backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Airsickness (လေယာဉ်မူးခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Airsickness (လေယာဉ်မူးခြင်း) ကဘာလဲ။

လူးလွန့်နေတဲ့လှေပေါ်မှာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေတဲ့ လှေပေါ်မှာဝမ်းဗိုက်မအီမသာ ဖြစ်တဲ့အခါ ယာဉ်မူးခြင်းဖြစ်ကြောင်း သိနိုင်ပါတယ်။

လေယဉ်မူးခြင်းဆိုတာကတော့ လေယာဉ်မောင်းသူတွေနဲ့ ခရီးသည်တွေမှာ ခံစားရတဲ့ ပြသနာဖြစ်ပါတယ်။ လေကြောင်းခရီးသွားတဲ့အခါ ဖြစ်ပေါ်ပါတယ်။ ပျံသန်းမှုစတင်လေ့ကျင့်ခါစမှာ ကိုယ်ခန္ဓါကနေ ရွေ့လျားနေတဲ့အရာတွေနဲ့ လိုက်ပါချိန်ညှိဖို့ ကြိုးစားရင်း မူးဝေခြင်းဖြစ်တတ်ပါတယ်။ လူအများစုဟာလည်း ပထမအကြိမ်လေယဉ်စီးတဲ့အခါ ဖြစ်တတ်ပါတယ်။ ဖြေရှင်းနည်းတွေတော့ ရှိပါတယ်။

Airsickness (လေယာဉ်မူးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Airsickness (လေယာဉ်မူးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အောက်ပါအချက်တွေကတော့ အတွေ့များတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

  • ပျို့ချင်အန်ချင်ဖြစ်ခြင်း
  • ပျို့အန်ခြင်း
  • နွမ်းနယ်ခြင်း
  • အေးခြင်း
  • ချွေးထွက်ခြင်း
  • သွားရည်ပိုထွက်လာခြင်း
  • အန်ခြင်း
  • သမ်းဝေခြင်း
  • ခေါင်းကိုက်ခြင်း
  • မူးခြင်း
  • ပိုဆိုးရွားတဲ့အခြေအနေမှာ ပတ်ဝန်းကျင် အမှန်ကို မသိခြင်း၊ ပုံမှန်အတိုင်း မလုပ်ဆောင်နိုင်ခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Airsickness (လေယာဉ်မူးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

လေယာဉ်မူးခြင်းဆိုတာ မတူညီတဲ့အချက်ပြမှုတွေကို သိနိုင်အောင် ကြိုးစားရာမှာ ကိုယ်ခန္ဓါကနေ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ လေယာဉ်ဖြစ်စေ ကားဖြစ်စေ ရွေ့လျားနေတဲ့ ယာဉ်ထဲမှာ နားရဲ့အတွင်းပိုင်း ပြွန်စနစ်ဟာ ရွေ့လျားမှုကို ခံစားရပေမယ့် မျက်စိရဲ့ အမြင်ကို ဦးနှောက်ကနေ ရွေ့လျားမှုမရှိသလို လက်ခံပါတယ်။

လေယာဉ်ပျံသန်းချိန်မှာ မျက်စိဟာ ကိုယ်ခန္ဓါအနေနဲ့ မရွေ့လျားသယောင် ထိန်းညှိပေးပါတယ်။ သင့်ခန္ဓါကို (အထူးသဖြင့် အတွင်းနား)ဟာ အမှန်တကယ်ရွေ့လျားမှုနဲ့ မြေဆွဲအားကို သိရှိခံစားရပြီး ဦးနှောက်ကို အချက်ပြပါတယ်။ အဲဒီအခါမှာ ဒီအချက်ပြမှုတွေဟာ ရှုပ်ဖေထွးသွားပြီး ပျို့အန်ချင်စိတ်နဲ့ တခြားလက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Airsickness (လေယာဉ်မူးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • နေမကောင်းခြင်း
  • ဆေးဝါးကုသမှုခံယူနေခြင်း
  • စိတ်ဖိစီးခြင်း၊ ပူပန်ခြင်း
  • အရက်
  • နွမ်းနယ်ခြင်း
  • စိတ်ခံစားမှုများ
  • စိတ်ပူပန်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Airsickness (လေယာဉ်မူးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ယေဘုယျအားဖြင့် လေယာဉ်မူးခြင်း အပါအဝင် ယာဉ်မူးခြင်းတွေဟာ လူနာရဲ့ ရာဇဝင်နဲ့ ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေကနေ ရောဂါအတည်ပြုပါတယ်။ လူနာတဦးချင်းရဲ့ ပြောပြလာတဲ့ လက္ခဏာတွေဟာ ရောဂါအတည်ပြုဖို့ လုံလောက်ပါတယ်။ များသောအားဖြင့် ဓါတ်ခွဲစစ်ဆေးမှု မလိုအပ်ပါဘူး။

Airsickness (လေယာဉ်မူးခြင်း) ကို ဘယ်လိုကုသပါသလဲ

ပျို့န်ခြင်းကို လျှော့ချဖို့ ဆေးဝါးများ သုံးစွဲနိုင်ပါတယ်။

  • Scopolamine ကို ဆေးဖတ်အနေနဲ့ နားနောက်မှာ ကပ်ထားနိုင်ပါတယ်။
  • ပျို့အန်ခြင်းပျောက်တဲ့ဆေးတွေ ဥပမာ- ondansetron (Zofran) နဲ့ prochlorperazine (Compazine) သုံးစွဲနိုင်ပါတယ်။
  • အချို့သော ဟစ်စတမင်းဆန့်ကျင်ဆေးတွေ ဥပမာ- dimenhydrinate (Dramamine) နဲ့ meclizine (Antivert, Bonine) သုံးစွဲနိုင်ပါတယ်။

ဆေးအချို့ဟာ ဆရာဝန်ညွှန်းစာ လိုပါတယ်။ ခရီးမထွက်ခင် သောက်သုံးထားရင် အကောင်းဆုံးပါပဲ။

အောက်ပါအချက်တွေကိုလည်း ကြိုးစားကြည့်နိုင်ပါတယ်။

  • လတ်ဆတ်တဲ့လေကိုရှူပါ။ လေပေါက်တွေ ပြတင်းပေါက်တွေဖွင့်ပါ။
  • အပြင်ဘက် မိုးကုတ်စက်ဝိုင်းတနေရာက အမှတ်အသားတခုခုကို ကြည့်နေပြီး အချိုးအကွေ့၊ အနိမ့်အမြင့်တွေကို သိပ်မသိသာအောင်လုပ်ပါ။ ခေါင်းကို တတ်နိုင်သမျှ ငြိမ်အောင်ထားပါ။
  • ရနိုင်မည်ဆိုပါက အောက်ဆီဂျင်ရှူပါ
  • သင်ဟာ ပျံသန်းနေတဲ့ လေယာဉ်မှူးမဟုတ်ရင် စွမ်းရည်လည်းရှိရင် ပျံသန်းထိန်းချုပ်ဖို့ တောင်းဆိုပါ။ တခုတည်းပေါ်မှာ အာရုံစိုက်ထားရင် မအီမသာဖြစ်ခြင်းကနေ ကင်းဝေးစေပါတယ်။

အောက်ပါအချက်တွေကို ရှောင်ကြဉ်ပါ။

  • ပျံသန်းနေစဉ် စာဖတ်ခြင်း
  • ခေါင်းကိုမထောင်ခြင်း
  • လေယာဉ်မူးခြင်းအပေါ်တွင်သာ အာရုံစိုက်ခြင်း။ မအီမသာဖြစ်နေတယ်လို့ပဲ စဉ်းစားနေရင် တကယ်လည်း ဖြစ်ပါတယ်။ အပြုသဘောဆောင်ပြီး အာရုံတခုခုဝင်စားပြီး စိတ်ကိုအလုပ်ပေးထားပါ
  • လေယာဉ်မှူးဖြစ်ပါက လေယာဉ်မောင်းဖို့ မမေ့ပါနှင့်။ ပျံသန်းနိုင်ဖို့ နေမကောင်းဘူးဆိုရင်တော့ အမြန်ဆုံးဆင်းသက်နိုင်ဖို့ ကြိုးပမ်းပါ။
  • လေယာဉ်မှူးဖြစ်ပါက မပျံသန်းမီ မည်သည့်ဆေးမျှ မသောက်ပါနှင့်။ လေယာဉ်မှူးများ မပျံသန်းမီ လေယာဉ်မူးခြင်းအတွက် သောက်သုံးရန် FAA မှ ခွင့်ပြုထားသော၊ မိမိဖာသာဝယ်ယူနိုင်သော ဆေးဝါးများ မရှိပါ။ အမူးပျောက်စေတဲ့ဆေးဝါးတိုင်းမှာ လေယာဉ်မှူးတွေရဲ့ စွမ်းရည်ကို ထိခိုက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ အရမ်းမူးနေရင် လေကြောင်းဆရာဝန်နဲ့ ပြသပါ။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက လေယာဉ်မူးခြင်းအတွက် အထောက်အကူ ပြုသလဲ

အောက်ပါအချက်တွေဟာ အထောက်အကူပြုပါတယ်။

  • လေယာဉ်မူးလွယ်ရင် ခရီးတိုလေးတွေ ပိုင်းပြီးစီးခြင်းအားဖြင့် ကိုယ်ခန္ဓါဟာ ရွေ့လျားမှုကို ထိန်းညှိလုပ်ဆောင် နိုင်ပါလိမ့်မယ်။
  • ဆိုဒိယမ်နဲ့ အဆီဓါတ်နည်းတဲ့ အစာတေါစားပါ။ လေယာဉ်မစီးခင် အချိန်ကပ်မစားပါနှင့်။ အစာလုံးဝမရှိဘဲနှင့်လည်း မစီးပါနှင့်။
  • ရေသောက်ပါ။
  • လေယာဉ်နဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပါ။ ခရီးစဉ်မတိုင်ခင် ဘယ်လိုစီးရမလဲ လေ့လာပါ။ ကြိုတင်ပြင်ဆင်ခြင်းဟာ စိတ်ပူပန်မှုကို လျော့ကျစေပါတယ်။
  • လေယာဉ်မောင်းသင်တန်းသားဖြစ်နေရင် ဆရာဆီက အကြံဉာဏ်ယူပါ။ ဥပမာ အချိုးအကွေ့များတဲ့ ပျံသန်းမှုတွေအစား ဖြောင့်ဖြောင့်သါားရတာများတဲ့ ပျံသန်းမှုကို ကြိုးစားကြည်ပပါ။
  • ချင်း (ဂျင်း)၊ ဖိအားကုထုံးစတဲ့ သဘာဝနည်းလမ်းတွေဟာ တခါတရံ အသုံးဝင်ပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement