အတက်ရောဂါ (Seizure) ဆိုတာ
တက်တယ်ဆိုတာက ဦးနှောက်ထဲမှာ ရုတ်တရက် ထိန်းချုပ်လို့မရတော့တဲ့ အနေအထားတစ်ရပ်ဖြစ်ပေါ်ပြီး ကြွက်သားတွေထဲမှာ ထိန်းချုပ်လို့မရတဲ့ အခြေအနေတစ်ရပ်ဖြစ်ပေါ်လာတာပါ။ ဒီလိုဖြစ်တဲ့အခါ လူကရုတ်တရက်မြေပြင်ပေါ်ကိုလဲကျသွားတာမျိုးဖြစ်နိုင်ပါတယ်။ တက်တဲ့အခါ ခန္ဓါကိုယ်ရဲ့ အမူအရာ၊ လှုပ်ရှားမှုနဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုပြောင်းလဲတာမျိုးဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့အခါ သတိလစ်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။ ခဏခဏတက်နေမယ်ဆိုရင်တော့ ဝက်ရူးပြန်ရောဂါရှိနေတာမျိုးဖြစ်နိုင်တာကြောင့် သတိထားဖို့လိုပါမယ်။