home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အလှအပဆိုင်ရာ လုပ်ငန်းစဉ်များ - နေရောင်ထိတွေ့ခြင်း နှင့် အရေပြားကင်ဆာ

အလှအပဆိုင်ရာ လုပ်ငန်းစဉ်များ - နေရောင်ထိတွေ့ခြင်း နှင့် အရေပြားကင်ဆာ

နေရောင်ခြည်က ကျွန်တော်တို့ကို ခံစားမှု ကောင်းစေပါတယ်။ အတိုချုံးပြောရရင် ကြည့်ကောင်းစေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နှလုံးသားရေးရာက အသွားအပြန် မဟုတ်ပါဘူး။ ကျွန်တော်တို့ မျက်နှာမှာရှိတဲ့ အရေးအကြောင်းနဲ့ အစက်အပြောက်တွေက နေရောင်ခြည်နဲ့ ထိတွေ့လို့ ဖြစ်လာတာပါ။ အချိန်ကြာလာတာနဲ့အမျှ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားအတွင်းက Elastin လို့ခေါ်တဲ့ အမျှင်တွေကို ပျက်စီးစေနိုင်ပါတယ်။ အဲ့ဒီအမျှင်တွေ ပျက်စီးတာနဲ့ အရေပြားက ဆွဲဆန့်ပြီးရင် မူလနေရာကို ပြန်ရောက်နိုင်စွမ်း ဆုံးရှုံးပြီး စတင်လျော့ရဲလာပါလိမ့်မယ်။ ချွေးထွက်လွယ်တာနဲ့ ထိခိုက်ရှနာဖြစ်လွယ်ပြီး ပျောက်ကင်းဖို့ ပိုပြီး အချိန်ယူရပါလိမ့်မယ်။ ငယ်ရွယ်တဲ့အချိန်မှာတော့ အရေပြားက နေရောင်ခြည်ကြောင့် ထိခိုက်မှု မဖြစ်စေပေမယ့် နောင်တစ်ချိန်မှာ ဖြစ်လာပါလိမ့်မယ်။

နေရောင်ခြည်က ကျွန်တော်တို့ အရေပြားကို ဘယ်လို ပြောင်းလဲစေပါသလဲ။

နေရောင်ခြည်နဲ့ ထိတွေ့ခြင်းက အောက်ပါအကြောင်းအရာတွေကို ဖြစ်စေပါတယ်။

Ø အရေပြားရဲ့ ခုခံမှုစနစ်ကို ပျောက်ကွယ်စေပြီး ကင်ဆာဖြစ်စေနိုင်တဲ့ အရေပြားအနာတွေနဲ့ ကနဦးကင်ဆာတို့ကို ဦးတည်စေပါတယ်။

Ø Benign tumors

Ø သိသာကြမ်းတမ်းတဲ့ အရေးအကြောင်းများ

Ø တင်းတိပ်

Ø Mottled pigmentation လို့ခေါ်တဲ့ အရေပြားအရောင် ပြောင်းလဲခြင်း

Ø Sallowness : အရေပြားက အဝါရောင်သန်းလာခြင်း

Ø Telangiectasias : အရေပြားအောက်မှာရှိတဲ့ သေးငယ်တဲ့ သွေးပြန်ကြောတွေ ပိုကြီးလာခြင်း

Ø Elastosis : ကျုံ့နိုင်ဆန့်နိုင်မှုကို ပျက်စီးစေပြီး အရေးအကြောင်းတွေ ဖြစ်စေခြင်း

နေလောင်ခံထားရတဲ့ အရေပြား – နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ခြင်းက ကနဦး အရေပြားကင်ဆာ၊ အရေပြားရှုံ့တွခြင်းနဲ့ အောက်ပါ အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။

Ø အရေပြားရဲ့ နူးညံ့မှုမှာ ပြောင်းလဲစေနိုင်ပါတယ်။ ဥပမာ အရေးအကြောင်းတွေ ပေါ်လာတာမျိုးပေါ့။ လည်ပင်းအနောက်လိုမျိုးနေရာတွေမှာ အရေးအကြောင်းတွေဟာ အဖြစ်အများဆုံးပါ။ သိသာတဲ့ အရေးအကြောင်းတွေက အရေပြားပါးလို့ ဖြစ်တာပါ။ အထူးသဖြင့် လက်ဖျံနဲ့ လက်ဖမိုးလို နေရာတွေမှာ ဖြစ်တတ်ပါတယ်။

Ø အနည်းငယ်ထိခိုက်မှုက ဒဏ်ရာအများအပြား ရတတ်ပါတယ်။

Ø အညိုရောင် အစက်အပြောက်၊ တင်းတိပ်၊ age spots နဲ့ liver spots လိုမျိုး ရောင်ခြယ်ဓါတ် ပြောင်းလဲခြင်း။

Ø လည်ပင်းဘေးဖက်တွေမှာ အနီကွက်များ ပေါ်ခြင်း။

Ø မှဲ့၊ တချို့ အစိတ်အပိုင်းတွေက အရေပြားကင်ဆာအဖြစ် ပြောင်းသွားတတ်ပါတယ်။

Ø ကနဦး ကင်ဆာအဆင့် အရေပြားပြောင်းလဲခြင်း၊ actinic keratosis လို့ခေါ်တဲ့ အနီရောင်အကြေးခွံကဲ့သို့ အနာများ၊ actinic cheilitis လို့ခေါ်တဲ့ နှုတ်ခမ်းအနာများ ပါဝင်ပါတယ်။ နှစ်ခုလုံးက squamous cell carcinoma အဖြစ် အဆင့်တက်သွားနိုင်ပါတယ်။

