-ကယောင်ကတမ်းဖြစ်တာတွေ ဖြစ်တတ်ပါတယ်။
- ဦးနှောက်သွေးကြော သွေးယိုစိမ့်ခဲ့ရင်
-ရုတ်တရက်ပြင်းပြင်းထန်ထန်ခေါင်းကိုက်ပါတယ်။ သွေးယိုစိမ့်ပြီးရင် သွေးကြောပေါက်ဖို့ အလားအလာရှိပါတယ်။
- မပေါက်ဘဲ သွေးကြောဖောင်းခဲ့ရင်
-သွေးကြောဖောင်းတာ သေးရင် ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ကြီးရင်တော့ အနားမှာရှိတဲ့ ဦးနှောက်အသားတွေ၊ အာရုံကြောတွေကိုဖိမိတဲ့အတွက်
-မျက်လုံးနောက် ဒါမှမဟုတ် အပေါ်မှာ အောင့်တာ
-မျက်စိသူငယ်အိမ်ကျယ်တာ
-အမြင်ဝါးတာ နှစ်ထပ်မြင်တာ
-မျက်နှာတစ်ခြမ်းထုံတာ စတာတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် တစ်ယောက်ယောက်ကများ ရုတ်တရက် ပြင်းပြင်းထန်ထန်ခေါင်းကိုက်မယ်၊ တက်မယ်၊ သတိလစ်သွားတယ်ဆိုရင်အမြန်ဆုံး ဆေးရုံပို့ဖို့ စီစဉ်ရပါမယ်။ နောက်ကျရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။
နောက်ဆက်တွဲဘာဖြစ်နိုင်မလဲ။
ဦးနှောက်သွေးကြောပေါက်တာ ခဏပဲဆိုပေမယ့် ဒီခဏအတွင်းမှာပဲ ဦးနှောက်ဆဲလ်တွေ သေသွားနိုင်ပါတယ်။ ဒါ့ပြင် ဦးနှောက်ထဲမှာ ဖိအားများပြီး သွေးနဲ့ အောက်စီဂျင်မလုံလောက်တာကြောင့် ရုတ်တရက် သတိလစ်တာ၊ သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ သွေးကြောပေါက်ပြီး နောက်မှာတော့
-သွေးကြောတစ်ခါ ပေါက်ဖူးတဲ့သူကနောက်တစ်ခါ ထပ်ပေါက်နိုင်ပါတယ်။
-သွေးကြောပေါက်တဲ့အတွက် ခန္ဓာကိုယ်က သွေးထွင်နည်းအောင် သဘာဝအတိုင်း သွေးကြောတွေကို ကျုံ့ပစ်ပါတယ်။ အဲ့ဒီမှာ တခြားသွေးကြောတွေပါပါကုန်တဲ့အတွက် ဦးနှောက်ဆဲလ်တွေ သွေးငတ်ပြီး လေဖြတ်တာ (ischemic stroke)ရတတ်ပါတယ်။
-ဦးနှောက်ထဲ သွေးထွက်တဲ့အခါ ထွက်တဲ့သွေးတွေက ဦးနှောက်ကျောရိုးအရည် (cerebrospinal fluid)ရဲ့ စီးဆင်းမှုကို ပိတ်တဲ့အတွက် ဦးနှောက်ထဲမှာ အရည်တွေစုလာပြီး ဖိအားတွေများလာပါတယ်။
-ဒါ့ပြင် hypothalamusလို့ ခေါ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ထိခိုက်မိတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ဆိုဒီယမ်ဓာတ်ကို မထိန်းညှိနိုင်တော့ဘဲ သွေးထဲမှာ ဆိုဒီယမ်ဓာတ်နည်းသွားနိုင်ပါတယ်။
ဘယ်လိုသိနိုင်မလဲ။
တကယ်လို့ ရုတ်တရက် ပြင်းပြင်းထန်ထန်ခေါင်းကိုက်မယ်။ ဦးနှောက်သွေးကြောပေါက်တဲ့ တခြားလက္ခဏာလည်းရှိမယ်ဆိုရင် အရင်ဆုံးဦးနှောက်ထဲမှာ သွေးယိုခြင်းရှိမရှိ စစ်ဆေးရပါမယ်။ သွေးယိုတာရှိတယ်ဆိုရင် ဦးနှောက်သွေးကြောပေါက်တာကြောင့်လားဆိုပြီး ဆက်စစ်ရပါမယ်။ နည်းလမ်းတွေကတော့
-ကွန်ပျူတာ ဓာတ်မှန်ရိုက်တာ
-ဦးနှောက်ကျောရိုးအရည်ကိုစစ်ဆေးတာ
-သံလိုက်ဓာတ်မှန်ရိုက်တာ
-ဦးနှောက်တွင်း သွေးကြောတွေကိုစစ်ဆေးတာ စတာတွေပဲဖြစ်ပါတယ်။
ကုသနည်းများ
အဓိက ကုသနည်းကတော့ ခွဲစိတ်တာပဲဖြစ်ပါတယ်။
Takeaways
လူငယ်တွေလည်း သွေးကြောပေါက်ပြီး လေဖြတ်နိုင်ပါတယ်။ မွေးရာပါ သွေးကြောနံရံအားနည်းလို့ပဲဖြစ်ဖြစ် တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဦးနှောက်သွေးကြောဖောင်းပြီး ပေါက်တတ်ပါတယ်။ ကိုယ့်မှာ သွေးကြောဖောင်းရောဂါရှိတာသိပြီးသားဆိုရင်လည်း ပေါက်နိုင်ချေနည်းအောင် ဆေးလိပ်ဖြတ်ပါ။ မူးယစ်ဆေးမသုံးပါနဲ့။ သွေးတိုးထိန်းပါ။ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ပါ။ သွေးကြောပေါက်တဲ့ လက္ခဏာတွေကိုလည်း သတိထားပါ။