backup og meta

ခွဲစိတ်ကုသမှုမခံယူခင် ကြိုသိထားသင့်တဲ့အချက်တချို့


Yun Sandi Nan Mon မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခွဲစိတ်ကုသမှုမခံယူခင် ကြိုသိထားသင့်တဲ့အချက်တချို့

    ခွဲစိတ်ကုသမှုခံယူတယ်ဆိုတာ ဆရာဝန်တွေရဲ့ပညာ၊ စေတနာ၊ ခွန်အားစိုက်ထုတ်မှုနဲ့ လူနာတွေရဲ့အသက်နဲ့ရင်းရတဲ့ အရေးကြီးတဲ့ အခိုက်အတန့် တစ်ခုပါ။ မရေမရာဖြစ်နေတာတွေ၊ ဗဟုသုတမရှိတာတွေ၊ ပွင့်ပွင့်လင်းလင်းသိရှိထားစရာတွေကို မသိသေးတာတွေကြောင့် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချဖို့ အခက်ကြုံရတတ်ပါတယ်။

    ဒါ့ကြောင့် ခွဲစိတ်ကုသရတော့မယ်လို့ စဉ်းစားလာရတဲ့အခါ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ပြင်ပလူနာအကြံပေး တွေနဲ့ စကားပြောဆို တိုင်ပင်ရချိန်မှာ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တချို့ကို အကြံပြုဖော်ပြလိုက်ပါတယ်။

     ခွဲစိတ်ဖို့က မဖြစ်မနေလိုအပ်သလား

    တချို့ဆရာဝန်တွေက ခွဲစိတ်ကုသဖို့ကို ပိုပြီးအားသာနေတတ်ပြီး တခါတရံမှာ ဘယ်နည်းလမ်းက အကောင်းဆုးကုသနည်း ဖြစ်မလဲဆိုတဲ့အပေါ် သဘောကွဲလွဲမှုတွေရှိတတ်ပါတယ်။ တကယ်လို့ ကိုယ်က အရေးပေါ်ခွဲစိတ်ဖို့ လိုအပ်နေတဲ့အခြေအနေမျိုးမဟုတ်ခဲ့ရင် တခြားဆေးရုံ၊ဆေးခန်းမှ ဆရာဝန်တစ်ဦးဦးဆီက ပေးလာတဲ့ ဒုတိယနည်းလမ်းကို စဉ်းစားကြည့်ပါ။ မဖြစ်မနေ ခွဲစိတ်ကုသမှုခံယူရမှာလားဆိုတာကို ဆန်းစစ်နိုင်ဖို့ ဆရာဝန်နှစ်ဦးစလုံးကို သေချာမေးမြန်းကြည့်ပါ။ ဥပမာ –

  • မခွဲစိတ်ဘူးဆိုရင် ဘာအကျိုးဆက်တွေဖြစ်လာနိုင်လဲ
  • တခြားရွေးချယ်စရာနည်းလမ်းတွေနဲ့ အရင်ကုသကြည့်ရင်ရောဖြစ်နိုင်မလား
  • ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်ခြေရှိတဲ့အန္တရာယ်တွေက ဘာတွေလဲ
  • ခန့်မှန်းခြေ ကုန်ကျစရိတ် စတာတွေ သိထားသင့်ပါတယ်။ ကိုယ့်ဘာသာ လေ့လာထားရင်လည်း ဖြစ်ပါတယ်။
  • ဆရာဝန်ရွေးချယ်မှုမှန်ကန်ဖို့

    ကိုယ်ပြနေတဲ့ဆရာဝန်က ကိုယ့်ရောဂါအတွက် ကိုက်ညီသင့်တော်တဲ့ကျွမ်းကျင်ဆရာဝန်ဖြစ်နေရဲ့လားဆိုတာကို ကိုယ့်အသိနဲ့ ဆုံးဖြတ်ဖို့မလွယ်ပါဘူး။ ဆေးပညာနဲ့နီးစပ်တဲ့ အသိမိတ်ဆွေရှိခဲ့ရင် သူတို့တွေဆီက အကြံပြုချက်တွေကို နားထောင်ကြည့်တာကောင်းပါတယ်။

    ကိုယ့်ကိုခွဲစိတ်မယ့်ဆရာဝန်ရဲ့လုပ်သက်၊ ခွဲစိတ်ကုသမှုဘယ်နှကြိမ်လုပ်ဆောင်ပေးဖူးလဲ၊ လူနာတွေရဲ့ရလဒ်က ဘယ်လိုတွေရှိခဲ့လဲ ဆိုတာကို သိထားသင့်ပါတယ်။

    ကိုယ်ပြနေတဲ့ဆရာဝန်က ခွဲစိတ်မှုမှာ ပါဝင်ခွဲစိတ်မယ့်သူ ဟုတ်မဟုတ်

    တချို့ကိစ္စတွေမှာ ခွဲခန်းတွေအများကြီးမှာ တပြိုင်နက်တည်း ခွဲစိတ်ကုသပေးကြတာတွေရှိပါတယ်။ တချို့ဆရာဝန်ကြီးတွေက ဆေးရုံမှာ လူနာကြည့်ရတာမျိုး၊ တခြားခွဲခန်းဝင်ဖို့ရှိတာမျိုး အကြောင်းကြောင်းကြောင့် အလုပ်မအားလပ်တဲ့အခါ ခွဲစိတ်မှု တစ်စိတ်တစ်ပိုင်းမှာ တခြားဆရာဝန်တစ်ဦးကို ပူးတွဲတာဝန်ပေးတာမျိုးရှိတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ဆရာဝန်က ကိုယ်တိုင်ခွဲစိတ်ပေးမှာလားဆိုတာ သေချာအောင်မေးထားသင့်ပါတယ်။

    ခွဲစိတ်ကုသမှုခံယူတဲ့အခါ ကိုယ်တစ်ယောက်တည်း မသွားပါနဲ့

    ကုသမှုခံယူရတဲ့အခါ၊ ခွဲစိတ်ပြီးတဲ့အခါ ကိုယ့်ဘေးမှာတစ်ယောက်ယောက်က ကူညီပေးနေဖို့ လိုပါတယ်။ ဆရာဝန်က လာကြည့်တဲ့အခါ စိတ်လှုပ်ရှားပူပန်မှု၊ မရေရာမှုတွေကြောင့် ကိုယ်မေးချင်တာမေးဖို့ မေ့သွားတာ မျိုး ဖြစ်တတ်ပါတယ်။

    ဒါ့ကြောင့် ကိုယ့်အတွက် မေးစရာရှိတာဝင်မေးပေး၊ ဆရာဝန်ညွှန်ကြားချက်တွေကို ကူမှတ်ထားပေးပြီး ရေးမှတ်ထားပေးတာမျိုး လုပ်ပေးမယ့်လူရှိသင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement