backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သံဓါတ်ချို့တဲ့ရင် ကိုယ်ခန္ဓါက ဘာတွေပြောင်းလဲသွားမလဲ


Ye Myo Myat မှ ရေးသားသည်။ · 28/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သံဓါတ်ချို့တဲ့ရင် ကိုယ်ခန္ဓါက ဘာတွေပြောင်းလဲသွားမလဲ

ကိုယ်ခန္ဓါအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေထဲမှာ သံဓါတ်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ သံဓါတ်ဟာ သွေးနီဆဲလ်တွေထဲမှာရှိတဲ့ ဟေမိုဂလိုဘင် (Hemoglobin) လို့ခေါ်တဲ့ ပရိုတင်းဓါတ်ဖြစ်ပြီး အောက်စီဂျင်ကို ကိုယ်ခန္ဓါအနှံ့သယ်ပို့ဖို့ ကူညီပေးပါတယ်။ ဟေမိုဂလိုဘင် မလုံလောက်တဲ့အခါ တစ်သျှူးနဲ့ ကြွက်သားတွေက အားပျော့သွားပြီး သွေးအားနည်းရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

အစာအာဟာရ ပြည့်ဝစွာ မစားတာ၊ ဒါမှမဟုတ် အစားရှောင်တာတွေကြောင့် သံဓါတ်ချို့တဲ့ခြင်း ဖြစ်နိုင်ပြီး လက်ရှိ ကမ္ဘာအနှံ့က ကလေးတွေမှာ သံဓါတ်အားနည်းခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါတွေ အရမ်းအဖြစ်များနေပါတယ်။ ဒီတော့ ကိုယ်ခန္ဓါအတွက် မရှိမဖြစ် အရေးပါတဲ့ သံဓါတ်နည်းေနပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ပြတတ်လဲဆိုတာ သိထားဖို့တော့ လိုမယ်နော်။

သံဓါတ်ချို့တဲ့သူတွေမှာ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။

၁။ တခြားသူတွေထက် ပိုပြီးမောပန်းလွယ်တယ်။

၂။ မျက်နှာက သွေးရောင်မရှိဘဲ ဖြူဖပ်ဖြူရော်ဖြစ်နေမယ်။

၃။ အသက်ရှူမဝသလို ခံစားနေရမယ်။

၄။ ခေါင်းမူးခေါင်းကိုက်ြဖစ်မယ်။

၅။ ရင်တုန်ပန်းတုန်ဖြစ်မယ်။

၆။ အရေပြားနဲ့ ဆံပင်ေတွ ခြောက်ပြီး ပျက်စီးမယ်။

၇။ လျှာနဲ့ နှုတ်ခမ်းအတွင်းမှာ နီရဲပြီး ရောင်နေတာ၊ ဖြူဖပ်ဖြူရော်ဖြစ်နေတာ တွေ့ရမယ်။

၈။ ခြေထောက်က ယားသလို၊ ကြွက်တက်သလိုဖြစ်ပြီး ညအိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတယ်။

၉။ လက်သည်းတွေက ခုံးပြီး ကြွပ်ဆတ်ဆတ် ဖြစ်နေမယ်။

၁၀။ ခြေဖျားလက်ဖျားတွေ အေးစက်နေမယ်။

သံဓါတ်ချို့တဲ့နေတယ်လို့ သံသယရှိနေပြီလား။

အပေါ်မှာ ပြထားတဲ့ လက္ခဏာတော်တော်များများ သင့်မှာရှိနေပြီဆိုရင်တော့ သံဓါတ်ချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ အရင်ဆုံးပြကြည့်ဖို့ပါ။ လိုအပ်တဲ့ သွေးဖောက်စစ်ခြင်းတွေ ပြုလုပ်ပြီး ကိုယ့်သွေးထဲမှာ သံဓါတ်ပမာဏ ဘယ်လောက်ရှိလဲ၊ သွေးအားနည်းရောဂါတွေပါ ရှိလားဆိုတာ စစ်ဆေးမှာ ဖြစ်ပါတယ်။ သံဓါတ်ချို့တဲ့ခြင်းအတွက် နေ့စဉ်စားနေတဲ့ အစားအစာနဲ့ သံဓါတ်အားဆေးကို ပုံမှန်ပြန်သောက်ပေးရုံနဲ့ ကုသလို့ ရပါတယ်။ ဒီကုသခြင်းရဲ့ ရည်ရွယ်ချက်က ဟေမိုဂလိုဘင်ကို ပုံမှန်အဆင့်ပြန်ရောက်စေပြီး သွေးတွင်းအောက်စီဂျင်ကို ခန္ဓါကိုယ်အနှံ့ သယ်ယူပို့ဆောင်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

သံဓါတ်နည်းတဲ့သူတွေ ဘာကို အဓိကစားပေးဖို့ လိုအပ်လဲ။

  • အနီရောင်အသားတွေ (အထူးသဖြင့် ဝက်သား၊ ကြက်သား)
  • အစိမ်းရင့်ရောင် ဟင်းရွက်တွေ
  • အခြောက်ခံထားတဲ့ အသီးတွေ
  • ပဲစိမ်း၊ ပဲအမျိုးမျိုး
  • ပင်လယ်စာ
  • အစေ့အဆန်
  • အခွံမာသီးတွေကို များများစားပေးလို့ပါတယ်။

ဗီတာမင် စီ ဟာ သံဓါတ်စုပ်ယူမှုကို မြှင့်တင်ပေးနိုင်လို့ ချဉ်တဲ့အရသာရှိတဲ့ အသီးတွေကိုပါ တွဲစားပေးနိုင်ရင် ပိုကောင်းပါတယ်။ ကော်ဖီ၊ ရေနွေးကြမ်း၊ နို့ထွက်ပစ္စည်းတွေကို သင့်တင့်ရုံလောက်ပဲ သောက်ပေးပါ။

သံဓါတ်အားဆေးကိုတော့ ဆရာဝန်ရဲ့ အညွှန်းပါမှ သောက်တာပိုကောင်းပါတယ်။ အဓိက သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကိုပဲ များများစားပေးပြီး မလုံလောက်ဘူးဆိုမှ ဖြည့်စွက်အားဆေးတွေရဲ့ အကူကိုယူပါ။

သံဓါတ်ချို့တဲ့ခြင်းကြောင့် မဖြစ်သင့်တဲ့ သွေးအားနည်းရောဂါတွေကို ကာကွယ်ပေးဖို့ မိဘတွေအနေနဲ့ ကလေးစားမယ့် အစာအာဟာရတွေကို သေချာဂရုစိုက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Ye Myo Myat မှ ရေးသားသည်။ · 28/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement