backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဦးနှောက်အကျိတ် (အန္တရာယ်မပေးနိုင်သည့် ရိုးရိုးအကျိတ်မှ အန္တရာယ်ပေးနိုင်သည့်ကင်ဆာအထိ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဦးနှောက်အကျိတ် (အန္တရာယ်မပေးနိုင်သည့် ရိုးရိုးအကျိတ်မှ အန္တရာယ်ပေးနိုင်သည့်ကင်ဆာအထိ)

ဦးနှောက်အကျိတ်

ဦးနှောက်အကျိတ် ပုံစံပေါင်း ၁၃၀ လောက်အထိ ရှိပါတယ်။ ယေဘုယျအားဖြင့် သူတို့ကို စတင်ဖြစ်ပေါ်လာတဲ့ ဆဲလ်ပုံစံကို အစွဲပြုပြီး နာမည်ပေးထားကြပါတယ်။ ဦးနှောက်အကျိတ် အတော်များများဟာ Glial cells လို့ခေါ်တဲ့ ဦးနှောက်ရဲ့ အာရုံကြော ဆဲလ်တွေကနေ ဖြစ်လာတတ်ပါတယ်။ ဒီအကျိတ်တွေကို Glioma လို့ခေါ်ပါတယ်။

ဦးနှောက်အကျိတ်တွေကို သူတို့ ကြီးပြင်းလာတဲ့ ဦးနှောက်နေရာကိုတွေ အစွဲပြုပြီးတော့လည်း အမည်ပေးလေ့ ရှိပါတယ်။ Pituitary gland မှာ ဖြစ်တဲ့ အကျိတ်ကို pituitary adenoma လို့ ခေါ်ပါတယ်။ ဦးနှောက်မြှေးကဖြစ်လာတဲ့ အကျိတ်ကိုတော့ meningioma လို့ခေါ်ပါတယ်။ ဦးနှောက်ထဲကို ဝင်သွားတဲ့ အာရုံကြောတွေမှာ ပွားလာရင် Neuroma လို့ ခေါ်ကြပါတယ်။ ဟန်ချက်ညီမျှမှုနဲ့ အကြားအာရုံတို့ကို ထိန်းချုပ်တဲ့ အာရုံကြောတွေ ပေါ်မှာ ပွားများရင်တော့ vestibular schwannoma (တစ်ခါတစ်ရံ acoustic neuroma) လို့ ခေါ်ကြပါတယ်။

ဦးနှောက်အကျိတ် အမျိုးအစား (ရိုးရိုးအကျိတ်လား ကင်ဆာအကျိတ်လား)

ဦးနှောက်အကျိတ်တွေကို သူတို့ဘယ်လောက် မြန်မြန်ပွားလဲဆိုတာပေါ် မူတည်ပြီး အုပ်စုခွဲခြားထားပါတယ်။ အုပ်စု ၁ကနေ ၄အထိ ရှိပါတယ်။ ရောဂါဗေဒပညာရှင်က ဆဲလ်တွေကို အဏုကြည့်ကိရိယာနဲ့ စစ်ဆေးပါတယ်။ ဆဲလ်တွေက ပုံမှန်ဖြစ်လေလေ ဦးနှောက်အကျိတ်က ပိုနှေးနှေးပွားနိုင်ခြေရှိပြီး အဆင့်နည်းလေလေဖြစ်ပါတယ်။ ပုံသဏ္ဍာန် မမှန်တဲ့ ဆဲလ်တွေက ပွားတာပိုမြန်ပြီး အဆင့်ပိုမြင့်ပါတယ်။ အဆင့်နိမ့်တဲ့ Glioma တွေ (အဆင့် ၁ နဲ့ ၂) ဟာ ပွားတာအနှေးဆုံးဖြစ်တဲ့ ဦးနှောက်အကျိတ်တွေ ဖြစ်ပါတယ်။

သင့်မှာ ရိုးရိုး (သို့) ကင်ဆာအကျိတ်ရှိတယ်လို့ ပြောတာ ကြုံဖူးပါလိမ့်မယ်။ ယေဘုယျအားဖြင့်တော့ အဆင့်နိမ့်တဲ့ ဦးနှောက်အကျိတ်တွေကို ရိုးရိုးအကျိတ်လို့သတ်မှတ်ပြီး အဆင့်မြင့်တဲ့ အကျိတ်တွေကိုတော့ ကင်ဆာအကျိတ် သတ်မှတ်ပါတယ်။

ရိုးရိုး အကျိတ်

ရိုးရိုး အကျိတ်တွေဟာ ကင်ဆာအကျိတ်မဟုတ်ပါဘူး။ သူဟာ သူ့အနားက တစ်ရှူးတွေနဲ့ ခန္ဓါကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေဆီကို ကင်ဆာလို ပြန့်ပွားလေ့မရှိပါဘူး။ အခြေအနေ အတော်များများမှာ ရိုးရိုး အကျိတ်တွေရဲ့ ပုံစံဟာ အတော်ကောင်းမွန်ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ အရေးကြီးအစိတ်အပိုင်းတွေ ဖြစ်တဲ့ သွေးကြောတွေနဲ့ အာရုံကြောတွေကို ဖိမိရင်တော့ အန္တရာယ် ရှိလာတတ်ပါတယ်။ ဒါ့ကြောင့် သူတို့အတွက် တစ်ခါတလေ ကုသမှုလိုအပ်ပြီး တစ်ခါတလေတော့ ကုသဖို့ မလိုပါဘူး။

  • အကျိတ်ဟာ ပွားနှုန်းနှေးပါတယ်။
  • သူ့ကို ဖယ်ထုတ်လိုက်ရင်လည်း ပြန်မဖြစ်နိုင်ပါဘူး။
  • ဦးနှောက်ရဲ့ အခြားအစိတ်အပိုင်းတွေ (သို့) ကျောရိုးမကို မပြန့်ပွားနိုင်ပါဘူး။
  • သူတို့ဟာ ခွဲစိတ်မှုကို လိုကောင်းလိုအပ်နိုင်ပေမယ့် ဓါတ်ရောင်ခြည်နဲ့ ကုသမှုနဲ့ ကင်ဆာဆေးသွင်းကုသမှုတို့ကို မလိုအပ်ပါဘူး။

ရိုးရိုး ဦးနှောက်အကျိတ်တွေကို ဘယ်အရာတွေက ဖြစ်ပေါ်စေပါသလဲ။ များသောအားဖြင့် ဖြစ်စေတဲ့အချက်ကို သိရှိခြင်း မရှိပါဘူး။ ဒါပေမယ့် ရိုးရိုး ဦးနှောက်အကျိတ်တွေဟာ အောက်ပါအရာတွေနဲ့ ဆက်စပ်မှု ရှိနိုင်ပါတယ်။

  • ဓါတ်ရောင်ခြည် အစရှိတဲ့ ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များနဲ့ ထိတွေ့မှု ရှိခြင်း
  • မျိုးရိုးဗီဇ
  • အစားအသောက်
  • စိတ်ဖိစီးမှု
  • ထိခိုက် ဒဏ်ရာရမှု
  • ရောင်ရမ်းမှု (သို့) ရောဂါပိုးဝင်မှု

ဦးနှောက်ကင်ဆာအကျိတ်

ကင်ဆာ (မြစ်ပွားနာ)ဆိုတာဟာ ပုံသဏ္ဍာန်မမှန်တဲ့ ဆဲလ်တွေ ပွားများခြင်းကြောင့်ဖြစ်ပါတယ်။ ကင်ဆာအမျိုးအစားပေါင်း တစ်ရာကျော်ရှိပြီး ရင်သားကင်ဆာ၊ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ ပြန်ရည်ကျိတ်ကင်ဆာ အစရှိတာတို့ ပါဝင်ပါတယ်။ ရောဂါလက္ခဏာတွေက ကင်ဆာ အမျိုးအစားပေါ်မူတည်ပါတယ်။ ကင်ဆာကုသမှုမှာ ကင်ဆာဆေးသွင်းကုသမှု၊ ဓါတ်ရောင်ခြည်နဲ့ ကုသမှုနဲ့ ခွဲစိတ်ကုသမှုတို့ ပါဝင်ပါတယ်။

  • အကျိတ်ဟာအလွန် အပွားမြန်ပါတယ်။
  • ဖယ်ရှားပြီးရင်တောင် ခွဲစိတ်ပြီး ပြန်ဖြစ်လာနိုင်ပါတယ်။
  • ဦးနှောက်နဲ့ ကျောရိုးမကို ပြန့်ပွားနိုင်ပါတယ်။
  • သူ့ကို ခွဲစိတ်ကုသဖို့ လိုအပ်ပြီး ပြန်ဖြစ်လာမှုနဲ့ ပွားနှုန်းကိုနှေးကွေးစေဖို့ ရည်ရွယ်ပြီး ဓါတ်ရောင်ခြည်ကုသမှုနဲ့ ဆေးသွင်းကုသမှုတို့ပါ လိုအပ်ပါတယ်။

ကင်ဆာကျိတ်တွေဟာ ပုံသဏ္ဍာန်နဲ့ အရွယ်အစား အမျိုးမျိုး ရှိပါတယ်။ သူတို့ဟာ ပုံမှန်မဟုတ် ထိန်းချုပ်လို့မရတဲ့ ပုံစံနဲ့ ပွားလာပြီးတော့ အနီးအနားမှာ ရှိတဲ့ သွေးကြော၊ ပြန်ရည်ကြောတို့အတွင်းကို ဖောက်ထွင်းပွားများနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ခန္ဓါရဲ့ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ပေးပြီး အသက်အန္တရာယ် ရှိပါတယ်။

ကင်ဆာဆဲလ်တွေဟာ ကိုယ်ခန္ဓါရဲ့ အဝေးမှာရှိတဲ့ နေရာတွေအထိကို ပြန့်ပွားနိုင်ပါတယ်။ သူစတင်ဖြစ်ပေါ်တဲ့နေရာက စပြီး အခြားနေရာကို ပြန့်သွားတဲ့ ကင်ဆာတွေကို ပြန့်ပွားကင်ဆာလို့ခေါ်ပါတယ်။ သူတို့ကိုဖယ်ထုတ်ပြီးရင်လည်း ပြန်လည်ဖြစ်ပေါ်တတ်ပါတယ်။

အခြားအကျိတ် ပုံစံများ

အခြားအကျိတ် ပုံစံတွေမှာ တစ်ခါတလေ ရိုးရိုး နဲ့ ကင်ဆာအကျိတ်တွေရဲ့သဲကွဲတဲ့ ဖြေရှင်းချက်တွေက အလုပ်ဖြစ်ပါတယ်။ ဦးနှောက်အကျိတ်တွေမှာတော့ မသဲကွဲတဲ့အချက်တွေရှိပါတယ်။ တချို့ ရောဂါအဆင့်နိမ့်တဲ့ astrocytoma တွေဟာ ဦးနှောက်ရဲ့ အခြားအစိတ်အပိုင်းတွေနဲ့ ကျောရိုးမတွေကို ပြန့်ပွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုအကျိတ်မျိုးမှာ ရိုးရိုးအကျိတ် ဖြစ်ပေမယ့်လည်း ဓါတ်ရောင်ခြည်ကုသမှုနဲ့ ဆေးသွင်းကုသမှုတွေလိုအပ်တတ်ပါတယ်။ ပွားနှုန်းနှေးတဲ့ အကျိတ်ဖြစ်ပေမယ့်လည်း အရေးကြီးတဲ့ ဦးနှောက်အစိတ်အပိုင်းမှာ ရှိနေရင် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်ပြီးတော့ အသက်အန္တရာယ် ရှိသည်အထိဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ဆရာဝန်ကို သင့်ရောဂါအခြေအနေအကြောင်းကို အရိုးစင်းဆုံးနဲ့ အပြည့်အစုံ မေးမြန်းသင့်ပါတယ်။

ရိုးရိုးအကျိတ်မှ ကင်ဆာကျိတ်သို့ ပြောင်းလဲခြင်း

အချို့ရိုးရိုးအကျိတ်တွေဟာ ကင်ဆာကျိတ်ကို ပြောင်းလဲနိုင်ပါတယ်။ ဒါကို ကင်ဆာအဖြစ်ပြောင်းလဲခြင်း (သို့) ကင်ဆာ ဖြစ်လာခြင်းလို့ ခေါ်ပါတယ်။ ဥပမာ ရောဂါအဆင့် ၂ ရှိတဲ့အကျိတ်ဟာ အဆင့် ၃ ဖြစ်လာခြင်းနဲ့ အဆင့်၃ က အဆင့်၄ ဖြစ်လာခြင်းတို့ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement