ဦးနှောက်ကင်ဆာကျိတ်များ

ဦးနှောက်ကင်ဆာကျိတ်တွေနဲ့ ပတ်သက်တဲ့ အစောပိုင်းလက္ခဏာများ၊ ကုထုံးများ၊ ကြိုတင်ကာကွယ်နည်းများနှင့် လိုက်နာရမယ့် နေထိုင်စားသောက်မှုပုံစံများကို ဒီကဏ္ဍမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်ကင်ဆာကျိတ်များ

ဦးနှောက်အကျိတ်ကို ကုသလို့ ရပါ့မလား

သင့်ဆီမှာ ဦးနှောက်အကျိတ်ရှိနေပြီလို့ သိလိုက်ရတဲ့အချိန်မှာ သင်ဘာဆက်လုပ်မလဲ။ အရင်တုန်းကဆိုရင်တော့ ဒါဟာ သိပ်ကို ဝမ်းနည်းဖို့ကောင်းတဲ့ သတင်းဆိုးပါပဲ။ ခုတော့ တိုးတက်လာတဲ့ ဆေးပညာကြောင့် ဦးနှောက်အကျိတ်ဆိုတာ ကြောက်စရာ မဟုတ်တော့ပါဘူး။ ကုသမှုနည်းလမ်းတွေ အများကြီး ရှိနေတာကြောင့် ဦးနှောက်အကျိတ်ကို ကုသလို့ ရပါ့မလား ဆိုပြီး လက်လျှော့အရှုံးပေးဖို့ မစဉ်းစားပါနဲ့တော့။ ဦးနှောက်အကျိတ် ဆိုတာ ခန္ဓာကိုယ်ရဲ့ တခြားနေရာမှာ အကျိတ်တွေ၊ အလုံးတွေ ဖြစ်နိုင်သလို ဦးနှောက်မှာလည်း အကျိတ်ဖြစ်နိုင်ပါတယ်။ တချို့က ရိုးရိုးအကျိတ်ဖြစ်သလို တချို့ကလည်း ကင်ဆာကျိတ်ပါ။ ဦးနှောက်ဆဲလ်တွေမှာစပြီး ကင်ဆာဖြစ်တာ ဖြစ်နိုင်သလို တခြားကင်ဆာတွေကနေ ဆဲလ်တွေက ဦးနှောက်ကို ရောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်အကျိတ်တွေ  အမျိုးအစားတွေ ရှိတဲ့ထဲက အဖြစ်အများဆုံး အမျိုးအစားတွေကတော့ Glioma (ဦးနှောက်ရဲ့ glial cellက ဖြစ်တဲ့ အကျိတ်) Meningioma (ဦးနှောက်အမြှေးပါးက […]

ဦးနှောက်ကင်ဆာကျိတ်များ ကို ရှာဖွေမည်။

ဦးနှောက်ကင်ဆာကျိတ်များ

ဦးနှောက်အကျိတ် (Brain Tumors)

အဓိပ္ပါယ်ဖွင့်ဆိုချက် ဦးနှောက်အကျိတ် (Brain Tumors)က ဘာလဲ။ ဦးနှောက်ဆဲလ် ဒါမှမဟုတ် ဦးနှောက်တဝိုက်မှာရှိတဲ့ဆဲလ်တွေ ပုံမှန်မဟုတ်ပွားခြင်းကြောင့် အဖု၊ အကျိတ်ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ ထိုအကျိတ်ရှိဆဲလ်တွေက သေမသွားသလို၊ ဆဲလ်အသစ်တွေနဲ့လည်း အစားမထိုးဘဲ ခန္ဓါကိုယ်မှလိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ဆက်လက်ကြီးထွားနေတာဖြစ်တယ်။ ကင်ဆာလည်းဖြစ်နိုင်သလို ကင်ဆာမဟုတ်တဲ့ အဖု၊ အကျိတ်လည်းဖြစ်နိုင်ပါတယ်။ ဦးနှောက်အကျိတ်တွေဟာ တခြားသောကင်ဆာဆဲလ်တွေကနေ ဦးနှောက်ဆီသို့ ပျံ့လာတာလည်းဖြစ်နိုင်ပါတယ်။ ဦးနှောက်အကျိတ် (Brain Tumors)က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး လူကြီးတွေမှာဆိုရင် ဦးနှောက်ဆဲလ်အကျိတ်နဲ့ ဦးနှောက်အမြှေးပါးဆဲလ်အကျိတ် တွေကပိုအဖြစ်များပါတယ်။ ဦးနှောက်အကျိတ်ဖြစ်ရန် အားပေးတဲ့အခြေအနေတွေကိုရှောင်ကြဉ်ခြင်းဖြင့် ဖြစ်နိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လက္ခဏာများ ဦးနှောက်အကျိတ် (Brain Tumors)ရဲ့လက္ခဏာတွေကဘာတွေလဲ လက္ခဏာများ ခဏခဏပြင်းထန်သောခေါင်းကိုက်ခြင်း အကြောင်းမရှိ ပျို့ခြင်း၊ အန်ခြင်း အမြင်အာရုံေဝဝါးခြင်း ခြေထောက် သို့ လက်တို့တွင် ထိတွေ့မှု၊ လှုပ်ရှားမှုအာရုံတဖြေးဖြေးပျောက်ဆုံးခြင်း ဟန်ချက်မညီခြင်း စကားပြောရာတွင်အခက်အခဲများပေါ်လာခြင်း သာမန်နေ့စဉ်ကိစ္စရပ်များတွင် ေဝဝါးခြင်း ပြုမူကျင့်ကြံနေထိုင်ပုံပြောင်းလဲခြင်း တက်ခြင်း ၊ […]


