Leukemia (ရိုးတွင်းခြင်ဆီမှ စတင်ဖြစ်သောသွေးကင်ဆာ) ကဘာလဲ။
Acute Myeloid leukemia (AML) ဆိုသည်မှာ အချို့ အရိုးများ၏ အတွင်းပိုင်းသည် ပုံမှန်မဟုတ်သော myeloblasts (သွေးဖြူဥ အမျိုးအစား တစ်မျိုး)၊ သွေးနီဥဆဲလ်များ၊ သွေးဥ မွှာများကို ဖြစ်စေသော ကင်ဆာ အမျိုးအစား တစ်ခု ဖြစ် သည်။
သို့သော်လည်း အများစုတွင် ရောဂါသည် သွေးထဲတွင် လျင်မြန်စွာ ပျံ့နှံ့သည်။ တစ်ခါတစ်ရံ ပြန်ရည်ကြောအဖုများ၊ အသည်း၊ သရက်ရွက် နှင့် အဓိက အာရုံကြောစနစ် (ဦးနှောက် နှင့် ကျောရိုးနာဗ်ကြိုး) စသော ခန္ဓါကိုယ်အနှံ့သို့ ပျံ့နှံ့သည်။
အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။
လက္ခဏာများ
Acute Myeloid Leukemia (ရိုးတွင်းခြင်ဆီမှ စတင်ဖြစ်သောသွေးကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ
ရိုးတွင်းခြင်ဆီမှစတင်ဖြစ်ပွားသော သွေးကင်ဆာ ဆဲလ် များ၏ သက်ရောက်မှုကြောင့် ပုံမှန် သွေးဆဲလ်များ လုံလောက်စွာ မထုတ်လုပ်နိုင်တော့ပါ။
Acute myeloid leukemia ၏ အဖြစ်များသော ရောဂါ လက္ခဏာများမှာ
- လူနာသည် အလွန်ဖျော့တော့နေပြီး ပင်ပန်းနွမ်းနယ် နေမည်။ အသက်ရှူ မြန်နေနိုင်သည်။ ၎င်းသည် သွေး နီဥဆဲလ်များ ချို့တဲ့ခြင်းကြောင့် ဖြစ်သည်။
- လူနာသည် သွေးဖြူဥဆဲလ်များ ချို့တဲ့ခြင်းကြောင့် ရောဂါပိုးကူးစက်မှုများ တစ်ခုပြီးတစ်ခု ဖြစ်နေမည်။
- သွေးဥမွှာများ အလွန်နည်းသောကြောင့် ပုံမှန်မဟုတ် ဘဲ သွေးထွက်ခြင်း၊ အညိုမဲစွဲလွယ်ခြင်း၊ အမျိုးသမီး များ ရာသီလာစဉ် သွေးများစွာထွက်ခြင်း၊ သွားဖုံးမှ သွေးထွက်ခြင်း၊ ဆက်တိုက် နှာခေါင်းသွေးထွက်ခြင်း တို့ ဖြစ်နိုင်သည်။
- လူနာ၏ အရေပြားတွင် အဖုအပိမ့်များထွက်ခြင်း၊ သွေး အစက်များ ဖြစ်နိုင်သည်။
- ယေဘုယျအားဖြင့် လူနာသည် မကျန်းမာသလို ခံစား ရသည်။ လည်ချောင်းနာခြင်း၊ ပါးစပ်နာခြင်း ဖြစ်နိုင် သည်။
- အဖျားတက်ခြင်း၊ ညဘက်ချွေးအလွန်ထွက်ခြင်း ဖြစ် နိုင်သည်။
အချို့အဖြစ်နည်းသော ရောဂါလက္ခဏာများလည်း ဖြစ်နိုင် သည်။ အရိုးအဆစ်များ နာကျင်ခြင်း ဖြစ်နိုင်သည်။ ထို့အပြင် ဖျော့တော့သော အရေပြားတွင် ခရမ်းပြာရောင် ဖောင်းကြွ သော အကွက်များလည်း ဖြစ်နိုင်သည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။