backup og meta

အနီရောင်အသားတွေရှောင်လွန်းတာလည်း သိပ်မကောင်းဘူးနော်.......


Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနီရောင်အသားတွေရှောင်လွန်းတာလည်း သိပ်မကောင်းဘူးနော်.......
    ကြင်နာစိတ်ကြီးသူတွေ၊ရောဂြါဖစ်မှာကိုကြောက်တတ်သူတွေက အနီရောင်အသားတွေကိုရှောင်ကြတာများတယ်နော်။ အနီရောင်အသားစားတာများရင် အူမကြီးကင်ဆာဖြစ်တတ်တယ်။ရောဂါတွေတိုးစေတယ်ဆိုတာကိုး။ ဒီလိုပြောဆိုမှုတွေက လူတော်တော်များများကို အနီရောင်အသားတွေကိုရှောင်သွားစေပါတယ်။ ဒီအလေ့အထကတကယ်ကောကျန်းမာရေးကိုအထောက်အကူပြုရဲ့လား။ ခန္ဓါကိုယ်ဆိုတာကလည်း ထိုက်သင့်တဲ့ အာဟာရပြည့်ဝပါမှ ကျန်းမာမှာပါ။

    အနီရောင်အသားစားသုံးမှုနဲ့ပတ်သက်တဲ့ လေ့လာမှုတစ်ရပ်

    အနီရောင်အသား စားသုံးမှုများတာ၊ပြုပြင်ထားတဲ့အသားတွေစားတာကရောဂါတွေဖြစ်စေနိုင်တယ်လို့တော်တော်များများကသိထားပြီးသားပါ။ မကြာသေးခင်ကလုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်အရတော့ ဒီအစားအစာတွေကိုလျှော့စားတာကလည် အသက်တိုစေနိုင်ပါတယ်တဲ့နော်။ အရာရာက တန်ဆေးလွန်ဘေးဆိုသလိုပေါ့။

    ကမ္ဘာတလွှားမှာ အနီရောင်အသားတွေဖြစ်ကြတဲ့ အမဲသား၊ ဆိတ်သား၊ သိုးသားနဲ့ ဝက်သားအပါအဝင် ကြက်သား၊ဘဲသားတွေကို စားသုံးမှုနှုန်းကပြီးခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရောတော်တော်လေးများလာခဲ့ပါတယ်။ ဒီလိုမြင့်မားလာတဲ့ စားသုံးမှုကပဲလေ့လာသူတွေကို အနီရောင်အသားစားသုံးမှုများတာက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလဲဆိုတာကိုလေ့လာဖို့တွန်းအားဖြစ်စေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကလေ့လာခဲ့တဲ့လေ့လာမှုအရကတော့ အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့ အသားတွေစားသုံးမှုများသူတွေက အသက်တိုနိုင်တယ်လို့တွေ့ရှိခဲ့ပါတယ်။

    ဒီလိုရလဒ်ကလေ့လာမှုတစ်စုံတရာမရှိဘဲ အနီရောင်အသားနဲ့ပြုပြင်ထားတဲ့ အသားတွေကိုလျှော့စားရင် အသက်ရှည်မယ်ရောဂါကင်းမယ်ဆိုတဲ့ ယူဆလက်ခံချက်ကိုဖြစ်စေခဲ့ပါတယ်။ အနီရေင်အသာနဲ့ပြုပြင်ထားတဲ့ အသားဆားနယ်၊ ဝက်ပေါင်ခြောက်တို့လိုမျိုး အသားတွေကို စားမယ်ဆိုရင် ဆီးချိုရောဂါ ၊နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေကို ခံစားရစေနိုင်တယ်ဆိုတော့ ကျန်းမာရေးထိခိုက်မှာ စိုးတာကြောင့် ဒီအသားတွေကိုလျှော့စားတာကလည်းဖြစ်သင့်တဲ့ အချက်တစ်ခုပဲကိုး။ ဒါပေမယ့် ထိုက်သင့်သလောက်လေးတော့စားဖို့ပြောပါရစေနော်။

    အနီရောင်အသားမစားဘူးဆိုတိုင်းရောဂါကင်းပြီး အသက်ရှည်မယ်လို့ မဆိုနိုင်ပါဘူး

    အနီရောင်အသားစားလို့ အသက်တိုတာကိုသာလ့လာထားတာကြောင့် မတူတဲ့လေ့လာမှုတစ်ရပ်အနေနဲ့ အနီရောင်အသားစားသုံးမှုနည်းတာကရော ဘာတွေများကောင်းလို့ ဘာတွေများဆိုးကျိုးဖြစ်စေနိုင်လဲဆိုတာကို သိနိုင်ဖို့ သုတေသီတွေက လူဦးရေ ၉၆၀၀၀ ကို ၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအရ အနီရောင်အသားကို အလွန်အကျွံစားသုံးသူတွေတင်မဟုတ်ဘဲ အနီရောင်အသားနဲ့ပြုပြင်ထားတဲ့အသားတွေကို နည်းနည်းပဲစားသုံးသူတွေဟာလည်း အသက်တိုနိုင်တယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။

    လေ့လာမှုတွေ့ရှိချက်အရ တစ်နေ့ကို အနီရောင်အသား ၂အောင်စ ဒါမှမဟုတ် ၂အောင်စထက်နည်းတဲ့ပမာဏစားသုံးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာလည်း အရွယ်မတိုင်ခင်သေဆုံးကြရတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ အနီရောင်အသားကို တစ်ပတ်မှာ ၂ ကြိမ်အောက် စားသုံးသူတွေဟာလည်း အနီရောင်အသားနဲ့ပြုပြင်ထားတဲ့အသားတွေကို အစားများသူတွေနည်းတူ အဝလွန်တာ၊နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ကင်ဆာရောဂါတွေဖြစ်စေနိုင်တာကိုတွေ့ရှိခဲ့ရပါတယ်။ အမျိုးသမီးတွေမှာဆိုရင် အနီရောင်အသားနဲ့ပြုပြင်ထားတဲ့အသားစားသုံးမှုနည်းတာက နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကိုခံစားရစေနိုင်ပါတယ်နော်။

    အနီရောင်အသားကို အကြောင်းအရင်းတစ်ခုခုကြောင့်မစားချင်ဘူးဆိုရင်တောင်မှ ထိုက်သင့်သလောက်တော့စားပေးပါ။ ဒါမှ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေလည်းပြည့် ကျန်းမာပျော်ရွှင်ပြီး အသက်လည်းရှည်စေမှာပါ။ အနီရောင်အသားစားလို့ရောဂါဖြစ်စေနိုင်သလို စားတာနည်းရင်လည်းရောဂါဖြစ်စေနိုင်ပါသေးတယ်နော်။ ဒါကြောင့် မကြိုက်ဘူးဆိုရင်တောင်ဆေးဖြစ်ဝါးဖြစ်လေးတော့နည်းနည်းစားပါနော် Hello ဆရာဝန်ပရိသတ်ကြီးရေ………….

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement