ဓားနဲ့ ခွဲတာ မဟုတ်ဘဲ ရောင်ခြည်ကို သုံးပြီး ခွဲစိတ်တာပါ။ ခွဲစိတ်ချိန်ကလည်း ၁၅မိနစ်ကနေ နာရီပိုင်းလောက်ထိပဲ ကြာတာပါ။ ဓားနဲ့ ခွဲစိတ်တာ မဟုတ်လို့ မလိုတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်နိုင်ပါတယ်။ ဒါပေမယ့် ထုံဆေးကြောင့် မအီမသာ ဖြစ်တာ၊ ခေါင်းကို ထိန်းထားတာကြောင့် သက်သောင့်သက်သာ မဖြစ်တာ ဖြစ်တတ်ပါတယ်။
သောက်ဆေးတွေ၊ ထိုးဆေးတွေကို သုံးပြီး ကင်ဆာဆဲလ်တွေကို နည်းသွားအောင် လုပ်တာပဲ ဖြစ်ပါတယ်။
Targeted drug therapy ဆိုတာ ဦးနှောက်အကျိတ် အမျိုးအစားပေါ်လိုက်ပြီး ဖြစ်နေတဲ့ အကျိတ်ရဲ့ ပြန့်ပွားမှုနှင့် ကြီးထွားမှုကို နှေးစေတဲ့ ဆေးတွေကို အသုံးပြုပြီး ကုသခြင်းဖြစ်ပါတယ်။ ဒီဆေးတွေဟာ ကင်ဆာဆဲလ် ပြန့်ပွားမှုကို ထိန်းသိမ်းပေးပြီး ဘေးနားက ကောင်းမွန်တဲ့ တစ်ရှူးဆဲလ်တွေကိုလည်း မပျက်စီးအောင် ကာကွယ်ပေးပါတယ်။
ဒီတော့ ဦးနှောက်အကျိတ်ဆိုတာနဲ့ ကြောက်စရာမလိုတော့ပါဘူး။ ခေတ်မီတဲ့ နည်းလမ်းတွေနဲ့ ကုသနိုင်ပြီဖြစ်လို့ လူနာတွေအတွက် မျှော်လင့်ချက်တွေ အများကြီးရှိနေပါပြီ။
ဦးနှောက်အကျိတ်အမျိုးမျိုးအတွက် နောက်ဆုံးပေါ် စစ်ဆေးမှုနည်းလမ်းများ၊ ကုသမှုများကို ပိုမိုသိရှိလိုပါက စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံကြီးရဲ့ မြန်မာနိုင်ငံရုံးများမှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။