သင့်မိဘနှစ်ပါးစလုံး သာလာဆီးမီးယားသယ်ဆောင်သူ ဖြစ်ပါက သင့်တွင်ပိုမိုပြင်းထန်သော သာလာဆီးမီးယားအမျိုးအစား ဖြစ်နိုင်ခြေပိုများသည်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Thalassemia (သာလာဆီးမီးယားရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
- မိသားစုထဲတွင် သာလာဆီးမီးယားရောဂါ ရှိသူများ
ဟီမိုဂလိုဘင် မျိုးဗီဇဖောက်ပြန်မှုကို မိဘမှ သားသမီးထံ လက်ဆင့်ကမ်းသောကြောင့် သာလာဆီးမီးယားရောဂါဖြစ်ပွားသည်။ သင့်မိသားစုတွင် ထိုရောဂါသည်ရှိပါက သင့်တွင်ဖြစ်နိုင်ခြေမြင့်တက်နေနိုင်သည်။
အာဖရိကန်အနွယ်ဝင်များ၊ မြေထဲပင်လယ်ဒေသနှင့် အရှေ့တောင်အာရှမှ ဆင်းသက်လာသူများတွင် သာလာဆီးမီးယား ပိုမိုအဖြစ်များသည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Thalassemia (သာလာဆီးမီးယားရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ
သင့်တွင် သာလာဆီးမီးယားရှိသည်ဟု သံသယရှိပါက ဆရာဝန်သည် သင့်ကို စမ်းသပ်စစ်ဆေးမှုပြုလုပ်လိမ့်မည်။
စမ်းသပ်ပြီးလျှင် သွေးနမူနာယူပြီး သွေးအားနည်းခြင်းနှင့် မူမမှန်သည့် ဟီမိုဂလိုဘင် ရှိမရှိ ဓါတ်ခွဲခန်းပို့၍ စစ်ဆေးမည်။ ပုံသဏ္ဍာန်မမှန်သော သွေးနီဥများသည် သာလာဆီးမီးယား၏ လက္ခဏာဖြစ်သည်။
ဓါတ်ခွဲခန်းကျွမ်းကျင်သူက ဟီမိုဂလိုဘင် နူနခအမသစ့သမနျငျ ဟုခေါ်သည့် သွေးနီဥထဲရှိ မော်လီကျူးများကို ခွဲထုတ်၍ ပုံမမှန်သော အမျိုးအစားကိုရှာသည့် စစ်ဆေးမှုမျိုးပြုလုပ်နိုင်သည်။
သာလာဆီးမီးယား၏ အမျိုးအစားနှင့် ပြင်းထန်မှုအပေါ်မူတည်၍ ဆရာဝန်၏ စမ်းသပ်စစ်ဆေးမှုမှလည်း ရောဂါအမည်တပ်နိုင်သည်။ ဥပမာ ဘေလုံးအလွန်အမင်းကြီးနေခြင်းသည် ဟီမိုဂလိုဘငံ်ရောဂါကို ညွှန်ပြသည်။
Thalassemia (သာလာဆီးမီးယားရောဂါ) ကို ဘယ်လိုကုသပါသလဲ
သာလာဆီးမီးယား၏ အမျိုးအစားနှင့် ပြင်းထန်မှုအပေါ်မူတည်၍ ကုထုံးကို ဆုံးဖြတ်သည်။ ဆရာဝန်က သင့်ရောဂါနှင့် အကိုက်ညီဆုံးဖြစ်သော ကုသမှုကို ပေးလိမ့်မည်။ သာလာဆီးမီးယားတွင်သုံးသော ကုသနည်းအချို့မှာ
- သွေးသွင်းခြင်း
- ရိုးတွင်းခြင်ဆီအစားထိုးခြင်း
- ဆေးဖြင့်ကုသခြင်း
- ဘေလုံး သို့မဟုတ် သည်းခြေအိပ်ဖြတ်ထုတ်သည့် ခွဲစိတ်မှုတို့ဖြစ်သည်။
ဆရာဝန်က သင့်ကို သံဓါတ်ပါသည့် အားဆေးများမသောက်ရန်ညွှန်ကြားလိမ့်မည်။ အထူးသဖြင့် သွေးသွင်းကုသမှုခံယူနေရသူများတွင် ခန္ဓါကိုယ်မှ အလွယ်တကူ မစွန့်ထုတ်နိုင်သော သံဓါတ်များပိုလျှံနေတတ်သည်။ သံဓါတ်သည် ခန္ဓါကိုယ်အစိတ်အပိုင်းများတွင် စုပုံပြီး အသက်သေသည်အထိ ဖြစ်စေနိုင်သည်။
သင်သည် သွေးသွင်းကုသမှုခံယူနေရပါက သံဓါတ်ဖြေဆေးကုထုံးကို လိုအပ်နိုင်သည်။ ထိုကုထုံးမှာ သံဓါတ်နှင့်အခြားသတ္တုဓါတ်တို့ကို ပေါင်းယူသော ဓါတုပစ္စည်းတစ်မျိုးကို ထိုးဆေးအဖြစ် အသုံးပြုခြင်းဖြစ်သည်။ ဤနည်းဖြင့် ခန္ဓါကိုယ်တွင် ပိုလျှံနေသော သံဓါတ်များကို ဖယ်ထုတ်နိုင်သည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
- သံဓါတ်ပိုလျှံခြင်းကိုရှောင်ကြဉ်ရန်
ဆရာဝန် မညွှန်ကြားဘဲ သံဓါတ်ပါသည့် အားဆေးများမသောက်ပါနှင့်
- ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုပုံစံ
အာဟာရရှိသော အစားအစာများကို မျှတစွာစားသောက်ခြင်းဖြင့် နေထိုင်ကောင်းခြင်း အားအင်ပြည့်ခြင်းတို့ဖြစ်စေသည်။ ဆရာဝန်က သင်၏သွေးနီဥအသစ်ထုတ်လုပ်ခြင်းတွင် ကူညီမည့် ဖောလစ်အက်ဆစ်ဆေးကို သောက်ရန် ညွှန်ကြားမည်။ ထို့ပြင် အရိုးကျန်းမာရေးအတွက် နေ့စဉ်အစားအစာတွင် ကယ်လ်ဆီယမ်နှင့် ဗိုက်တာမင်ဒီ အလုံအလောက်ပါဝင်ရန် ဂရုပြုပါ။ သင့်အတွက်လိုအပ်သောပမာဏနှင့် ဖြည့်စွက်အားဆေးသောက်ရန် လိုမလို ဆရာဝန်ထံတွင် မေးနိုင်သည်။
- ရောဂါပိုးမဝင်ရန် ဂရုပြုပါ
လက်ကိုမကြာခဏ ဆေးကြောခြင်း၊ ဖျားနာနေသူများကို ရှောင်ကြဉ်ခြင်းဖြင့် သင့်ထံ ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်ပါ။ အထူးသဖြင့် ဘေလုံးထုတ်ထားပြီးသူတွင် ပို၍အရေးကြီးသည်။ နှစ်စဉ်ထိုးသည့် တုပ်ကွေးကာကွယ်ဆေးအပြင် ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်နှင့် အသည်းရောင်အသားဝါ ြ ပိုး ကာကွယ်ဆေးလည်း ထိုးထားရန်လိုသည်။ ဖျားခြင်းနှင့် အခြားရောဂါပိုးဝင်သည့် လက္ခဏာများရှိလာပါက ဆရာဝန်နှင့် ကုသမှုခံယူပါ။
သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။