အဓိပ္ပါယ်ဖွင့်ဆိုချက်
ဦးနှောက်သို့ကင်ဆာပျံနှံခြင်း ဆိုတာ ဘာလဲ။
ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း ဆိုသည်မှာ ခန္ဓါကိုယ်ရှိ အခြားအင်္ဂါများမှ
စဖြစ်လာသော ကင်ဆာသည် ဦးနှောက်သို့ ပျံနှံလာခြင်းကို ခေါ်ပါသည်။ ဦးနှောက်အသားမှ စဖြစ်သော ကင်ဆာ (ဦးနှောက်ကင်ဆာ) မဟုတ်ပါ။ ဤသည်ကို အများစု ရောထွေးကြပါသည်။ ဥပမာ အားဖြင့် အဆုတ်ကင် ဆာသည် ဦးစွာ အဆုတ်၏ အသားတွင် စတင်၍ ဖြစ်ပွားပါသည်။ ထိုကင်ဆာအကျိတ်မှ ကင်ဆာဆဲလ်များ သည် သွေးကြော သို့မဟုတ် ပြန့်ရည်ကြော မှတစ်ဆင့် ဦးနှောက် အပါအဝင် အခြားသော ကိုယ်တွင်း အင်္ဂါများသို့ ရောက်ရှိနိုင်ပါသည်။ အခြားသော ကိုယ်တွင်းအင်္ဂါများသို့ ရောက်ရှိသော်လည်း သေချာစွာ စစ်ဆေးကြည့်ပါက မူလဖြစ်ပွားသော နေရာရှိ ကင်ဆာဆဲလ်များကိုသာ တွေ့ရှိရမည်ဖြစ်ပါသည်။ (ကိုယ်တွင်း ကလိစာများ၏ ဆဲလ်ဖွဲ့စည်းပုံသည် အင်္ဂါတစ်ခုနှင့် တစ်ခုမတူညီ သကဲ့သို့ ယင်းပုံမှန်ဆဲလ်များမှ ပြောင်းလဲသွားသော ကင်ဆာဆဲလ်များသည်လည်း
မတူညီပါ။ ထိုကြောင့် ဦးနှောက်သို့ အဆုတ် ကင်ဆာဆဲလ်များ ပျံနှံပါက အဆုတ်ကင်ဆာဆဲလ်များ၏ ပုံရိပ်ကိုသာ တွေ့ရမည်ဖြစ်ပါသည်။)