အဓိပ္ပါယ်ဖွင့်ဆိုချက်
Brain Abscess (ဦးနှောက်ပြည်တည်နာ) ကဘာလဲ။
ဦးနှောက်ပြည်တည်နာဆိုတာ ဦးနှောက်ရောဂါပိုးဝင်ခြင်းတစ်မျိုးကြောင့်ဖြစ်ပြီး သာမန်ကျန်းမာနေသူတွေမှာပါဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားနည်းသူတွေမှာ မှိုကြောင့် ဦးနှောက်ပြည်တည်နာ ရနိုင်ချေများတတ်တယ်။ ပြည်များနဲ့ ဆဲလ်အသေများစုခြင်းဟာ ဦးနှောက်ကိုရောင်ရမ်းစေတယ်။ မှို၊ ဗိုင်းရပ်စ်၊ ဘတ်တီးရီးယားတွေဟာ သင့်ခေါင်းမှဒဏ်ရာ ဒါမှမဟုတ် ခန္ဓါကိုယ်တစ်နေရာရာက ရောဂါပိုးဝင်ခြင်းတစ်ခုခုကနေ ဦးနှောက်ကိုရောက်ရှိပြီး ဦးနှောက်မှာပြည်တည်နာဖြစ်လာတယ်။