လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စတွေ၊ လိင်စိတ်ဖြစ်ပေါ်ပုံနဲ့ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝစတာတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံရင် ဝိတ်ကျ သလား

စုံတွဲတွေကြားမှာ စနောက်လေ့ ရှိတဲ့စကားက ကယ်လိုရီ သွားburnကြမယ်၊ အိပ်ရာထဲမှာ လေ့ကျင့်ခန်း သွားလုပ်ကြမယ်ဆိုတာပါ။ ဆိုလိုတာက လိင်ဆက်ဆံရင် ဝိတ်ကျ မယ်လို့ ယုံကြည်ကြတာကြောင့်ပါ။ တကယ်လည်း လိင်ဆက်ဆံတဲ့အခါ ခွန်အားသုံးရတာကြောင့် ကယ်လိုရီလောင်ကျွမ်းတာက မှန်ပါတယ်။ ဒါပေမဲ့ ဝိတ်ကျရလောက်အောင် ကယ်လိုရီလောင်ရဲ့လား။ သုတေသနတွေက ဘာပြောလဲ လိင်ဆက်ဆံတာနဲ့ ကယ်လိုရီလောင်ကျွမ်းတာအကြား ဆက်စပ်မှု ရှိမရှိကို စိတ်ဝင်စားတာက ကိုယ်တွေတင်မကပါဘူး။ နိုင်ငံခြားက ပညာရှင်တွေလည်း ပါပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက Montrealမှာ ရှိတဲ့ University of Quebecက လေ့လာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလေ့လာချက်မှာ သူတို့က အသက် ၂၀ကျော် ကျားမစုံတွဲ ၂၁တွဲကို လိင်ဆက်ဆံချိန်နဲ့ သာမန်လေ့ကျင့်ခန်းလုပ်ချိန်မှာ လောင်ကျွမ်းတဲ့ ကယ်လိုရီပမာဏတွေကို လေ့လာခဲ့ကြပါတယ်။ ရလဒ်ကတော့ ၂၄မိနစ်ကြာ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေက ၁၀၁ ကယ်လိုရီ (တစ်မိနစ်ကို […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံတဲ့အခါ Sex Toy တွေကို အသုံးပြုရင် ဘာကောင်းကျိုးရနိုင်လဲ

Sex Toy ဆိုတာ လိင်ဆက်ဆံတဲ့ နေရာမှာဖြစ်စေ၊ လိင်အာသာဖြေတဲ့နေရာမှာ ဆန္ဒအထွတ်အထိပ် ရောက်စေရန် ကူညီပေးနိုင်တဲ့ အရုပ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Sex Toyအသုံးပြုသူတွေ နည်းနေသေးတယ်ဆိုပေမယ့် လုံးဝအစိမ်းသက်သက် ဖြစ်နေမယ့် အရာတော့ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာတော့ Sex Toyတွေ အသုံးပြုခြင်းက လိင်မှုဘဝကို ဘယ်လိုသက်ရောက်စေလဲ၊ ကောင်းသော ပြောင်းလဲခြင်းလား ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။ Sex Toy အသုံးပြုရခြင်းရဲ့ ကောင်းကျိုး ခုပြောပြပေးမယ့် အချက်တွေက Sex Toyအသုံးပြုသူ စုံတွဲများကို စစ်တမ်းကောက်ယူပြီး ထွက်လာတဲ့ ရလဒ်တွေနဲ့ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုများကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ ၁။ လိင်ဆန္ဒအထွတ်အထိပ် ရောက်တာမြန်စေတယ်။ ယောက်ျားလေးတွေအတွက် ဒါက ပြဿနာတစ်ခုမဟုတ်ပေမယ့် မိန်းကလေးတော်တော်များများ လိင်ဆန္ဒအထွတ်အထိပ် (Orgasm) ရဖို့ ကြန့်ကြာတတ်တာမျိုး ရှိပါတယ်။ အကြောင်းရင်းက Clitoris […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးတွေ လိင်မဆက်ဆံဘဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ

လိင်ဆက်ဆံခြင်းဟာ မျိုးဆက်ပွားများနိုင်ဖို့ ကိစ္စကို အသာဖယ်ထားမယ်ဆိုရင် စိတ်ကိုပျော်ရွှင်စေပြီး ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ ကိစ္စတစ်ခုပါ။ လူတိုင်းမှာ လိင်စိတ်ခံစားချက်၊ စိတ်ဆန္ဒရှိနိုင်ပေမယ့် လိင်ဆက်ဆံဖို့ အခွင့်အရေးကတော့ ဆတူညီတူရကြမှာမဟုတ်ပါဘူး။ တချို့စုံတွဲတွေမှာ အကြောင်းအမျိုးမျိုးကြောင့် မရည်ရွယ်ပါဘဲနဲ့ အကြာကြီး အတူမနေဖြစ်တာမျိုး ရှိတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ လိင်မဆက်ဆံဘဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ .....  ကောင်းတာတွေလား ဆိုးတာတွေလား။ အမျိုးသမီးတွေ လိင်မဆက်ဆံဘဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ အမျိုးသမီးတွေဟာ များသောအားဖြင့် လိင်ဆက်ဆံခြင်းကို ပွင့်လင်းစွာလက်ခံလိုက်ဖို့ ခက်ခဲတတ်ကြပါတယ်။ တချို့က မဆက်ဆံချင်လို့ ငြင်းပယ်ကြတာဖြစ်နိုင်သလို၊ တချို့ကတော့ အခွင့်အလမ်းမသာလို့ ဆက်ဆံခွင့်မရကြတာမျိုးဖြစ်နိုင်ပါတယ်။ ဘာသာရေး၊ လူမှုရေးနဲ့ တခြားအကြောင်းအမျိုးမျိုးကြောင့် တစ်သက်တာလုံး မေထုံအမှုကို ရှောင်ကျဉ်ကြသူတွေလည်း ရှိကြပါတယ်။ ဒါတောင်မှ ဒီနေ့ခေတ်ဟာ ယခင်ခေတ်ကာလတွေထက်ပိုပြီး ပွင့်လင်းမြင်သာလာတာမို့ လိင်မှုကိစ္စအပေါ် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးတွေသိထားသင့်တဲ့ ကန့်လန့်ကာနောက်က သုက်ရည်အကြောင်း

သုက်ပိုးလို့ ပြောလိုက်ရင် အမျိုးသမီး တော်တော်များများက တွန့်ဆုတ်သွားလိမ့်မယ်ဆိုတာ သေချာပါတယ်။ အိပ်ရာပေါ်မှာတောင် မပြောဖြစ်တဲ့အကြောင်းအရာ တစ်ခုပေါ့။ တကယ်တော့ သက်ပိုးဟာ သုက်ရည် အတွင်းမှာ ပါဝင်နေတဲ့ သက်ရှိတစ်မျိုးပါ။ ဘယ်လို အခြေအနေမှာမဆို အမျိုးသမီးတွေရော အမျိုးသားတွေပါ သုက်ရည်နဲ့ သုက်ပိုးကောင်တွေအကြောင်းကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ပဋိသန္ဓေတည်ခြင်းရဲ့ နောက်ကွယ်က အဓိကလက်သည်ဖြစ်တာကြောင့်ပါပဲ။ ဒါကြောင့် သုက်ပိုးနဲ့ သုက်ရည်အကြောင်းကို ဂဃနဏနားလည်ထားမယ်ဆိုရင် မျိုးဆက်ပွားကျန်းမာရေး၊ ပဋိသန္ဓေတားခြင်းနဲ့ လိင်မှုကိစ္စတွေမှာ အကျိုးဖြစ်ထွန်းစေနိုင်တာမို့ သိသင့်သိထိုက်တာလေးတွေကို ရှင်းပြပေးသွားမှာပါ။ သုက်ရည်ကို ဘယ်လို ဖွဲ့စည်းထားသလဲ အမျိုးသား လိင်အင်္ဂါကနေထွက်ရှိလာတဲ့ သုက်ရည် (Semen) မှာ သုက်ပိုးကောင် (Sperm) နဲ့ အရည် (Seminal Plasma) တို့ ပါဝင်ပါတယ်။ သုက်ရည်မှာ ပါဝင်တဲ့ သုက်ပိုးကောင်တွေဟာ မျိုးပွားစနစ်အတွက် မရှိမဖြစ်အရေးပါပြီး ပဋိသန္ဓေတည်ခြင်း ဖြစ်စေတဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

မြန်မြန်ပြီး တတ်သူများအတွက် ကျင့်စဉ်လေးတစ်ခု

မြန်မြန်ပြီး တိုင်း ကောင်းတာမဟုတ်တဲ့ ကိစ္စတွေထဲမှာ ကိုယ်လက်နှီးနှောခြင်းလည်း အပါအဝင်ပေါ့။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုအကြောင်းပြောပြပေးထားပါတယ်။ ဘာလုပ်လုပ် မြန်မြန်ပြီးတိုင်း  ကောင်းတာမဟုတ်ပါဘူး။ တချို့အရာတွေက အဆင်ပြေဖို့ အချိန်ယူရပါတယ်။ မိန်းကလေးနဲ့ ယောက်ျားလေး ကိုယ်လက်နှီးနှောတဲ့ကိစ္စဆိုလည်း ဒီလိုပါပဲ။ စိတ်တအားတက်ကြွလာလို့ ဆက်ဆံလိုက်ပေမဲ့ မိနစ်ပိုင်းနဲ့တင် ဆန္ဒပြီးမြောက်သွားရင် လိင်ဆန္ဒကို အပြည့်အဝမခံစားလိုက်ရဘဲ ဖြစ်နေမှာပေါ့။ ဒီလိုအခြေအနေကို ကိုယ့်ဖာသာကုသနိုင်တဲ့ နည်းလမ်းတစ်ခုအကြောင်းပြောပြရင် စိတ်ဝင်စားကြမယ်ထင်ပါတယ်။ ကုသနိုင်တဲ့နည်းဆိုလို့ ခက်ခက်ခဲခဲတွေ မထင်လိုက်ပါနဲ့။ သိပ်ကိုရိုးရှင်းပြီးလွယ်ကူပါတယ်။ Edging လို့ခေါ်တဲ့ ဒီနည်းလမ်းက တကယ်တော့ ဆန္ဒပြီးမြောက်ခါနီးမှာ လိင်ဆက်ဆံတာ (ဒါမှမဟုတ်) အာသာဖြေတာကို ရပ်ပစ်ပြီး မပြီးသွားအောင် ထိန်းချုပ်လိုက်တာပါပဲ။ ကိုယ့်ဖာသာအာသာဖြေချိန်ပဲဖြစ်ဖြစ် လိင်ဆက်ဆံချိန်မှာပဲဖြစ်ဖြစ် အသုံးပြုနိုင်တယ်။ နောက်ပြီး ဒီနည်းကို ယောင်္ကျားလေးတွေတင်မဟုတ်ဘဲ မိန်းကလေးတွေလည်း လုပ်လို့ရပါတယ်။ မြန်မြန်ပြီး တတ်သူများအတွက် ကျင့်စဉ်လေးတစ်ခု ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် လိင်ဆန္ဒအထွတ်အထိပ် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒ ကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

အစားအသောက်နဲ့ လိင်စိတ်ဆန္ဒ ဆိုတာ အမြဲတစေ ဆက်နွယ်နေတတ်ပါတယ်။ ဘယ်လိုအစားအစာတွေကို စားသောက်ရင် လိင်ကိစ္စမှာ စွမ်းဆောင်ရည်ကောင်းတယ်၊ လိင်စိတ်ကို နှိုးဆွနိုင်တယ်ဆိုတဲ့ ပြောစကားတွေကို အမြဲတမ်းကြားခဲ့ကြဖူးမယ်ထင်ပါတယ်။ အမျိုးသားတွေသာမက အမျိုးသမီးတွေမှာလည်း လိင်စိတ်ခံစားချက်က အတိုင်းအတာတစ်ခုအထိရှိနေတာမို့ သူတို့ရဲ့ စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေဟာလည်း သဘာဝလောကထဲမှာ ရှိနေပါတယ်။ အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒဟာ အမျိုးသားတွေလောက် ရိုးရှင်းလေ့မရှိပါဘူး။ ရာသီစက်ဝန်း၊ စိတ်ဖိစီးမှုအခြေအနေနဲ့ တခြားသော ပတ်ဝန်းကျင်အခြေအနေတွေရဲ့သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ ပွင့်လင်းတဲ့ဆန္ဒကို ထင်ထင်သာသာမြင်တွေ့ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် တချို့သောအစားအစာတွေကတော့ အမျိုးသမီးတွေရဲ့ အတွင်းစိတ်ထဲက ခံစားချက်ကို ပိုပြီးခိုင်မာအားကောင်းလာအောင် တွန်းအားပေးနိုင်ပါတယ်။ ဘယ်လိုအစားအစာမျိုးတွေက အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တာလဲဆိုတာကို လေ့လာကြည့်ရအောင်။ အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒ ကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ ဂင်ကိုရွက် (Ginkgo) ဂင်ကိုပင်က လွန်ခဲ့တဲ့ နှစ်ပေါင်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဘာကြောင့် မနက်ခင်းစောစောမှာ လိင်ဆက်ဆံ သင့်တာလဲ

မနက်ခင်းစောစောမှာ လိင်ဆက်ဆံ တာက ညပိုင်းတွေမှာဆက်ဆံတာထက်ပိုပြီး အကျိုးရှိတယ်ဆိုတာကို သင်သိပြီးပြီလား။ ဘာကြောင့် မနက်ခင်းစောစောမှာ လိင်ဆက်ဆံ သင့်တာလဲ ဆိုတာကို ဆက်ကြည့်လိုက်ပါဦးနော်။ လိင်ဆက်ဆံတာဟာ လူတိုင်းနဲ့ ကင်းကွာဖို့ မလွယ်တဲ့ကိစ္စတစ်ခုပါ။ မျိုးဆက်ပွားဖို့အတွက်ပဲဖြစ်ဖြစ်၊ စိတ်ကျေနပ်မှုအတွက်ပဲဖြစ်ဖြစ် လိင်ဆက်ဆံဖြစ်ကြတယ်မဟုတ်လား။ ဒီလိုဆက်ဆံကြရာမှာ အများစုကတော့ ညဘက်တွေမှာ ဆက်ဆံဖြစ်ကြတာများပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျလေ့လာမှုတွေအရဆိုရင်တော့ မနက်ခင်းပိုင်းမှာ လိင်ဆက်ဆံတာက ပိုပြီး အကျိုးကျေးဇူးဖြစ်ထွန်းစေတယ်လို့ဆိုထားပါတယ်။ ဘာကြောင့် မနက်ခင်းစောစောမှာ လိင်ဆက်ဆံ သင့်တာလဲ အိပ်ရာက နိုးထခါစအချိန်တွေမှာ လိင်ဆက်ဆံဖြစ်တာက ခန္ဓာကိုယ်ထဲက အကျိုးဖြစ်ထွန်းစေတဲ့ ဟော်မုန်းတွေ၊ ဓာတုပစ္စည်းတွေကို ပိုမိုများပြားစွာထုတ်လုပ်စေနိုင်တာမို့ အကျိုးတွေအများကြီးဖြစ်စေပါတယ်။ မနက်ခင်းစောစောမှာ လိင်မှုကိစ္စပြုလုပ်တာဟာ တကယ်ကို မယုံကြည်နိုင်စရာ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ ၉ ချက်တောင်မှာပါ။ ဘာကြောင့် မနက်ခင်းစောစောမှာ လိင်ဆက်ဆံ သင့်တာလဲ ဆိုတော့ ၁။ သင့်ရဲ့ ခန္ဓာကိုယ်က အကောင်းဆုံးအချိန်ဖြစ်နေတာ သင့်ခန္ဓာကိုယ်က အိပ်ရာကနေ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်များများဆက်ဆံရင် Heart Attack ကို ကာကွယ်နိုင်မယ်

လိင်ဆက်ဆံတာဟာ မျိုးဆက်ပွားကျန်းမာရေးကိစ္စတစ်ခု သက်သက်မဟုတ်သလို စိတ်ဆန္ဒအာသီသဖြေဖျောက်ဖို့ ပြုမူရတဲ့ အပြုအမူတစ်ခုလို့ချည်း သတ်မှတ်ထားလို့မရတော့ပါဘူး။ ဒီကနေ့ခေတ်မှာ သိပ္ပံနည်းကျလေ့လာမှုတွေကြောင့် လိင်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေကို ပိုပြီးသိနားလည်လာရသလို လိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးကို အကျိုးပြုနိုင်တယ်ဆိုတဲ့ သက်သေပြချက်တွေဟာလည်း အလျှိုအလျှိုထွက်ပေါ်လာနေပါပြီ။ ဥပမာအားဖြင့်ပြောရရင် လိင်ဆက်ဆံခြင်းဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်ဆိုတာမျိုးပေါ့။ ဒါကြောင့်လည်း ကိုဗစ်ကာလမှာ လိင်ဆက်ဆံပြီး ကိုယ်ခံအားမြှင့်တင်ဖို့ တိုက်တွန်းမှုတွေလည်း ရှိလာခဲ့တာပါ။ ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်တဲ့အချက်တစ်ခုနဲ့တင် ကင်ဆာကိုကာကွယ်နိုင်တာ၊ ကယ်လိုရီတွေကို လျှော့ချနိုင်တာ၊ စိတ်ဖိစီးမှုလျော့ကျတာနဲ့ ကောင်းမွန်စွာအိပ်စက်နိုင်တာလိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်တယ်မဟုတ်လား။ ခုချိန်မှာလည်း နောက်ထပ်သက်သေပြချက်တွေအရ လိင်ဆက်ဆံခြင်းဟာ နှလုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို လေ့လာချက်တွေက ဖော်ထုတ်လာခဲ့ပါတယ်။ လိင်ဆက်ဆံမှုနဲ့ နှလုံးကျန်းမာရေး Heart Attack (ခေါ်) နှလုံးထိခိုက်ခြင်းဆိုတာက နှလုံးသွေးကြောထဲ သွေးလျှောက်တာ နည်းသွားပြီး နှလုံးကြွက်သားသွေးငတ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ နှလုံးကြွက်သားတွေဟာ သွေးလုံလောက်စွာ မရရင် ပျက်စီးသွားတတ်ပါတယ်။ အဲဒီလို သွေးပြတ်တောက်ချိန်မှာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကမ္ဘာအဝှမ်းသတ်မှတ်ထားသည့် ထူးခြားလိင်စိတ်မျိုးကွဲ (၄၆) မျိုး

ထူးခြားလိင်စိတ် (Sexual Fetish) တွေဆိုတာ လူတစ်ယောက်မှာရှိတဲ့ လိင်စိတ်ဆန္ဒကို ဖြစ်စေတဲ့ သို့မဟုတ် နှိုးဆွပေးနိုင်တဲ့ စိတ်ဆန္ဒကို ဆိုလိုပါတယ်။ လိင်အင်္ဂါ သို့မဟုတ် လိင်အင်္ဂါမဟုတ်တဲ့ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို နှစ်ခြိုက်ပြီး လိင်စိတ်ဖြစ်ပေါ်တာ သို့မဟုတ် ရုပ်ဝတ္ထု၊ အရာဝတ္ထု၊ အတွေးပုံရိပ်တစ်ခုခုပေါ် အခြေခံ၍ လိင်စိတ်ဆန္ဒဖြစ်ပေါ်လာခြင်း စတာတွေသည် ထူးခြားလိင်စိတ်မျိုးပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ခေတ်လူငယ်တွေရော၊ လူကြီးတွေပါ ဗဟုသုတအနေနဲ့ မှတ်ထားသင့်တဲ့ ထူးခြားလိင်စိတ်မျိုးကွဲ (Fetish) ၄၆ မျိုးကို ဆိုလိုရင်းနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။ ထူးခြားလိင်စိတ်များနှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းက ရှက်ရွံ့စရာကောင်းတယ်၊ စိတ်ဖောက်လွဲဖောက်ပြန် ဖြစ်နေတာဆိုပြီး သတ်မှတ်ထားကြဆဲပါ။ အထူးသဖြင့် အခုပြောပြမယ့် ထူးခြားလိင်စိတ်များထဲတွင် ပုံမှန်တွေ့နေကျဖြစ်သော လိင်စိတ်များ၊ လူပျို၊ အပျိုဖြစ်စဉ်က စပ်စုလိုစိတ်ဖြစ်ခဲ့မိသည်များ၊ လူမှုပတ်ဝန်းကျင်က ရှုံ့ချထားသည်များ၊ တရားဥပဒေအရ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဂျင်းထည့်နေတဲ့ လိင်တံကြီး နည်းလမ်းများ

အမျိုးသားတွေဟာ အနည်းနဲ့ အများတော့ လိင်တံကြီး ဖို့၊ ရှည်ဖို့ကို စိတ်ဝင်စားကြပါတယ်။ အခုအပြင်မှာ ရေပန်းစားနေတဲ့  နည်းလမ်းတွေက အန္တရာယ်ရှိတယ်လို့ ဆရာဝန်တွေ ဝိုင်းတားလို့သာ သိပ်မလုပ်ကြတာပါ။ ဒါတောင် လုပ်လာကြပြီး ဒုက္ခရောက်လို့ ဆေးရုံရောက်လာကြသူတွေလည်း အများသားပါ။ ဂျင်းထည့်နေတဲ့ လိင်တံကြီး နည်းလမ်းများ ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ဆောင်းပါးကို အရင်ဖတ်ပါ။ ဂျင်းထည့်နေတဲ့ လိင်တံကြီး နည်းလမ်းများ အမျိုးသားတွေ လိင်တံကြီးချင်၊ ရှည်ချင်ရတဲ့အကြောင်းရင်းကတော့ ဆက်ဆံဖော်က အထင်ကြီးတာကို လိုချင်တာကြောင့်ရယ်၊ စွမ်းဆောင်နိုင်တယ်ဆိုတာ သက်သေပြချင်လို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး အပြာကားထဲက အမျိုးသားတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကို မလုံလို့ ကြီးချင်တာလည်း ပါတာပေါ့။ ၂၁ရာစုထဲမှာတော့ ဒီအတွေးအခေါ်တွေကို မေ့ထားလိုက်ပါတော့။ အတူနေတဲ့နေရာမှာ လိင်တံအရွယ်အစားထက် အပေးအယူမျှမျှနဲ့ နားလည်မှုကသာ ပိုအရေးကြောင်း ပညာရှင်တွေက အခေါက်ပေါင်းများစွာ သက်သေပြပြီးပါပြီ။ အပြာကားထဲက […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိမ်ထောင်သက်တမ်း ကြာလာလေ၊ လိင်မှုဘဝ ရိုးအီလာလေ ဖြစ်နေပြီလား

အခုတစ်လော အိမ်ထောင်ဖက်တွေ၊ အတူနေ ချစ်သူစုံတွေ မကြာခဏ ရင်ဖွင့်တိုင်ပင်ကြလို့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးလိုက်ရတာပါ။ သူတို့ရဲ့ အဓိက ပြဿနာက ချစ်သူ၊ အိမ်ထောင်သက်တမ်း ကြာလာလို့ ချစ်ရသူက လိင်ဆက်ဆံရမှာကို စိတ်မပါတော့သလို၊ ပျင်းနေသလိုကြီး ဖြစ်နေတဲ့ ပြဿနာပါ။ အိမ်ထောင်သက်တမ်း ကြာလာလေ၊ လိင်မှုဘဝ ရိုးအီလာလေ ဖြစ်တတ်ပေမဲ့ ဒါက ရှင်းလို့ မရတာတော့ မဟုတ်ပါဘူး။ အိမ်ထောင်သက်တမ်း ကြာလာလေ၊ လိင်မှုဘဝ ရိုးအီလာလေ ဖြစ်နေပြီလား တကယ်တော့ လူတော်တော်များများမှာ လိင်စိတ်ကို လုံးဝခံစားလို့ မရနိုင်တဲ့အချိန်တွေ အများကြီး ရှိပါတယ်။ မွေးကတည်းက လိင်စိတ်ကို ခံစားလို့မရတဲ့ Asexual တွေကို ဆိုလိုခြင်း မဟုတ်ပါဘူး။ လူရယ်လို့ ဖြစ်လာရင် နေ့စဉ် အလုပ်ခွင်၊ မိသားစုရေးရာ၊ လူမှုရေးရာ အဖြာဖြာကနေ စိတ်ဖိစီးမှု […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း