အစာပိုက်ကို ဘယ်လိုထည့်မလဲ
Nasogastric tube (NG tube) – နှာခေါင်းမှတဆင့် အစာအိမ်ထဲထည့်သော အစာပိုက်
Gastrostomy feeding tube (G-tube) – အစာအိမ်ထဲသို့ တိုက်ရိုက်ထည့်သော အစာပိုက်
Jejunostomy tube (J-tube) – အူသိမ်အလယ်ပိုင်းသို့ တိုက်ရိုက်ထည့်သော အစာပိုက် ဆိုပြီး အစာပိုက် ၃မျိုး ရှိပါတယ်။
နှာခေါင်းမှတဆင့် အစာအိမ်ထဲတည့်သော အစာပိုက် (NG tube)
NG tube ဟာ ခန္ဓါကိုယ်ကို ခွဲစိတ်စရာမလိုဘဲ ထည့်နိုင်တဲ့ အစာပိုက်ဖြစ်ပြီး အစာ၊ ရေနဲ့ ဆေးဝါးတွေကို နှာခေါင်းကတဆင့် အစာအိမ်ဆီ တိုက်ရိုက်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီအစာပိုက်ကို လေဖြတ်ထားတဲ့ လူနာတွေအတွက်သာမက ကယ်လိုရီထပ်ဆောင်းလိုအပ်တဲ့ လူနာတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ အစာပိုက် ထည့်ပုံထည့်နည်းနဲ့ ထိန်းသိမ်းနည်းကို သူနာပြုက သင်ပြပေးမှာဖြစ်ပေမယ့် သူနာပြုကိုယ်တိုင် ထည့်ပေးတာက လူနာအတွက် ပိုသင့်တော်ပါတယ်။
အရင်ဦးဆုံး အစာပိုက်ကို ချောဆီတစ်ခုခုနဲ့ သုတ်ပေးရမှာ ဖြစ်ပါတယ်။ နှာခေါင်းကတဆင့် ထည့်ရမှာဖြစ်တဲ့အတွက် သင့်နှာခေါင်းမှာ ပြဿနာတစ်စုံတစ်ရာရှိနေရင် သူနာပြုကို အသိပေးပါ။ ချောဆီသုတ်ပြီးနောက်မှာ အစာပိုက်ကို သင့်နှာခေါင်းကနေတဆင့် လည်ချောင်းထဲအထိရောက်အောင် ထည့်သွင်းမှာဖြစ်ပြီး သင့်ကို မျိုချဖို့ ပြောပါလိမ့်မယ်။ ဒီလိုလုပ်ရတဲ့အတွက် ခံရခက်နိုင်ပေမယ့် အစာပိုက် လမ်းကြောင်းမှားမဝင်သွားအောင် သူနာပြုပြောတဲ့အတိုင်း ကြိုးစားလိုက်နာဖို့ အရေးကြီးပါတယ်။ အစာပိုက်ဝင်သွားပြီးတဲ့နောက် လမ်းကြောင်းမှန်ကန်ခြင်း ရှိမရှိ (အစာအိမ်ထဲ ရောက်မရောက်) ဆေးထိုးပြွန်တစ်ချောင်းကို အသုံးပြုပြီး အစာအိမ်ထဲက အရည်အချို့ကို စုပ်ထုတ်ကြည့်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အစာပိုက်ကတဆင့် အစာ၊ ရေနဲ့ ဆေးဝါးတွေ ထည့်သွင်းနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။