ဦးနှောက်ကင်ဆာကျိတ်များ

ဦးနှောက်အကျိတ် ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဦးနှောက်အကျိတ်ဆိုတာဟာ ဦးနှောက်အတွင်းမှာ လုပ်ငန်းပိုင်းဆိုင်ရာသော်လည်းကောင်း ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ပွားများခြင်း ဖြစ်ပါတယ်။ ဦးနှောက်အကျိတ်မှာ ကင်ဆာဆဲလ်တွေရော ကင်ဆာဆဲလ်မဟုတ်တာတွေရော ပါဝင်နိုင်ပါတယ်။ သူတို့ဟာ ဦးနှောက်အတွင်းမှာ အစပြုနိုင်သလို တခြားနေရာတွေမှာဖြစ်ပွားပြီး ဦးနှောက်ကို ပြန့်ပွားရောက်ရတာမျိုး လည်းဖြစ်နိုင်ပါတယ်။ ဦးနှောက်အကျိတ်ဖြစ်ခြင်းရဲ့ အဓိက အကြောင်းရင်းက မသဲကွဲပေမယ့် ဦးနှောက်အကျိတ်ဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့ အချက်တွေ ရှိပါတယ်။ အသက်ကြီးခြင်း၊ ဓါတ်ရောင်ခြည်နဲ့ ထိတွေ့ခြင်း (သို့) သင့်မိသားစုမှာ ဒီလိုသေစေနိုင်တဲ့ ရောဂါရှိခြင်းတို့ပဲ ဖြစ်ပါတယ်။ ဦးနှောက်အကျိတ်ရှိတဲ့ လူနာတွေမှာ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။   (၁) ခေါင်းကိုက်ခြင်း ဒီခေါင်းကိုက်ခြင်းဟာ ပုံမှန်ခေါင်းကိုက်ခြင်းတွေထက် ပိုဆိုးပါလိမ့်မယ်။ ဦးနှောက်အကျိတ်ရှိသူတွေရဲ့ ငါးဆယ်ရာနှုန်းကျော်ဟာ ခေါင်းကိုက်ခြင်းနဲ့ အခြား လက္ခဏာတွေကို ခံစားရကြပါတယ်။ ခေါင်းကိုက်ခြင်းဟာ နာကျင်မှုကို သိလွယ်တဲ့ သွေးကြောတွေ၊ (သို့) အာရုံကြောတွေကို အကျိတ်က ဖိမိတာကြောင့် […]


ဦးနှောက်ကင်ဆာကျိတ်များ

ဦးနှောက်အကျိတ်ကို ကုသကာကွယ်ရန် နည်းလမ်းများ

အခြားကင်ဆာအမျိုးအစားတွေလိုပဲ သေချာပေါက် အန္တရာယ်များတယ်လို့မဆိုလိုပေမယ့်လည်း ဦးနှောက် အကျိတ်ကတော့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်နေပါသေးတယ်။ လူတွေဟာ သိပ်မနောက်ကျခင်ကတည်းက ဒီရောဂါကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိရှိထားသင့်ပါတယ်။ ဒါ့ပြင် ကံမကောင်းစွာပဲ ဦးနှောက် အကျိတ်ဖြစ်လာခဲ့မယ်ဆိုရင် ဒါကို ကုသဖို့ သင့်တော်တဲ့ နည်းလမ်းတွေဟာလည်း အရေးကြီးပါတယ်။ ဦးနှောက်အကျိတ်ဆိုတာ ဘာတွေလဲ။ ဦးနှောက်အကျိတ်ဆိုတာ အကြောင်းမပြောခင် အကျိတ်ဆိုတာ ဘာလဲဆိုတာ သိသင့်ပါတယ်။ ပုံမှန်အတိုင်းဆိုရင် ကိုယ်ခန္ဓါအတွင်းက ဆဲလ်တွေဟာ ပွားများတယ်၊ အိုလာတယ်၊ ပြီးတော့ သေဆုံးကြပြီး ဆဲလ်အသင့်တွေက သူတို့နေရာကို ယူကြပါတယ်။ ကင်ဆာဆဲလ်တွေကတော့ ဘယ်တော့မှ မသေကြပါဘူး။ သူတို့ဟာ စုပြုံပြီး ပွားလာကာ ပုံမှန်မဟုတ်တဲ့ တစ်ရှူး အစုအဝေးကြီး ဖြစ်လာကြပါတယ်။ ဒါကို အကျိတ်လို့ ခေါ်ပါတယ်။ ဦးနှောက်အကျိတ်တွေဟာ ဦးနှောက်ထဲမှာ တည်ရှိပါတယ်။ ဦးနှောက်အကျိတ်တွေဟာ ဦးနှောက်နဲ့ […]


ဦးနှောက်ကင်ဆာကျိတ်များ

ဦးနှောက်အကျိတ် (အန္တရာယ်မပေးနိုင်သည့် ရိုးရိုးအကျိတ်မှ အန္တရာယ်ပေးနိုင်သည့်ကင်ဆာအထိ)

ဦးနှောက်အကျိတ်ဦးနှောက်အကျိတ် ပုံစံပေါင်း ၁၃၀ လောက်အထိ ရှိပါတယ်။ ယေဘုယျအားဖြင့် သူတို့ကို စတင်ဖြစ်ပေါ်လာတဲ့ ဆဲလ်ပုံစံကို အစွဲပြုပြီး နာမည်ပေးထားကြပါတယ်။ ဦးနှောက်အကျိတ် အတော်များများဟာ Glial cells လို့ခေါ်တဲ့ ဦးနှောက်ရဲ့ အာရုံကြော ဆဲလ်တွေကနေ ဖြစ်လာတတ်ပါတယ်။ ဒီအကျိတ်တွေကို Glioma လို့ခေါ်ပါတယ်။ ဦးနှောက်အကျိတ်တွေကို သူတို့ ကြီးပြင်းလာတဲ့ ဦးနှောက်နေရာကိုတွေ အစွဲပြုပြီးတော့လည်း အမည်ပေးလေ့ ရှိပါတယ်။ Pituitary gland မှာ ဖြစ်တဲ့ အကျိတ်ကို pituitary adenoma လို့ ခေါ်ပါတယ်။ ဦးနှောက်မြှေးကဖြစ်လာတဲ့ အကျိတ်ကိုတော့ meningioma လို့ခေါ်ပါတယ်။ ဦးနှောက်ထဲကို ဝင်သွားတဲ့ အာရုံကြောတွေမှာ ပွားလာရင် Neuroma လို့ ခေါ်ကြပါတယ်။ ဟန်ချက်ညီမျှမှုနဲ့ အကြားအာရုံတို့ကို ထိန်းချုပ်တဲ့ အာရုံကြောတွေ ပေါ်မှာ ပွားများရင်တော့ […]


ဦးနှောက်ကင်ဆာကျိတ်များ

ဦးနှောက်ကင်ဆာ ကုသနည်းတွေ အကြောင်း

ကင်ဆာဆိုတာ ကမ္ဘာပေါ်မှာ အန္တရာယ်အကြီးမားဆုံး ရောဂါဖြစ်ပါတယ်။ ဆေးပညာဆိုင်ရာ တိုးတက်မှုတွေကတောင်မှ ကင်ဆာအတွက် ကုသဆေးကို မဖော်ထုတ်နိုင်သေးပါဘူး။ လူတွေမှာ အဖြစ်မများ ရှားပါးတဲ့ ကင်ဆာအမျိုးအစား တစ်ခုကတော့ ဦးနှောက် ကင်ဆာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ကို ဦးနှောက်ကင်ဆာဆေးကုသမှု နည်းလမ်း အချို့ကို ဖော်ပြသွားမှာဖြစ်ပါတယ်။ ဦးနှောက်ကင်ဆာဆိုတာ ဦးနှောက်အတွင်းဘက်မှာ ဆဲလ်များအပွားလွန်ပြီး ဖြစ်လာတဲ့ အကျိတ်လို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ ကင်ဆာကျိတ်တွေဟာ ကြီးလာနိုင်ပြီးတော့ အလွန်လျင်မြန်စွာ ပွားတတ်ကြပါတယ်။ အခြား ကင်ဆာတွေလိုပဲ အကျိတ်တွေဟာ ခန္ဓါကိုယ်ရဲ့ အခြားနေရာတွေကို ပြန့်ပွားဖို့အတွက် သွေးနဲ့ အာဟာရကိုလိုအပ်ပါတယ်။ ဒါ့ပြင် သူတို့ဟာ ခန္ဓါကိုယ်လုပ်ငန်းဆောင်တာတွေကို ကောင်းစွာမလုပ်နိုင်အောင် တားဆီးပြီး အဆိုးဝါးဆုံးအခြေအနေတွေမှာ အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်နိုင်ပါတယ်။ ဦးနှောက်ကို ပြန့်လာနိုင်တဲ့ ကင်ဆာတွေကတော့ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာတို့ပဲ ဖြစ်ပါတယ်။ အခြားအရာတွေဟာလည်း […]


