ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Lewy body dementia (လူဝီရူးသွပ်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ
ဒီရောဂါအတွက် စမ်းသပ်စစ်ဆေးခြင်းနည်းလမ်းတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။
အောက်ပါစစ်ဆေးစမ်းသပ်မှုတွေ လိုအပ်ပါလိမ့်မယ်။
လူဝီရူးသွပ်ရောဂါရဲ့လက္ခဏာများရှိမရှိ စစ်ဆေးခြင်း
မေးခွန်းများတာဝန်များပေးပြီး စိတ်ပိုင်းအတွေးအခေါ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်ရည်ကိုစစ်ဆေးခြင်း
အလားတူရောဂါတွေရဲ့လက္ခဏာတွေကို ကွဲကွဲပြားပြားခွဲနိုင်ဖို့ သွေးစစ်အဖြေရှာခြင်း
အမ်အာအိုင်၊ စီတီ၊ အက်စ်ပီအီးစီတီစသဖြင့် ဦးနှောက်စကန်ဖတ်ခြင်းတွေကနေ ရူးသွပ်ရောဂါလက္ခဏာတွေနဲ့ ဦးနှောက်ရဲ့အခြားပြဿနာတွေကိုပါသိနိုင်ပါတယ်။
Lewy body dementia (လူဝီရူးသွပ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ
လတ်တလောမှာတော့ ဒီရောဂါကိုပျောက်ကင်းအောင် ရောဂါသက်သာအောင်နည်းပါးောအင် ကုသနိုင်မှုမရှိသေးပါဘူး။
လက္ခဏာအချို့ကိုသက်သာစေနုငိတဲ့ကုထုံးတွေတော့ ရှီပေမယ့် နှစ်နဲ့ချီကြာနိုင်ပါတယ်။
ထင်ယောင်ထင်မှားဖြစ်ခြင်း၊ မရေမရာဖြစ်ခြင်း၊ အိပ်ချင်ငိုက်မြည်းခြင်း၊ ရွေ့လျားလှုပ်ရှားမှုဆိုင်ရာပြဿနာများနဲ့ ကောင်းကောင်းအိပ်စက်မရခြင်းတွေကို သက်သာစေတဲ့ဆေးများ
ဇီဝကမ္မကုထုံးများ၊ အလုပ်အကိုင်ဆိုင်ရာကုထုံးများ၊ လှုပ်ရှားမှုပြဿနာများအတွက် စကားပြောနဲ့ဘာသာစကားဆိုင်ရာကုထုံးများ၊ နေ့စဉ်လုပ်ငန်းဆောင်တာများနဲ့ ပေါင်းသင်းဆက်ဆံစေခြင်း စတဲ့ကုထုံးများ
စိတ်ဝေဒနာ်ဆိုင်ရာ ကုထုံးများ ( မှတ်ဉာဏ်၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ ဘာသာစကားဆိုင်ရာစွမ်းရည်တွေ တိုးတက်ဖို့အတွက် ရည်ရွယ်တဲ့လေ့ကျင့်ခန်းများ ဆောင်ရွက်မှုများ)
အားပေးကူညီမှုနဲ့ အကြံဉာဏ်များရရှိစေဖို့အတွက် မှတ်ဉာဏပိုင်းပြဿနာရှိတဲ့လူနာတွေကို အစည်းအဝေးများကျင်းပပေးခြင်း ။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လူဝီရူးသွပ်ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် လူဝီရူးသွပ်ရောဂါကို
ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
လိုအပ်မယ်ဆိုရင် သူငယ်ချင်းတွေမိတ်တွေအပေါင်းအသင်းတွေနဲ့ မိသားစုဝင်တွေကို အကူအညီတောင်းပါ။ အိမ်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေက အကူအညီပေးနိုင်ပါတယ်။
ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပြီး ကျန်းမာရေးနဲ့ညီညွှတ်စွာနေထိုင်စားသောက်ခြင်း
ရောဂါအကြောင်း သိနိုင်သလောက် လေ့လာခြင်း- ဆရာဝန်တွေ၊ လူမှုရေးဝန်ထမ်းတွေနဲ့ စောင့်ရှော်ကရေးအသင်းအဖွဲပဆတွေကို မေးခွန်းများနေမးခြင်း
အားပေးကူညီသည့်အသင်းအဖွဲ့များနဲ့ ဆက်သွယ်ခြင်း – သင်က လူဝီရူးသွပ်ရောဂါနဲ့ပတ်သက်ပြီး စောင့်ရှေက်မှုပေးနေရသူဆိုရင် လူနာသတိမေ့သတိလစ်ခြင်းရှိမရှိ ဆေးတွေအပေါ်ဆိုးဆိုးရွားရွားတုန့်ပြန်ခြင်းရှီမရှိ သေချာအောင် အနီးကပ်စောင့်ကြည့်သင့်ပါတယ်။ မေရေမရာဖြစ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း စြဖ်နေချိန်တွေမှာ သံသယကိုပျောက်စေအောင်လည်း ကူညီပေးသင့်ပါတယ်။
ကူညီစောင့်ရှောက်ပေးမယ့်သူတစ်ယောငက်အနေနဲ့ အောက်ပါအချက်တွေလိုပါတယ်။
စကားကိုရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပြောခြင်း
မျက်လုံးချင်းဆုံပြီး စကားကိုရှင်းရှင်းနှေးနှေးပြောပါ။ လူနာရဲ့တုန့်ပြန်မှုကို မချေပပါနဲ့။ တစ်ချိန်မှာ စိတ်ကူးတစ်ခုကိုပဲ ပြောဆိုဆွေးနွေးပါ။ အရာဝတ္ထုတွေဆီညွှန်ပြပေးခြင်းစတဲ့ ခြေလက်အမူအရာပြခြင်း၊ အရိပ်အမြွက်ပေးခြင်းတွေကို အသုံးပြုပါ။
လေ့ကျင့်ခန်းပြုလုပ်ဖို့ အားပေးပါ။
အားကစားလေ့ကျင့်ခန်းပြုလုပ်ခြင်းရဲ့အကျိုးကျေးဇူေးတွက ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်ရည်တက်လာခြင်း၊ အမူအကျင့်များနဲ့ စိတ်ဓါ်တ်ကျလက္ခဏာများ သက်သာတိုးတက်လာခြင်းတွေ စြဖ်နိုင်ပါတယ်။ အချို့လေ့လာမှုတွေက လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ဒီရောဂါသည်တွေမှာ မှတ်ဉာဏ်ပိုင်းဆေိုင်ရာဆုံးရှုံးမှုကို နှေးသွားစေနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာလှု့ဆော်ပေးခြင်း
ဂိမ်းများ၊ ဉာဏ်စမ်းပဟေဠိမာ်းနဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကိုအသုံးချရတဲ့ အခြားလုပ်ဆောင်မှုတွေက စိတ်ပိုင်းဆိုင်ရာနိမ့်ကျခြင်းကို နှေ်းစေပါတယ်။
ညဘက်မှာပုံမှန်အလေ့အထမွေးပေးခြင်း
အမူအကျင့်ဆိုင်ရာပြဿနာတွေက ညဘက်မှာပိုဆိုးလာတတ်ပါတယ်။ စိတ်အနှောင့်အယှက်ကင်းကင်း တီဗီကြည့်ခိုင်းခြ်ငး၊ ညစာရှင်းလင်းသိမ်းဆည်းခုငိးခြင်းနဲ့ မိသားစုဝင်တွေနဲ့တက်တက်ကြွကြွရှိနေစေခြင်းစသဖြင့် စိတ်ကိုတည်ငြိစေတဲံညဘက်အလေ့အထတွေကို ဖန်တီေးပးပါ။ မျက်စိလည်လမ်းပျောက်ခြင်းမဖြစ်ဖို့အတွက် ညမီးများထွန်းပေးထားပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။