အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ သည် အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်တာကြောင့် အမြန်သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

လက်ပြင်ကြောနာတာက အဖြစ်များတဲ့ အရိုးအကြောနာကျင်မှု တစ်ခုပါပဲ။ ဒီလိုနာကျင်တာက နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လက်ပြင်ကြောနာတာကို သက်သာစေဖို့  အထိရောက်ဆုံး နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ကဲ .... လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ လက်ပြင်ဆိုတာ ဘယ်နေရာမှာ ရှိတာလဲ လက်ပြင်ဆိုတာက ပခုံးအောက်ဖက်နားက တြိဂံပုံစံ အရိုးပြားပါ။ ဘယ်ဘက်မှာ တစ်ခု ညာဘက်မှာ တစ်ခု ရှိပါတယ်။ လက်တွေကို လှုပ်ရှားမှု ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒီလို အရေးပါတဲ့ အစိတ်အပိုင်းကို ကြွက်သား အုပ်စု ၃ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဘယ်အချက်တွေက လက်ပြင်ကြောနာစေတာလဲဆိုတာနဲ့ လက်ပြင်ကြောနာတာ သက်သာအောင် ဘယ်လိုနည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/ways-to-ease-neck-pain/ ဘယ်လိုအချက်တွေက လက်ပြင်ကြော နာတာကို […]

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကိုဗစ်ကာလမှာ အိမ်မှာနေရင်း ဇက်ကြောတက်တာကို ဘယ်လိုကာကွယ်မလဲ

ကွန်ပျူတာနဲ့ပဲ အမြဲ အလုပ်လုပ်နေရတဲ့သူတွေ၊ ဖုန်းအသုံးများတဲ့သူတွေ ဇက်ကြောတက် ၊ ခါးညောင်းတာ၊ ကြွက်သားညောင်းညာကိုက်ခဲတဲ့ ပြဿနာတွေကို အမြဲလိုလို ခံစားရတတ်ပါတယ်။ အခုလိုမျိုး အိမ်မှာပဲ အမြဲနေနေရတဲ့အခါမျိုးမှာ အရင်ကထက်တောင် ပိုပြီး ဇက်ကြောတက်တဲ့ ဝေဒနာကို ခံစားနေရတဲ့ အသံတွေ ထွက်နေရပါတယ်။ ဘာကြောင့် ဇက်ကြောတက် ရတာလဲ။ မကြာခဏ ဇက်ကြောတက် တယ်လို့ ပြောတဲ့သူတွေရဲ့ နေထိုင်မှုပုံစံကို စစ်ဆေးကြည့်တဲ့အခါ ဇက်ကို အောက်ဘက်သို့ အတင်းငုံ့ထားတာ၊ ခါးကို မတ်မတ်မထားဘဲ ကုန်းကွေးပြီး ထိုင်နေတာ၊ လှဲအိပ်ပြီး ဖုန်းသုံးတာ၊ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်တာ၊ တစ်နေရာတည်းမှာ ဘယ်မှမထဘဲ အကြာကြီးထိုင်နေတာ စတဲ့အချက်တွေကို တွေ့ရပါတယ်။ အိမ်မှာပဲ နေနေပြီး ဘယ်မှမသွားရတဲ့အခါ လူတွေက ပုံမှန်ထက် အချိန်ကြာမြင့်အောင် ထိုင်ပြီး အလုပ်လုပ်နေရတာကို တွေ့ရပါတယ်။ ရုံးမဟုတ်တဲ့အတွက် အိမ်အလုပ်တွေပေါ်လာရင် ထလုပ်လိုက်တာ၊ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

ကြွက်သားတွေ နာကျင်ကိုက်ခဲတာက အရွယ်ရောက်ပြီးသူတွေမှာရော၊ လူကြီးတွေနဲ့ ကလေးတွေမှာပါမကျန် ကြုံတွေ့ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပေါ့။ များသောအားဖြင့်ကတော့ ကြွက်သားတွေ နာကျင်ကိုက်ခဲတာက  ဆေးကုသမှုခံယူစရာမလိုဘဲ အိမ်တွင်းကုထုံးတွေနဲ့တင် သက်သာအောင် လုပ်လို့ရတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီတော့ ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ သက်သာစေဖို့ ဘယ်လို နည်းလမ်းလေးတွေက အထိရောက်ဆုံးဖြစ်မလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ကြွက်သားနာကျင်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ။ ကြွက်သားနာကျင်တာဟာ တစ်ခါတလေမှာ ဖျားနာတာ တုပ်ကွေးမိတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့်ကတော့ အခုပြောပြမယ့်အကြောင်းအရင်းတွေကြောင့် ကြွက်သားနာကျင်တတ်ပါတယ်။ အားကစား ပြင်းပြင်းထန်ထန်လုပ်တာ ရေသောက်နည်းတာ ပုံစံမမှန်ဘဲ အလေးအပင် မတာ အိပ်ရေးပျက်တာ အာဟာရမျှတတဲ့ စားသောက်မှုပုံစံ မရှိတာ ထိခိုက်မှုတစ်ခုခု ဖြစ်ထားတာ စိတ်ဖိစီးတာတွေကြောင့် ကြွက်သားတွေနာကျင်ကိုက်ခဲနိုင်ပါတယ်။ ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ အထိရောက်ဆုံး နည်းလမ်းအချို့ ကြွက်သားနာကျင်ကိုက်ခဲတာက ဆေးကုသမှု ခံယူရလောက်အောင် မပြင်းထန်ပေမယ့် တစ်နေ့တာလုပ်ဆောင်မှုတွေကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