ဦးနှောက်ကင်ဆာကျိတ်များ

Brain Cancer (ဦးနှောက် ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Brain Cancer (ဦးနှောက် ကင်ဆာ) ကဘာလဲ။ ဦးနှောက်ကင်ဆာဆိုတာ ဦးနှောက်ထဲမှာ ပုံမှန်မဟုတ်တဲ့ ကင်ဆာ ( malignant tumors ) ဆဲလ်တွေ ပေါက်ဖွားလာတာကို ဆိုလိုပါတယ်။ ဦးနှောက်ကင်ဆာ နှစ်မျိုး ရှိပါတယ်။ ၎င်းတို့ မှာ ပင်မ ဦးနှောက်ကင်ဆာ – အဖြစ်နည်းပြီး ဦးနှောက်မှာ အစပျိုးဖြစ်ပေါ်သည်။ နောက်လိုက် ဦးနှောက်ကင်ဆာ – တနည်းအားဖြင့် ပြန့်ပွား ဦးနှောက်ကင်ဆာဟုလည်း ခေါ်ပါတယ်။ တခြားခန္ဓါအစိတ်အပိုင်းတွေ မှာ စဖြစ်ပြီး ဦးနှောက်ကို ပြန့်ပြီး ဖြစ်ခြင်း ဖြစ်ပါတယ်။ ဒီအမျိုးအစားက ပိုအဖြစ်များပါတယ်။ ဦးနှောက်ကင်ဆာဟာ ကုလို့မရတဲ့ ရောဂါဖြစ်ပြီး စောစော သိခြင်းက အသက်ရှင်နှုန်းကို မြှင့်တင်ပေးပါတယ်။ ဘယ်လို စစ်ဆေးရမလဲ ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ Brain Cancer (ဦးနှောက် ကင်ဆာ) က […]


ဦးနှောက်ကင်ဆာကျိတ်များ

ဦးနှောက်သို့ကင်ဆာပျံ့နှံ့ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်ဦးနှောက်သို့ကင်ဆာပျံနှံခြင်း ဆိုတာ ဘာလဲ။ ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း ဆိုသည်မှာ ခန္ဓါကိုယ်ရှိ အခြားအင်္ဂါများမှ စဖြစ်လာသော ကင်ဆာသည် ဦးနှောက်သို့ ပျံနှံလာခြင်းကို ခေါ်ပါသည်။ ဦးနှောက်အသားမှ စဖြစ်သော ကင်ဆာ (ဦးနှောက်ကင်ဆာ) မဟုတ်ပါ။ ဤသည်ကို အများစု ရောထွေးကြပါသည်။ ဥပမာ အားဖြင့် အဆုတ်ကင် ဆာသည် ဦးစွာ အဆုတ်၏ အသားတွင် စတင်၍ ဖြစ်ပွားပါသည်။ ထိုကင်ဆာအကျိတ်မှ ကင်ဆာဆဲလ်များ သည် သွေးကြော သို့မဟုတ် ပြန့်ရည်ကြော မှတစ်ဆင့် ဦးနှောက် အပါအဝင် အခြားသော ကိုယ်တွင်း အင်္ဂါများသို့ ရောက်ရှိနိုင်ပါသည်။ အခြားသော ကိုယ်တွင်းအင်္ဂါများသို့ ရောက်ရှိသော်လည်း သေချာစွာ စစ်ဆေးကြည့်ပါက မူလဖြစ်ပွားသော နေရာရှိ ကင်ဆာဆဲလ်များကိုသာ တွေ့ရှိရမည်ဖြစ်ပါသည်။ (ကိုယ်တွင်း ကလိစာများ၏ ဆဲလ်ဖွဲ့စည်းပုံသည် အင်္ဂါတစ်ခုနှင့် တစ်ခုမတူညီ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း