backup og meta

ဆီးချို နဲ့ သံပရိုသီး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချို နဲ့ သံပရိုသီး

    သံပရိုသီး မွှေးမွှေးလေးက အမူးအမော်ပြေစေရုံ အသားအရေကောင်းစေရုံ ကိုယ်ခံအားမြှင့်ပေးရုံတင်အသုံးဝင်တာလား။ ဒီခေတ်မှာ လူတော်တေ်ာများများခံစားနေရတဲ့ ဆီးချိုရောဂါအတွက်ရော အသုံးမဝင်ဘူးလားလို့များ သိချင်နေသူတွေရှိလား။ ဒါဆိုရင်တော့ သံပရိုသီးလေးက ဆီးချိုရှိသူတွေအတွက် ဘယ်လိုအထောက်အကူပြုတယ်ဆိုတာကို ပြောပြပေးပါရစေနော်။

    သံပရိုသီးမှာ ဘယ်အာဟာရဓာတ်တွေပါဝင်နေလဲ…….

    သံပရိုသီးမှာ

    အမျှင်ဓာတ်

    ဗီတာမင် C

    • ပိုတက်ဆီယမ်

    • ဖောလိတ်

    ကယ်လ်ဆီယမ်တို့ပါဝင်နေပါတယ်။

    သံပရိုသီးမှာပါတဲ့ အာဟာရဓာတ်တွေနဲ့ သူတို့ရဲ့ အကျိုးပြုပုံတွေကရော ဘာတွေများလဲ…..

    သံပရိုသီးမှာပါတဲ့ အမျှင်ဓာတ်နဲ့ဗီတာမင် C၊ ပိုတက်ဆီယမ်တို့က ဆီးချိုရောဂါရခံစားနေရသူတွေမှာ နှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C ကသွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါ သေးတယ်။ အမျှင်ဓာတ်က ဝမ်းမှန်စေပြီး အစာခြေစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

    သံပရိုသီးက ဆီးချိုရောဂါအတွက် ဘယ်လိုအထောက်အကူပြုပေးနိုင်သလဲ……..

    သံပရိုသီးက ခံတွင်းမြိန်စေရုံတင်မကဘဲ ပုံမှန်စားသုံးပေးမယ်ဆိုရင် အခုလို အကျိုးကျေးဇူးတွေကိုပါ ရရှိစေနိုင်ပါတယ်။

    သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်

    ကိုယ်တွင်းက ဗီတာမင် C ပမာဏနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေတို့ကို ဆန်းစစ်ကြည့်တဲ့အခါမှာတော့ ဗီတာမင် C စားသုံးမှုနည်းတာက ဆီးချိုရောဂါဖြစ်နိုငခြေ များစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးမှုတွေမှာ ဗီတာမင် C ပါဝင်အောင်စားသုံးသင့်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါကို ကာကွယ်ဖို့ပဲဖြစ်ဖြစ် ကုသထိန်းချုပ်ဖို့ပဲဖြစ်ဖြစ် သံပရိုသီးကို စားသုံးပေးလို့ရပါတယ်။ ကိုယ်တွင်းက ဗီတာမင် C ကိုမြှင့်တင်ဖို့ အကောင်းဆုံးသောနည်းလမ်းက သံပရိုသီး စားသုံးပေးတာကလည်း တစ်ခုအပါအဝင်ပေါ့။ ဆီးချိုရှိသူတွေတင်မဟုတ်ဘဲ ဆီးချိုကာကွယ်ချင်သူတွေပါ သံပရိုသီးကို စား သုံးပေးလို့ရပါတယ်။ သံပရိုသီးမှာ ပါဝင်နေတဲ့ အမျှင်ဓာတ်ကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ တော်တော်လေး အထောက်အကူပြုပေးပါတယ်။

    နှလုံးကျန်းမာစေနိုင်တယ်

    သံပရိုသီးအရွယ်တော်တစ်လုံးမှာ အမျှင်ဓာတ် ၂.၄ ဂရမ်အထိပါဝင်နေပြီး ဆီးချိုရောဂါရှိသူတွေမှာ ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ နှလုံးရောဂါမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝမှုက အင်ဆူလင်ထုတ်လွှတ်အောင် အကောင်းဆုံးလှုံ့ဆော်ပေးနိုင်ပြီး သွေးတွင်းကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ အမျှင်ဓာတ်က အဆာခံနိုင်စေတာကြောင့် ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

    သွေးတိုးကာကွယ်ပေးတယ်

    ပိုတက်ဆီယမ်ကြွယ်ဝမှုက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးတာကြောင့်ဖြစ်လာနိုင်တဲ့ လေဖြတ်တာနဲ့ရုတ်တရက်နှလုံးရပ်တာဖြစ်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုထဲမှာ သံပရိုသီးလေး နည်းနည်းလောက်ထည့်စားပေးပါ။

    အစာခြေစနစ်ကျန်းမာစေနိုင်တယ်

    ဆီးချိုရှိသူတွေအနေနဲ့ အစာခြေစနစ်ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ကလည်း လိုအပ်ပါတယ်။ ဆီးချိုရှိသူတွေမှာ အစာခြေစနစ်အပါအဝင် ခန္ဓာကိုယ်က အခြားစနစ်တွေပါ ထိခိုက်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အထဲမှာ စားချဉ့်ရည်ပြန်ဆန်တက်တာ၊ အစာကြေခဲတာတွေကလည်း အပါအဝင်ပါပဲ။ ဒါကြောင့် အစာခြေစနစ်ကျန်းမာပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိနိုင်စေဖို့အတွက်ဆိုရင် သံပရိုသီးစားသုံးပေးလို့ရပါတယ်။

    ဒါတွေအပြင် သံပရိုသီးက စားလိုက်တဲ့အာဟာရတွေကို အကောင်းဆုံးစုပ်ယူနိုင်စေပြီး ကိုယ်ခံအားကောင်းစေနိုင်သလို ကိုယ်တွင်းကအဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ ဆီးချိုရှိလို့ဆိုရင် ဟင်းခါးပူပူလေးထဲကို ငရုတ်ကောင်းလေးဖြူး သံပရိုရည်လေးညှစ်လို့သောက်သုံးပေးတာကလည်း ဓာတ်စာတစ်ခုပေါ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement