အခြားသွေးရောဂါများ

အခြားသွေးရောဂါများ နဲ့ ပတ်သက်ပြီး အမျိုးအစားများ၊ လက္ခဏာများ၊ ကုထုံးများ၊ ဆောင်ရန် ရှောင်ရန်များကို လေ့လာဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားသွေးရောဂါများ

သွေးပျစ်ခြင်း အကြောင်း သိထားသင့်သမျှ

သွေးပျစ်ခြင်း ဆိုတာ နာမည်အတိုင်းပဲ သွေးကြောထဲမှာ လွတ်လွတ်လပ်လပ် လှည့်ပတ်နေရမယ့် သွေးက ပျစ်ပြီးတော့ သွေးလည်ပတ်မှု မကောင်းတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တွင်းအင်္ဂါတွေဆီကို သွေးကောင်းကောင်း မရောက်ဘဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒီနေရာမှာ သွေးပျစ်တယ်ဆိုပြီး အလွယ်ပြောကြတဲ့ ရောဂါ၃ခုရှိပါတယ်။ ပထမတစ်ခုက Hyperviscosityဆိုတဲ့ သွေးပျစ်တဲ့ အခြေအနေကိုလည်း သွေးပျစ်တယ်လို့ ခေါ်ကြပါတယ်။ ဒုတိယ Hypercoagulability ဆိုတာကိုလည်း သွေးပျစ်တယ်လို့ အလွယ်ခေါ်ကြပေမယ့် အတိအကျပြောရရင် သွေးခဲလွယ်တဲ့ရောဂါ ဖြစ်ပါတယ်။ နောက် Polycythemia ကိုလည်း သွေးပျစ်တယ်လို့ ပြောကြပေမယ့် ဒါက တကယ်တော့ သွေးနီဥများတဲ့ ပြဿနာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို ပြောလိုက်ရင် ရှင်းပေမယ့် မြန်မာလိုဆို အားလုံးက သွေးပျစ်တယ်လို့ ပြောနေတော့ ဘယ်ရောဂါကို ပြောချင်မှန်း မသိတာမျိုး […]

အခြားသွေးရောဂါများ ကို ရှာဖွေမည်။

အခြားသွေးရောဂါများ

သင့်သွေးအမျိုးအစား ကပြောတဲ့ သင့်ကျန်းမာရေး အကြောင်း

သင်သွေးလှူဖူးပါသလား။ သွေးမလှူခင်မှာ သင့်သွေးအမျိုးအစားကို စစ်ဆေးကြည့်ရပါတယ်။ အချို့သောသူတွေဟာ မိမိရဲ့သွေးအုပ်စုက ဘာအုပ်စုလည်းဆိုတာမသိကြပါဘူး။ အများစုကတော့ သိနှင့်ပြီးသားပါ။ သင့်သွေးအုပ်စုအမျိုးအစားနဲ့ ကျန်းမာရေးအခြေအနေဟာ ဆက်စပ်မှုရှိပါတယ်။ သင့်သွေးအမျိုးအစား ကပြောတဲ့ သင့်ကျန်းမာရေး အကြောင်း လေ့လာကြည့်ရအောင်။ သင့်သွေးအမျိုးအစား ကပြောတဲ့ သင့်ကျန်းမာရေး အကြောင်း သင့်သွေးအမျိုးအစား ကပြောတဲ့ သင့်ကျန်းမာရေး အကြောင်း မပြောခင် သွေးအုပ်စုတွေအကြောင်းလေး အရင်ပြောပြမယ်နော်။ သွေးအုပ်စုအမျိုးအစားလေးမျိုးရှိပါတယ်။ အေ ( A ) ,ဘီ ( B ) ,အေဘီ ( AB )နဲ့ အို (O) တို့ပါ။ စိတ်ပိုင်းဆိုင်ရာ ။    ။ဒိန်းမတ်နိုင်ငံရဲ့ သုတေသနတစ်ခုအရ သွေးအုပ်စု ‘AB’ သွေးပိုင်ရှင်တွေရဲ့ (၈၂) ရာခိုင်နှုန်းလောက်ဟာ မှတ်ဉာဏ်ပျောက်ဆုံးလွယ်ပါတယ်။ အသက်ကြီးရင့်သူ ‘AB’ သွေးပိုင်ရှင် တွေဟာ […]


အခြားသွေးရောဂါများ

သွေးဆိပ်သင့် ခြင်း

သွေးဆိပ်သင့် တယ်ဆိုတာ ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်တာတဲ့အခါ ခုခံအားစနစ်က ဓာတ်ပစ္စည်းတွေကို ထုတ်ပြီး ပြန်တိုက်ခိုက်လို့ ဖြစ်လာတာပါ။ ဒီရောဂါက ဆိုးရွားပြီး သေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ သွေးဆိပ်သင့် တာကို ၃ဆင့်ခွဲလို့ ရပါတယ်။ ရောဂါပိုးတွေ သွေးထဲကို ရောက်လာပြီး ခန္ဓာကိုယ်ရောင်ရမ်းလာတာကို 'သွေးဆိပ်သင့်'တယ်လို့ ခေါ်ပါတယ်။ သွေးဆိပ်သင့်တာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ အရေးကြီးတဲ့အင်္ဂါတွေဖြစ်တဲ့ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်တွေကို ထိခိုက်လာပြီဆိုရင် 'ပြင်းထန်သွေးဆိပ်သင့်'တယ်လို့ ခေါ်ပါတယ်။ သွေးပေါင်တွေပါကျပြီး အဆုတ်တွေ၊ ကျောက်ကပ်တွေပါ ထိလာတယ်၊ တခြားကိုယ်တွင်းအင်္ဂါတွေပါ ထိခိုက်လာတယ်။ သေဆုံးတဲ့အထိပြင်းထန်တယ်ဆိုရင်ေတာ့ 'သွေးဆိပ်သင့်ရှော့ဖြစ်'တယ်လို့ ခေါ်ပါတယ်။ သွေးဆိပ်သင့်တာက လူတိုင်းဖြစ်နိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေ၊ ခုခံအားနည်းတဲ့သူတွေက ပိုပြီးသတိထားရပါမယ်။ ဘာလို့ သွေးဆိပ်သင့် တာလဲ။ ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုးစတာတွေက သွေးဆိပ်သင့်တာကို ဖြစ်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ […]


အခြားသွေးရောဂါများ

အသက်ကယ်ဖို့ သွေးလှူ ကြမယ် ဆိုရင်

“သင့်သွေးဖြင့်အသက်ကယ်ပါ” ဆိုတဲ့ စာကြောင်းလေးက မွန်မြတ်တဲ့ အဓိပ္ပာယ်အပြည့်ရှိပါတယ်။ ကိုယ်လှူလိုက်တဲ့သွေးက ရောဂါအခြေအနေအမျိုးမျိုးကြောင့် သွေးသွင်းဖို့လိုအပ်တဲ့လူနာတွေအတွက် အသက်ကယ်နိုင်လောက်အောင် တန်ဖိုးကြီးတဲ့ လက်ဆောင်ပါပဲ။ ဒီစိတ်ကလေးနဲ့ပဲ ပုံမှန်သွေးလှူနေကြသူတွေ၊ အရေးပေါ်လိုအပ်ချိန်မှာ ပြေးပြီးသွေးလှူပေးကြသူတွေ၊ လူနာနဲ့ကိုက်ညီတဲ့ သွေးအလှူရှင်ရဖို့ အပြေးအလွှားကူရှာပေးသူတွေ၊ သွေးလှူ ကြဖို့ တိုက်တွန်းနှိုးဆော်သူတွေရှိနေတာပါ။ ဒီလိုမွန်မြတ်တဲ့စိတ်ထားလေးတွေရှိနေတဲ့ သွေးအလှူရှင်တွေရဲ့ ကျန်းမာရေးကလည်း အရေးကြီးတယ်ဆိုတာ မေ့မထားသင့်ပါဘူး။ လူကကျန်းမာနေမှ၊ သွေးအားကောင်းနေမှလည်း ဒီအလုပ်တွေ ဆက်လုပ်နိုင်မှာလေ။ ဒါ့ကြောင့် သွေးအလှူရှင်တွေအတွက် သိထားသင့်တဲ့ သတိပြုစရာအချက်လေးတွေ အကြံပေးလိုက်ရပါတယ်။ ဒီလိုမျိုးဆို သွေးလှူလို့မရပါ အဓိကအားဖြင့် - မကြာခဏနေမကောင်းဖြစ်တတ်ရင် အသက် ၁၈ နှစ်မပြည့်သေးရင် ကိုယ်အလေးချိန် အနည်းဆုံး ပေါင် ၁၁၀ မပြည့်ရင် ကိုယ်ဝန်ရှိနေရင် အိတ်ချ်အိုင်ဗီ၊ အသည်းရောင် ဘီ၊ စီ၊ အေ တို့လို ရောဂါအခံတစ်ခုခုရှိနေရင် စတဲ့ အခြေအနေတွေ […]


အခြားသွေးရောဂါများ

ကြီးကြီးမားမားထိခိုက်တာမျိုးမရှိဘဲနဲ့ သွေးခြည်ဥ အညိုအမည်းစွဲတာတွေ ဖြစ်နေပြီလား။ ။

ကြီးကြီးမားမားထိခိုက်တာမျိုးမရှိဘဲနဲ့ သွေးခြည်ဥ အညိုအမည်းစွဲတာတွေ ဖြစ်နေပြီလား။ ။ ဒါကပြောရမယ်ဆို အစပိုင်းမှာပြဿနာမရှိပေမယ့် နောက်ပိုင်းကျရင် ဆိုးဝါးလာမယ့်အခြေအနေလို့ ပြောလို့ရပါတယ်။ ဒီတော့ ဒါတွေဘာကြောင့်ဖြစ်ရတာလဲဆိုတာကို သိဖို့လိုလာတာပေါ့ ။ ကြီးကြီးမားမားထိခိုက်တာမျိုးမရှိဘဲနဲ့ သွေးခြည်ဥ အညိုအမည်းစွဲတာတွေ ဖြစ်နေပြီလား။ ။ အကြောင်းအရင်းတွေကို အရင်မပြောခင် သွေးခြည်ဥတယ် အညိုအမည်းစွဲတယ်ဆိုတာ ဘာလဲအရင်ပြောပြချင်ပါတယ်။ သွေးခြည်ဥတယ်ဆိုတာ အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေ ပေါက်ပြီး သွေးတွေထွက်လာကာ ညိုမည်းတက်လာတာဖြစ်ပါတယ်။ ပြုတ်ကျတာဖြစ်ဖြစ်၊ အထိုးခံရလို့ဖြစ်ဖြစ်၊ လေးတဲ့အရာတစ်ခုခု အဖိခံရလို့ ဖြစ်ဖြစ် သွေးကြောလေးတွေပေါက်ပြီး အညိုအမည်း စွဲတတ်ပါတယ်။ အသေးအမွှား အညိုအမည်းစွဲတာလောက်က ရက်ပိုင်းလောက်နဲ့ ပြန်ပျောက်တတ်ပေမယ့် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာကြောင့်ရတဲ့ သွေးခြည်ဥတာမျိုးကတော့ လပိုင်းလောက် ပျောက်ဖို့ အချိန်ယူရတတ်ပါတယ်။ လူတိုင်းတော့ ထိခိုက်မိရင်သွေးခြည်ဥတတ်ကြတာပဲလေ။ ပုံမှန် မဟုတ်ဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ။ ။ သွေးခြည်ဥတာမျိုးတွေထဲကမှ ခုပြောမယ့် သွေးခြည်ဥတဲ့ပုံစံမျိုးတွေ တွေ့ရင် ပုံမှန် မဟုတ်ဘူးလို့ […]


အခြားသွေးရောဂါများ

သွေးပျစ်တဲ့ပြဿနာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။

သွေးပျစ်တဲ့ပြဿနာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။ သွေးပျစ်တဲ့ ပြဿနာကို အားလုံးကြားဖူးကြမှာပါ။ သူ့ဘာသာသူဆို ပြဿနာ မဖြစ်တတ်ပေမယ့် ဒီလို သွေးပျစ်တဲ့ ပြဿနာ ခံစားနေရတဲ့သူတွေဟာ နောက်ပိုင်း ကြာလာရင် သွေးကြော တွေထဲ သွေးခဲတဲ့ပြဿနာတွေဖြစ်၊ သွေးကြောတွေ ပိတ်သွားတတ်လို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေအထိ ရောက်သွားတတ်ပါတယ်။ ဒ့ါကြောင့် ဒီသွေးပျစ်တဲ့ ကိစ္စဟာလည်း ပေါ့ဆလို့ မရတဲ့ ကျန်းမာရေးအခြေအနေတစ်ခုလို့ ပြောလို့ရပါတယ်။ သွေးပျစ်တဲ့ပြဿနာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။ လူတိုင်းမှာ သွေးတွေရှိကြတာပဲ။ နောက်ပိုင်း အသက်တွေ ကြီးလာရင် ပျစ်လာမှာလား။ သွေးပျစ်တဲ့ပြဿနာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။ လူတိုင်းမှာ သွေးရှိတယ် ဆိုပေမယ့် လူတိုင်း သွေးပျစ်တဲ့ ပြဿနာကို ခံစားရမှာ မဟုတ်ပါဘူး။ သွေးပျစ်တဲ့ ဝေဒနာကိုခံစားရဖို့ အလားအလာ များတဲ့သူတွေ သပ်သပ် ရှိပါတယ်။ သူတို့တွေကတော့ သွေးပျစ်တဲ့ […]


အခြားသွေးရောဂါများ

Hemophagocytic lymphohistiocytosis (HLH) (Hemophagocytic lymphohistiocytosis (HLH))

အဓိပ္ပါယ်ဖွင့်ဆိုချက်Hemophagocytic lymphohistiocytosis (HLH) ဆိုတာဘာလဲ။ Hemophagocytic lymphohistiocytosis (HLH) ဆိုတာက တက်ကြွနေတဲ့ခုခံအားစနစ်ကဆဲလ်တွေ (မက်ခရိုဖာ့ခ်ျနဲ့ လင်ဖိုဆိုက်) ခန္ဓါကိုယ်မှာ အများကြီးဖြစ်လာတဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။ HLH ရှိသူတွေမှာ များသောအားဖြင့် အသက် တစ်လ သို့မဟုတ် တစ်နှစ်အတွင်း လက္ခဏာပေါ်လာပါတယ်။ လက္ခဏာတွေမှာ ဖျားခြင်း၊ အသည်း ဘေလုံးကြီးခြင်း၊ cytopenia (သွေးဆဲလ်များကျခြင်း) နှင့် အာရုံကြောစနစ်မူမမှန်ခြင်းများ ပါဝင်ပါတယ်။   Hemophagocytic lymphohistiocytosis (HLH) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Hemophagocytic lymphohistiocytosis (HLH) က ရှားပါတဲ့ ကိုယ်ခံအားစနစ်ရောဂါဖြစ်ပြီး နို့စို့အရွယ်တွေနဲ့ ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ဘယ်အရွယ်မှာမဆို ဖြစ်နိုင်တာကို သိထားပါ။ ဆွီဒင်နိုင်ငံက လူဦးရေအခြေပြုတဲ့ လေ့လာမှုတစ်ခုအရ ကလေး ၁ သန်းမှာ ၁.၂ ယောက်နှုန်း၊ […]


အခြားသွေးရောဂါများ

သင့်သွေးဖြင့် အသက်ကယ်ပါ

သွေးလှူခြင်းဆိုတာ လူတိုင်းနဲ့ ရင်းနှီးပြီးသား စာလုံးလေးပါ။ ကိုယ့်သွေးကြောင့် တပါးသူ ကျန်းမာပျော်ရွှင်လာစေမယ်ဆိုတဲ့ အသိတခုတည်းနဲ့တင် သွေးလှူရတာ တန်နေပါပြီ။ အကြိမ်ရေ ရာပေါင်းများစွာ လှူဖူးသူတွေ ရှိတာလည်း သတင်းစာတွေထဲမှာ ဖတ်ဖူးကြမှာပါ။ လိုအပ်နေသူကို လှူဒါန်းရတဲ့ ကာလဒါနဖြစ်တဲ့အပြင် မိမိခန္ဓါကိုယ်ရဲ့ အသွေးအသား အစိတ်အပိုင်းကို လှူဒါန်းရခြင်းဖြစ်တဲ့အတွက် လောကီလောကုတ် နှစ်ဖြာအကျိုးကိုလည်း ပွားစေပါတယ်။ ဒါကြောင့် လူမှုရေးရှုထောင့်ကပဲ ကြည့်ကြည့်၊ဘာသာရေးရှုထောင့်ကပဲ ကြည့်ကြည့် နှစ်ဦးနှစ်ဖက် အင်မတန် အကျိုးများတဲ့ သွေးလှူခြင်းအကြောင်း တစေ့တစောင်းကို ဒီဆောင်းပါးလေးမှာ မျှဝေပေးသွားပါမယ်။   ဘယ်လိုလူတွေ သွေးလိုအပ်သလဲ   သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် မတော်တဆမှုတွေ၊အရေးပေါ်အခြေအနေတွေကြောင့် ထိခိုက်ဒါဏ်ရာ ပြင်းထန်စွာရသူတွေ။ ခွဲစိတ်မှုခံယူရင်း သွေးအလွန်အကျွံဆုံးရှုံးသူတွေ။ ကိုယ်ဝန်ဆောင်ချိန် သွေးသွန်သူတွေ၊သားပျက်သားလျှောဖြစ်သူတွေ၊ကလေးမီးဖွားရင်း သွေးအလွန်အကျွံဆုံးရှုံးသူတွေ။ Thalassemia လို ရောဂါမျိုးကြောင့် သွေးအားနည်းရောဂါကို အပြင်းအထန် ခံစားနေရပြီး သွေးမကြာခဏသွင်းဖို့ လိုအပ်နေသူတွေအနေနဲ့ သွေးသွင်းကုသမှု ခံယူဖို့လိုအပ်ပါတယ်။ ဒါကြောင့် သင့်သွေးဟာ […]