ဘာက အရေပြားကင်ဆာ ဖြစ်စေတာလဲ။

အဖြစ်အများဆုံးကတော့ ပုံမှန်မဟုတ်တဲ့ အရေပြားဆဲလ်တွေရဲ့ ကြီးထွားမှုကို ခန္ဓါကိုယ်က မထိန်းချုပ်နိုင်တဲ့အခါ ဖြစ်နိုင်တဲ့ အရေပြားကင်ဆာပါပဲ။ Benign tumor ၊ Malignant tumor ၊ နှစ်ခုလုံးက ပုံမှန်မဟုတ်တဲ့ အရေပြားဆဲလ်တွေရဲ့ အလျှင်အမြန် ကြီးထွားမှုမှာ ဦးဆောင်နိုင်ပါတယ်။ Basal cell carcinoma ၊ Squamous cell carcinoma ၊ နဲ့ Melanoma cell carcinoma တို့ကတော့ အဓိကအရေပြားကင်ဆာ သုံးမျိုးပဲ ဖြစ်ပါတယ်။

အရေပြားကင်ဆာအားလုံးရဲ့ ၉၅% က Basal cell နဲ့ Squamous cell ကင်ဆာတို့ဖြစ်ပြီး သိပ်မပြင်းထန်တဲ့ အမျိုးအစားဖြစ်ပါတယ်။ Melamona မဟုတ်တဲ့ အရေပြားကင်ဆာ ဝေဒနာရှင်တွေက တကယ်လို့ ကနဦး ဖြစ်စမှာ သိလို့ ကုသမယ်ဆိုရင် ပျောက်ကင်းဖို့ အခွင့်အလမ်း ပိုများပါတယ်။ တဖက်မှာတော့ melanocytes လို့ ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ အရေပြားရောင်ခြယ်ဓါတ်က Melanoma ကင်ဆာကို ဖြစ်စေနိုင်တာပါ။ ဒါက အပြင်းထန်ဆုံး အရေပြားကင်ဆာဖြစ်ပြီး ရောဂါရှင်အားလုံးရဲ့ ၇၅% မှာ အသက်ဆုံးရှုံးူမှုကို ကြုံတွေ့နိုင်ပါတယ်။

လူနာဟာ ရောဂါရှိတာကို မသိခဲ့ပဲ နောက်ကျမှ ကုသမယ်ဆိုရင် ကင်ဆာဆဲလ်တွေဟာ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီ ပျံ့နှံ့သွားပြီး ထိန်းချုပ်လို့မရတော့ပဲ အသက်ဆုံးရှုံးမှုကို ကြုံတွေ့ရတတ်ပါတယ်။

ဘယ်သူတွေက အရေပြားကင်ဆာ ဖြစ်နိုင်ချေရှိတာလဲ။

ကင်ဆာရောဂါဆိုတာ လူတိုင်း ဖြစ်နိုင်ချေရှိပေမယ့် ဖြစ်နိုင်ချေ အများဆုံးရှိတဲ့သူတွေကတော့ နေလောင်လွယ်တဲ့သူတွေ၊ အရောင်ဖျော့တဲ့ မျက်လုံး၊ ရွှေရောင် သို့မဟုတ် အနီရောင်ဆံကေသာ ပိုင်ရှင်တွေ ဖြစ်ပါတယ်။ မည်းမှောင်တဲ့ အရေပြားပိုင်ရှင်တွေလည်း တခြား အရေပြားကင်ဆာ အမျိုးအစားတွေ ဖြစ်နိုင်ပေမယ့်လည်း ဖြစ်နိုင်ချေက အတော်အသင့် နည်းပါးပါတယ်။

အသားအရည်အပြင်၊ တခြား ဖြစ်ပွားနိုင်ချေရှိတဲ့ အချက်အလက်တွေကတော့ မိသားစုထဲမှာ အရေပြားကင်ဆာ ဖြစ်ဖူးခြင်း၊ သို့မဟုတ် ကိုယ်တိုင် ဖြစ်ဖူးခြင်း၊ နေ့ဓဒူဝ နေရောင်အောက်မှာ အလုပ်လုပ်ရခြင်း၊ နေထိုင်ရခြင်း စတာတွေ ဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန် နေလောင်ခံထားရဖူးခြင်း၊ ကြီးမားပြီး ပုံမှန်မဟုတ်တဲ့ မှဲ့ အများအပြားရှိခြင်းတို့က Melanoma ဖြစ်စေနိုင်တဲ့ သီးသန့်အချက်အလက်တွေ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ တခါတရံ တောက်ပတဲ့ အသားအရည်နဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးကို ဆက်စပ်ကြည့်ပါတယ်။ ဒါပေမယ့် နေရောင်ခံပြီး ရလာတဲ့ သို့မဟုတ် Tanning Booth အသုံးပြုပြီး ရလာတဲ့ အရေပြားအရောင်က တကယ်တော့ အသက်အရွယ် ကြီးရင့်မှုကို အရှိန်မြင့်စေပြီး အရေပြားကင်ဆာ ဖြစ်နိုင်ချေကို ပိုပြီး တိုးစေပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Wathun Myat Chal မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။