Complete blood count (CBC) – သွေးထဲမှာရှိတဲ့ သွေးဆဲလ်တွေ ပမာဏ၊ ဟေမိုဂလိုဘင် ပမာဏကို စစ်ဆေးတာပါ။ Blood film – သွေးနီဥတွေရဲ့ အရွယ်နဲ့ ပုံသဏ္ဍန်ကို လေ့လာတာပါ။ ဥပမာ ပြောရရင် သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါမှာ သွေးနီဥ သေးနေတတ်ပြီး ဗီတာမင်ဘီ 12နဲ့ ဖောလိတ်ချို့တဲ့ ရင်တော့ သွေးနီဥတွေ ကြီးနေတတ်ပါတယ်။ ဒါ့ပြင် လူနာရဲ့ ရောဂါရာဇဝင်နဲ့ စမ်းသပ်တွေ့ရှိမှု ပေါ်မူတည်ပြီး အကြောင်းရင်းကို ရှာဖွေဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ရပါမယ်။ ကုသနည်းများ
သွေးထွက်စေတဲ့ အကြောင်းရင်းများ
- ထိခိုက်ဒဏ်ရာကြောင့် ဒါမှမဟုတ် ခွဲစိတ်ပြီး သွေးထွက်လွန်တယ်ဆိုရင် သွေးသွင်းမှာပါ။
- အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုတယ်ဆိုရင် မှန်ပြောင်းကြည့်ပြီး သားရေကွင်းပစ်တာ၊ လိုအပ်ရင် သွေးသွင်းတာ၊ ခွဲစိတ်ကုသတာ လုပ်ရမှာပါ။
- ရာသီသွေးဆင်းတာ များလို့ သွေးအားနည်းတာဆိုရင် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပါ။
သွေးနီဥ ကောင်းကောင်း မထုတ်နိုင်တာ
- ရိုးတွင်းခြင်ဆီ ခမ်းခြောက်တဲ့ Aplastic anemia – သွေးသွင်းရတာ၊ ရိုးတွင်းခြင်ဆိ အစားထိုးရတာတွေ ရှိပါတယ်။
- သံဓာတ်အားနည်းတာ – သံဓာတ်အားဆေးတွေတိုက်တာ၊ သံဓာတ်ပေါကြွယ်ဝတဲ့ အစားအစာတွေ စားပေးရမှာပါ။
- ဗီတာမင်ချို့တဲ့တာ – စားတဲ့ထဲမှာ ဗီတာမင်တွေ စုံအောင်အားပေးတာ၊ ဖြည့်စွက်အားဆေးတွေ သောက်တာ လုပ်ပေးရမှာပါ။
- နာတာရှည်ရောဂါ – နာတာရှည်ရောဂါကြောင့် ဆိုရင်တော့ ရောဂါအခံကို ကုမှပဲ သက်သာလာမှာပါ။
သွေးနီဥတွေ ဖျက်ဆီးခံရတာ
- သာလာဆီးမီးယား – သာလာဆီးမီးယား ရောဂါတော်တော်များများက သိပ်မဆိုးရင် သိတောင်မသိလိုက်ပါဘူး။ ပြင်းထန်တဲ့ အမျိုးအစားဆိုရင်တော့ သွေးသွင်းတာ၊ ဆေးပေးတာ၊ ဘေလုံးထုတ်ပစ်တာ၊ ရိုးတွင်းခြင်ဆီ အစားထိုးတာတွေ လုပ်ရမှာပါ။
- ခုခံအားကမောက်ကမ ဖြစ်လို့ သွေးနီဥတွေ ပေါက်ကွဲ ပျက်စီးကုန်ရင်တော့ ခုခံအားထိန်းဆေးတွေ သောက်ရတတ်ပါတယ်။
ဒီလောက်ဆိုရင် သွေးအားနည်းရောဂါက ထင်သလောက် မရိုးရှင်းဘူးဆိုတာ သိလောက်ပါပြီ။ သွေးအားနည်းတိုင်း အကြောင်းအရင်း မသိဘဲ သံဓာတ်အားဆေးတွေ သောက်တာ အဖြေမဟုတ်ပါဘူး။ နောက်ကွယ်က ရောဂါကို ရှာဖွေပြီး ထိထိရောက်ရောက် ကုသသင့်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။