ရင်သားကင်ဆာလို့ ပြောလိုက်ရင် အမျိုးသမီးတွေမှာအဖြစ်များတဲ့ ကင်ဆာရောဂါတစ်မျိုးဆိုတာကို လူအတော်များများသိကြမှာဖြစ်ပါတယ်။ အမျိုးသားတွေမှာလဲ ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာကို အရင်ကတော့ လူသိနည်းခဲ့ကြပါတယ်။
ရင်သားကင်ဆာလို့ ပြောလိုက်ရင် အမျိုးသမီးတွေမှာအဖြစ်များတဲ့ ကင်ဆာရောဂါတစ်မျိုးဆိုတာကို လူအတော်များများသိကြမှာဖြစ်ပါတယ်။ အမျိုးသားတွေမှာလဲ ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာကို အရင်ကတော့ လူသိနည်းခဲ့ကြပါတယ်။
ခုချိန်မှာတော့ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာကို သိတဲ့သူတွေများလာကြပါပြီ။ ဒီလိုသိတဲ့သူတွေကလည်း ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေမှာအဖြစ်များတဲ့ ဝေဒနာတစ်မျိုးမို့ ကိုယ့်မှာဖြစ်မှာကို သိပ်စိုးရိမ်တတ်ကြပါတယ်။
တကယ်တော့ အမျိုးသားတွေမှာဖြစ်တတ်တဲ့ ရင်သားကင်ဆာရောဂါ (Men Breast Cancer) ဟာ အကြမ်းဖျဉ်းအားဖြင့် အသက် ၃၅ အောက် အမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထ သိပ်မရှိပါဘူး။ အလွန် အဖြစ်နည်းပါတယ်။ အမျိုးသားတစ်ယောက်ရဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေဟာ အသက်အရွယ်ကိုလိုက်ပြီး မြင့်တက်လာလေ့ရှိပြီးတော့ များသောအားဖြင့်က အသက် ၆၀ နဲ့ ၇၀ ကြားမှာ အဖြစ်ပါတယ်။
လက်ရှိအချိန်အထိ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကို တိတိကျကျ ရှာဖွေဖော်ထုတ်နိုင်သေးခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဖြစ်စေဖို့ တွန်းအားဖြစ်စေတဲ့ အချက်တွေကိုတော့ သိရှိထားနိုင်ပါတယ်။
အမျိုးသားတွေရဲ့ ရင်သားကင်ဆာ ဖြစ်ခြင်း အကြောင်းရင်းဟာ သေချာမှု မရှိပဲ ဖြစ်နှုန်းမြင့်စေတဲ့ အချက်တွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။
အမျိုးသားတွေ ရင်သားကင်ဆာဖြစ်ပြီဆိုရင် စိုးရိမ်စရာကောင်းတတ်ပါတယ်။ ပျောက်ကင်းဖို့လည်း ခက်ပါတယ်။ အန္တရာယ်လည်းများပါတယ်။ အမျိုးသားအများစုဟာ ကင်ဆာ စတင်ပြန့်ပွားပြီးမှ ရောဂါရှိနေမှန်း သိသွားကြတာ များပါတယ်။ လူသိများတဲ့ရောဂါ မဟုတ်တာကြောင့် နားလည်မှုလွဲမှားပြီး မှားယွင်းကုသမှုခံယူနေတတ်ကြတာ များလို့ပါ။ အခြေအနေကို သိရှိမှု နောက်ကျတတ်တာကြောင့် အန္တရာယ်များရခြင်းဖြစ်ပါတယ်။
အမျိုးသားတွေအနေနဲ့ အဆိုပါရောဂါရှိနေပြီဆိုရင် အသက်ရှင်နိုင်ခြေပမာဏဟာ စတင်သိရှိချိန်မှာ ရောဂါဘယ်လောက် ပြန့်နေပြီလဲဆိုတာပေါ် အများအပြား မူတည်ပါတယ်။ ရင်သားကင်ဆာကို စောစောတွေ့ရင် အောင်မြင်စွာ ကုသနိုင်ပေမယ့် ရင်သားတစ်ရှူးတွေ ပြင်ပအထိ ပြန့်သွားပြီဆိုရင်တော့ ထိရောက်စွာ ကုသဖို့ ခက်ခဲပါတယ်။
အဓိက လက္ခဏာကတော့ ရင်သားတစ်ဖက်မှာ အကျိတ်တွေ့ခြင်း ဖြစ်ပြီး ဒီအကျိတ်ဟာ နာကျင်ခြင်းမရှိတတ်ပါဘူး။ အကျိတ်ဟာ နို့သီးခေါင်းနဲ့ ပတ်လည်ရဲ့ အောက်မှာ တည်ရှိတတ်ပါတယ်။
ဒါပေမယ့် ရင်သားအကျိတ် အတော်များများဟာ Gynaecomastia လို့ ခေါ်တဲ့ အခြေအနေတစ်ခုကြောင့် လည်းဖြစ်တတ်ပါတယ်။ ဒါဟာ အဖြစ်များပြီး ကင်ဆာမဟုတ်ပဲ အမျိုးသားတွေရဲ့ ရင်သားကြီးထွားလာခြင်းသာ ဖြစ်ပါတယ်။ များသောအားဖြင့် အဆိုပါ ရောဂါ ၂ ခုကို မှားယွင်းကုသမိတာမျိုးတွေဖြစ်တတ်ပါတယ်။
အဖြစ်နည်းတဲ့ ရောဂါလက္ခဏာတွေကတော့
ဒီရောဂါကို ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ရောဂါဆိုတာမျိုးက ဖြစ်ပွားချိန်မှာ ကုသတာထက် မဖြစ်ခင်က ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်မဟုတ်လား။
အမျိုးသားတွေမှာဖြစ်တတ်တဲ့ ရင်သားကင်ဆာကို ကာကွယ်ဖို့ဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာ အသုံးပြုဖို့လိုအပ်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။