brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မဖျားဘဲ တက်ခြင်း

၁။ မဖျားဘဲတက်ခြင်း ဆိုတာဘာလဲ

မဖျားဘဲ တက်ခြင်း

ရောဂါလက္ခဏာတွေက ဘာတွေလဲ

တက်နေတဲ့အချိန်မှာ ကလေးဟာ သတိလစ်မယ်၊ လဲကျသွားမယ်၊ မျက်လုံးတွေက ကြောင်နေမယ်၊ ဒါမှမဟုတ် မျက်ဖြူလန်နေမယ်။ ခန္ဓါကိုယ်က တောင့်တင်းနေပြီး လက်တွေ ခြေထောက်တွေက ဆန့်နေမယ်။ အများအားဖြင့်တော့ ၅မိနစ်အောက်သာ ကြာမြင့်တတ်ပါတယ်။

ဘာလုပ်သင့်သလဲ

သင့်ကလေးကို ကြမ်းပြင် သို့မဟုတ် ညီညာတဲ့နေရာမှာ ချလိုက်ပါ။ အန္တရာယ်များတဲ့ နေရာမှာ ရောက်နေမှ သူ့ကို နေရာရွှေ့ပါ။ မဟုတ်ရင် သွားမလှုပ်တာ အကောင်းဆုံးပါပဲ။

အရင်က အတက်ကျရောဂါရှိတယ်လို့ သိထားရင်တော့

အတက်ကျသွားတဲ့အခါ ကလေးက အိပ်ချင်နေရင် ပေးအိပ်လိုက်ပါ။ ဦးနှောက်ဟာ အခိုက်အတန့် ပင်ပန်းနေပြီဖြစ်တဲ့အတွက် ကလေးကို နိုးနိုးကြားကြားနေခိုင်းဖို့ မကြိုးစားသင့်ပါဘူး။ ပြန်ပြန်ပြီး တက်တာမျိုးတွေကလည်း ဖြစ်တတ်တာမို့ သင့်ကလေးကို ကုသပေးနေတဲ့ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ပြီး အစီအစဉ်ဆွဲထားဖို့ လိုပါမယ်။

တချို့ဆရာဝန်တွေကတော့ သင့်ကလေးကို အတက်ကျဆေးထပ်ပေးဖို့ အကြံပေးကြမယ်။ တကယ်လို့ ပထမအကြိမ်မှာ မပေးမိခဲ့ဘူးဆိုရင်တော့ ပေးသင့်ပါမယ်။ သင့်ကလေးမှာ အတက်ရောဂါရှိနေရင် တက်တဲ့အခါတိုင်းတော့ အရေးပေါ်ဆေးရုံဆီ သွားပြနေဖို့ မလိုပါဘူး။

ဘယ်နေရာမှာ ကျန်းမာရေးစောင့်ရှောက်မှု ယူနိုင်မလဲ

အရေးပေါ်ဆီ ဖုန်းဆက်သင့်တဲ့ အခြေအနေတွေက

  • ပထမဆုံးတက်တဲ့ကလေးမှာ တက်တဲ့အချိန်က ၅မိနစ်ထက် ကြာနေရင်
  • အတက်ရောဂါရှိတယ်လို့ သိထားတဲ့ကလေးမှာ တက်ချိန်က ၁၀မိနစ်ထက် ကြာနေရင် (ပုံမှန်အားဖြင့် တက်တဲ့အခြေအနေဟာ မိနစ် ၃၀ မကြာမချင်း ဦးနှောက်ကို မထိခိုက်နိုင်ပါဘူး)

ဒါတွေဖြစ်ရင် ဆရာဝန်ဆီ ချက်ချင်းပြပါ

  • ပထမဆုံးအကြိမ်တက်ရင်
  • မကြာခဏ ဖြစ်ဖြစ်နေရင်

ဒါတွေဖြစ်ရင်တော့ ချက်ချင်းဆရာဝန်ခေါ်စရာ မလိုသေးပါဘူး

  • နောက်တစ်ခါ ထပ်တက်ရင်
  • တက်ပြီး ၂နာရီကြာတဲ့အထိ ကလေးက ထိုင်းမှိုင်းနေရင်၊ အားနည်းနေရင်

ဘယ်လိုကာကွယ်လို့ရမလဲ

အားကစားနည်းအများစုကတော့ ဘေးကင်းကြပေမယ့် ပိုပြီးသေချာစေဖို့အတွက်၊ သူမတော်တဆများ ရုတ်တရက် တက်ခဲ့ရင် အန္တရာယ်ဖြစ်သွားနိုင်တဲ့ ကစားနည်းမျိုးတွေကို ရှောင်ခိုင်းပါ။

သစ်ပင်တက်တာလို အမြင့်တက်တဲ့ကစားနည်းတွေ၊ အဝေးပြေးလမ်းမှာ စက်ဘီးစီးတာမျိုးတွေ၊ တစ်ယောက်တည်း ရေကူးတာမျိုးတွေ၊ ကမ်းခြေမှာ ရေလွှာလျှောစီးတာ၊ ဒိုင်ဗင်ထိုးတာ၊ လေထီးခုန်တာ စတာတွေ ပါဝင်ပါတယ်။ ရေစိမ်တာအစား ရေပန်းအောက်မှာ ရေချိုးခိုင်းပါ။ နောက်ပြိး တစ်ယောက်ယောက် အိမ်မှာရှိတဲ့အချိန်မျိုးပဲ ရေစိမ်ချိုးခိုင်းပါ

မဖျားဘဲ တက်ခြင်း နှင့် ပတ်သက်သည့် တခြားသော သိကောင်းစရာများအတွက် ဒါကိုနှိပ်ပါ

Hello Health Group သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။

Dr. Phio Thiha
Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung) · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/08/2022 ဖြစ်ပါသည်။