backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရင်သားကင်ဆာ နှင့် အိပ်စက်ခြင်းဆိုင်ရာပြဿနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရင်သားကင်ဆာ နှင့် အိပ်စက်ခြင်းဆိုင်ရာပြဿနာ

အိပ်စက်ခြင်းဟာ ကိုယ်ခန္ဓါရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေနဲ့ ကင်ဆာ ဆက်နွယ်ချက်တွေကို လေ့လာမှု အတော်များများမှာ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ကင်ဆာရောဂါသည်တွေရဲ့ ၅၀% ဟာ အိပ်စက်မှု ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ သူတို့ရဲ့ ကျန်းမာရေးအခြေအနေတွေကို မြင့်တက်စေဖို့ ဒီပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။

ကင်ဆာ လူနာတွေမှာ ဖြစ်တတ်တဲ့ အိပ်စက်မှု ပြဿနာ အကြောင်းရင်းများ

လေ့လာမှု တွေအရ အိပ်စက်မှု ပြဿနာတွေ ဖြစ်စေတဲ့ အကြောင်းရင်းတွေ ရှိတယ်လို့ ဆိုပါတယ်။ အဖြစ်အများဆုံးကတော့ အကျိတ်ကြောင့် ပြောင်းလဲသွားတဲ့ ကိုယ်ခန္ဓါ လုပ်ငန်းဆောင်တာတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ရင်သားကင်ဆာ ခံစားနေရသူ လူနာတွေဟာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ခံစားမှုတွေ ဖြစ်တဲ့ နာကျင်မှု၊ အသက်ရှူကျပ်ခြင်း၊ ပျို့အန်ခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းလျှောခြင်း အစရှိတာတွေကို ခံစားကြရပါတယ်။ ဒီလက္ခဏာတွေဟာ လူနာတွေကို ကောင်းကောင်းအိပ်စက်ဖို့ ခက်ခဲစေပါတယ်။

ကိုယ်ခန္ဓါပိုင်းဆိုင်ရာ လက္ခဏာတွေ အပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာလည်း ရင်သားကင်ဆာ လူနာတွေမှာ အိပ်မပျော်ခြင်းကို ဖြစ်စေပါတယ်။ ကင်ဆာလို့ အမည်တပ်ခံရမှုဟာ စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ အချို့လူနာတွေဟာ ဆေးရုံလိုနေရာမျိုးကြောင့် သူတို့ မအိပ်နိုင်ဘူးလို့လဲ ဆိုကြပါတယ်။ ဆေးရုံမှာ အသံတွေ၊ သူစိမ်းတွေနဲ့ တစ်ခန်းတည်းမှာ အတူနေရလို့ ဖြစ်ပါတယ်။

ဒါ့ပြင် ကုသမှုပြုလုပ်နေစဉ် သောက်ရတဲ့ ဆေးတွေကလည်း အအိပ်ပျက်စေပါတယ်။ ဥပမာ ဟော်မုန်းတွေ၊ corticosteroids, antidepressants, anticonvulsants တွေ ဖြစ်ပါတယ်။ အကြာကြီး အသုံးပြုခြင်း (သို့) ဆေးရုတ်တရက် ရပ်လိုက်ခြင်းဟာ အိပ်မပျော်ခြင်းကို ဖြစ်စေပါတယ်။ ဆေးအတော်များများရဲ့ ဘေးထွက်ဆိုးကျိုးတွေကလဲ ဒီအခြေအနေကို ပိုဆိုးစေပါတယ်။

အိပ်စက်မှု ပြဿနာတွေကို ဖြေရှင်းခြင်း

ဒီပြဿနာတွေကို ဖြေရှင်းဖို့ ပထမအဆင့်ကတော့ အိပ်စက်မှု ပြဿနာတွေကို သုံးသပ်ဖို့ပဲ ဖြစ်ပါတယ်။ ဆရာဝန် တွေဟာ သင့်ရဲ့ ကိုယ်ခန္ဓါ အခြေအနေ၊ ကျန်းမာရေး ရာဇဝင်နဲ့ အိပ်စက်မှု ဆိုင်ရာ ရာဇဝင်တွေကို မေးမြန်းမှာ ဖြစ်ပါတယ်။ လူနာတွေဟာ အိပ်စက်မှု အခြေအနေ တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆရာဝန်တွေကို တိကျစွာ ပြောပြသင့်ပါတယ်။ အိပ်စက်မှု ပြဿနာတွေကို ကုသဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ လူနာတွေဟာ ကင်ဆာဆေးသွင်းကုသစဉ်မှာ အသုံးပြုတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ (သို့) အခြားကုသမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာစွာ သိရှိထားသင့်ပါတယ်။ လူနာတွေကို သေချာစွာ ထောက်ပံ့ကုသပေးမယ်ဆိုရင် အိပ်စက်မှုဆိုင်ရာ ရောဂါတွေ သက်သာနိုင်ပါတယ်။

ရင်သားကင်ဆာမှာ အဖြစ်အများဆုံး အိပ်စက်မှုဆိုင်ရာ ပြဿနာကတော့ cognitive behavioural therapy (CBT) ပဲ ဖြစ်ပါတယ်။ ဒီကုသမှုဟာ လူနာတွေကို အဆိုးမြင် အတွေးတွေက နေပြီးတော့ ဘယ်လို ပြောင်းလဲမလဲဆိုတာကို သင်ကြားပေးတာ ဖြစ်ပါတယ်။ သူတို့ဟာ အိပ်ကိုအိပ်ရမယ်ဆိုတဲ့ အတွေးကို စိတ်လျှော့ထားလိုက်နိုင်ပါတယ်။ CBT မှာ stimulus control ( အိပ်စက်ပုံ ပြောင်းလဲခြင်း)၊ sleep restriction (အိပ်ရာပေါ်ရှိချိန် လျှော့ချခြင်း) နဲ့ relaxation therapy ( အကောင်းကိုသာ တွေးပြီး ကြွက်သားတင်းမှုကို လျှော့ချခြင်း) တွေ ပါဝင်ပါတယ်။

လူနာတွေကို ဘယ်လိုအိပ်ရေးဝအောင် အိပ်ရမယ်ဆိုတာ သင်ပေးဖို့လည်း အရေးကြီးပါတယ်။ ပထမဦးစွာ သက်တောင့်သက်သာ ရှိစေမယ့် အိပ်ရာတစ်ခုကို ရှာဖွေသင့်ပါတယ်။ အိပ်စက်ရာ အခန်းဟာ အိပ်ပျော်ဖို့ လွယ်ကူသင့်ပါတ်ယ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေနဲ့ လေ့ကျင့်ခန်းတွေကလည်း ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ တကယ်လို့ ဒီနည်းလမ်းတွေက အကျိုးမရှိဘူးဆိုရင် အချိန်အနည်းငယ်အတွင်းမှာ ပြဿနာ ဖြေရှင်းဖို့ ဆေးတွေ သောက်သင့်ပါတယ်။

ရင်သားကင်ဆာနဲ့ ဆက်နွယ်နေတဲ့ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေဟာ လူနာအတော်များများမှာ အဖြစ်များပါတယ်။ လူနာတွေဟာ ဒါကို သတိပြုသင့်ကာ ထိရောက်တဲ့ အဖြေကို ရှာဖွေပြီး အခြေအနေကို တိုးတက်စေဖို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement