အဓိပ္ပါယ်ဖွင့်ဆိုချက်
Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း) ကဘာလဲ။
မျက်နှာက ကြွက်သားတွေ ယာယီချည့်နဲ့ပြီး အကြောဆွဲသွားတဲ့အခြေအနေ ဖြစ်ပါတယ်။ မျက်နှာရဲ့ကြွက်သားတွေကို ထိတ်းချုပ်တဲ့ အာရုံကြောတွေ ရောင်ရမ်းပြီး ဖိညပ်မိရင် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ မျက်နှာတဖက်ဟာ အောက်ကိုလျော့ရဲကျခြင်း၊ ဒါမှမဟုတ် တောင့်တင်းခြင်း ဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့မျက်နှာဘက်ခြမ်းမှာ ပြုံးဖို့၊ မျက်လုံးမှတ်ဖို့ အခက်တွေ့တတ်ပါတယ်။ များသောအားဖြင့် ယာယီအခြေအနေဖြစ်ပြီး ရက်သတ္တပတ် အနည်းငယ် ကြာရင် ပျောက်သွားတတ်ပါတယ်။