အခြားသွေးရောဂါများ

သွေးဆိပ်သင့်ခြင်း

သွေးဆိပ်သင့်ခြင်းဆိုတာ အချို့သော ဘက်တီးရီးယားပိုးမွှားများ ကူးစက်ခံရခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ ရှားပါးတဲ့ အခြေအနေတစ်ခုဖြစ်ပြီး ဖြစ်လာခဲ့ရင်လည်း လူ့အသက်ကို သေစေနိုင်တဲ့အထိ ဆိုးရွားပြင်းထန်တတ်ပါတယ်။ သွေးဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကတော့ စုပ်ယူမှုအား အလွန်ကောင်းတဲ့ အမျိုးသမီးလစဉ်သုံး tampon များ၊ အရေပြားပေါ်ရှိ ပြတ်ရှဒဏ်ရာ၊ မီးလောင်ဒဏ်ရာများ၊ လတ်တလောတွင် ခွဲစိတ်ကုသမှု ခံယူထားရခြင်း၊ သန္ဓေတားရန်အသုံးပြုသည့် ပစ္စည်းများ၊ တုတ်ကွေး၊ ရေကျောက်စတဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုများပဲ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အကြံပြုချက်တွေအတိုင်း လိုက်နာဆောင်ရွက်ခြင်းအားဖြင့် သွေးဆိပ်သင့်နိုင်တဲ့ အလားအလာကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီးလစဉ်သုံး tampon များကို မကြာခဏ လဲလှယ်ပေးပါ၊ အနည်းဆုံး ၄နာရီ မှ ၈နာရီခြားတစ်ကြိမ် လဲလှယ်ပေးပါ ရာသီသွေးဆင်းနည်းချိန်များတွင် အသေးစား လစဉ်သုံးပစ္စည်းများကိုသာ အသုံးပြုပါ ယခင်က သွေးဆိပ်သင့်ဖူးသည့် ရောဂါရာဇဝင်ရှိလျှင်၊ […]


အခြားသွေးရောဂါများ

Phlebitis (သွေးပြန်ကြောရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Phlebitis (သွေးပြန်ကြောရောင်ခြင်း) ကဘာလဲ။ သွေးပြန်ကြောရောင်ခြင်းကို Phlebitis လို့ခေါ်ပြီး သွေးခဲကြောင့်သွေးပြန်ကြောရောင်ခြင်းကို Thrombophlebitis လို့ခေါ်ပါတယ်။ သွေးပြန်ကြောရောင်ခြင်းဟာ အပေါ်ယံအရေပြား ဒါမှမဟုတ် အောက်ဖက် တစ်သျှူးထဲမှာ ဖြစ်ပါတယ်။ အပေါ်ယံ သွေးပြန်ကြောရောင်ခြင်းဟာ အရေပြားအောက်မှာ ဖြစ်ပေါ်ပါတယ်။ ပိုပြီးအောက်ဖက်ရောက်တဲ့ သွေးပြန်ကြောတွေထဲမှာ သွေးခဲကြောင့် သွေးပြန်ကြောရောင်ခြင်းရောင်ခြင်း၊ သွေးခဲပိတ်ဆိုပခြင်းတွေ တွေ့ရတတ်ပါတယ်။ Phlebitis (သွေးပြန်ကြောရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများPhlebitis (သွေးပြန်ကြောရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ နာကျင်ခြင်း အရေပြားအောက်တွင်အဖုဖြစ်နေခြင်း အရေပြားနီရဲခြင်း အပေါ်ယံဖြစ်စေ အောက်ပိုင်းဖြစ်စေ သွေးပြန်ကြောရောင်ခြင်းဟာ အဖျားငွေ့ငွေ့ရှိခြင်းနဲ့ ဆက်စပ်နေပါတယ်။ အပြင်းဖျားခြင်း၊ ရောင်တဲ့နေရာက ပြည်ထွက်ခြင်း စတာတွေဟာ ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်ပါတယ်။ သွေးပြန်ကြောတလျှောက် အကြောကိုစမ်းမိရင် အပေါ်ယံသွေးခဲခြင်း ဒါမှမဟုတ် အပေါ်ယံသွေးခဲမှုကြောင့် သွေးပြန်ကြောရောင်ခြင်း ဖြစ်ပါတယ်။ အောက်ပိုင်းသွေးပြန်ကြောထဲ သွေးခဲရင် သက်ဆိုင်ရာ ခြေလက်တွေဟာ နီရဲနာကျင်နေတတ်ပါတယ်။ ခြေထောက်မှာဆိုရင် လမ်းလျှောက်ရခက်ခဲပါတယ်။ အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ […]


အခြားသွေးရောဂါများ

Peripheral Arterial Disease (ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Peripheral Arterial Disease (ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါ) ကဘာလဲ။ ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါသည် သွေးလည်ပတ်မှုတွင်ဖြစ်သောအဖြစ်များသည့်ပြသာနာဖြစ်ပြီး သွေးလွတ်ကြောများကျဉ်းခြင်းကြောင့် သင့်ခြေလက်များကိုသွေးမရောက်နိုင်ခြင်းဖြစ်သည်။ ပင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါဖြစ်ပါက သင့်ခြေလက်-များသောအားဖြင့် ခြေ-တါင် သွေးလိုအပ်သလောက်မရတော့ပေ။ ထိုကြောင့်လက္ခဏာများဖြစ်စေပြီး သတိထားမိတတ်သောလက္ခဏာမှာ လမ်းလျောက်ချိန်ခြေထောက်နာခြင်း(ကလော့ဒီကေးရှင်း)ဖြစ်သည်။ ပင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါသည် သွေးကြောများတါင် အဆီစုပုံခြင်း(သွေးကြောကျဉ်းခြင်း၏လက္ခဏာဖြစ်နိုင်သည်။ ထိုအခြေအနေသည် သင့်နှလုံးဦးနှောက်ကိုသာမက ခြေထောက်ကိုသာသွေး၇ရှိမှုနည်းစေသည်။ Peripheral Arterial Disease (ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPeripheral Arterial Disease (ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ပင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါဖြစ်သောသူများတွင် ရောဂါသိပ်မပြင်းထန်ခြင်းသို့မဟုတ် လက္ခဏာမပြတတ်ပါ။ အချိုသူများတွင်လမ်းလျောက်လျင်နာခြင်း(ကလော့ဒီကေးရှင်း)ရှိတတ်သည်။ ကလော့ဒီကေးရှင်းလက္ခဏာများတွင်ခြေလက်များတွင် ကြွက်သားနာခြင်း သို့မဟုတ် ကြွက်တတ်ခြင်းရှိတတ်သည်။ လှုပ်ရှားသောအချိန် ဥပမာလမ်းလျောက်ခြင်းတွင်ဖြစ်ပြီး နားပြီး မိနစ်အနည်းငယ်ကြာချိန်တွင်ပျောက်သွားတတ်သည်။ နာသောနေရာသည် ပိတ်သောသွေးလွတ်ကြောပေါ်မူတည်သည်။ ခြေသလုံးကြွက်သားတွင်အဖြစ်များသည်။ ကလော့ဒီနေးရှင်းပြင်းထန်မှုမျိုးစုံရှိသည်။ သိပ်မပြင်းထန်ခြင်းမှအားအင်ကုန်ခမ်းလောက်အောင်နာခြင်းတို့ဖြစ်သည်။ ပြင်းသော ကလော့ဒီကေးရှင်းက လမ်းလျောက်ရန် သို့မဟုတ် အခြားအလုပ်လုပ်ရန်ခက်ခဲသည်အထိဖြစ်စေသည်။ ပင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါ၏လက္ခဏာများမှာ သင့်တင်ပါး ပေါင် သို့မဟုတ် ခြေသလုံးကြွက်သားများ လှုပ်ရှားမှုလုပ်ချိန် ဥပမာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း