အရိုးအဆစ်နဲ့ ကြွက်သားများလို့ ပြောပေမယ့် တကယ်တမ်း အရိုးဖွဲ့စည်းပုံမှာ ပါဝင်တဲ့ အရွတ်တွေ၊ အရွတ်တွဲတွေ၊ အာရုံကြောတွေ အားလုံးပါပါတယ်။ အရိုးနဲ့ ကြွက်သားနာကျင်တာဟာ အဖြစ်များတဲ့ ပြဿနာမို့လို့ ဘာကြောင့် နာကျင်ရတာလဲဆိုတာ သိထားဖို့ လိုပါတယ်။ အရိုးအဆစ်နဲ့ ကြွက်သားနာတာတွေက တစ်နေရာတည်းလည်း ဖြစ်နိုင်သလို တစ်ကိုယ်လုံးလည်း ဖြစ်နိုင်ပါတယ်။ ခဏလောက် ဖြစ်ပြီး ပြန်ပျောက်သွားတတ်သလို လနဲ့ချီပြီး နာတာရှည်လည်း ဖြစ်သွားနိုင်ပါတယ်။ အရိုးအဆစ်နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းအရင်း အရိုးအဆစ်ကြောင့် နာတာလား ဒါမှမဟုတ် တစ်နေရာက နာပြီး ကြွက်သားတွေဆီကို ပြန့်လာတာလားဆိုပြီး နှစ်မျိုးရှိပါတယ်။ အရိုးအဆစ်ကြောင့်နာတာ -အဆစ်ရောင်ရမ်းတာ -အရိုးပွတာ -အရိုးကျိုးတာ -အဆစ်လွဲတာ -အရိုးအဆစ်တွေ အနေအထားမမှန်တာ -ကြွက်သားဆုံးရှုံးတာ စတာတွေကြောင့် ဖြစ်ပါတယ်။ အရိုးအဆစ်ကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် နာတာ များသောအားဖြင့်တော့ အရိုးအဆစ်နဲ့ ကြွက်သားတွေကို အသုံးများတာ၊ ကိုယ်နေဟန်ထား မမှန်တာ၊ နာတာရှည် ရောဂါ ဒါမှမဟုတ် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကွန်ပျူတာ စာရိုက်ရင်း လက်ချောင်းလေးတွေ မနာကျင်စေဖို့ နည်းလမ်းများ

နေ့စဉ်လုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ ကွန်ပျူတာတွေ၊ လူနေမှုဘဝထဲမှာ မရှိမဖြစ်အရာတွေဖြစ်တဲ့ စမတ်ဖုန်းတွေကို အသုံးပြုရာကနေဖြစ်လာတဲ့ လက်ချောင်းနာကျင်မှုကို Tech-Related Hand Pain (နည်းပညာဆက်နွယ် လက်နာကျင်မှုဝေဒနာ) လို့ ခေါ်ဆိုပါတယ်။ ဒီဝေဒနာက စာရိုက်တာတွေ၊ ဖုန်းအသုံးပြုတာတွေများလာတဲ့အခါ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတစ်မျိုးပါ။ များသောအားဖြင့်တော့ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာမဟုတ်ပေမယ့် နေ့စဉ်နဲ့အမျှ စိတ်အနှောင့်အယှက်ဖြစ်စရာအလွန်ကောင်းပြီး ခံစားရတဲ့ဝေဒနာကလည်း ဆိုးပါတယ်။ တစ်ချို့လူတွေဆိုရင် ညအိပ်ယာဝင်ချိန်မှာ လက်ချောင်းလေးတွေ ကိုက်နေတတ်တဲ့အထိပါပဲ။ ဒီလိုပြဿနာမျိုးတွေ မကြာခဏဖြစ်လာမယ်ဆိုရင်တော့ အရိုးအဆစ်နဲ့သက်ဆိုင်တဲ့ပြဿနာတွေ ဖြစ်လာတော့မှာမို့ သတိထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် အမြဲတမ်းကွန်ပျူတာအသုံးပြုနေသူတွေကို လက်ချောင်းလေးတွေ မနာမကျင်စေဖို့ ရှောင်ကျဉ်ရမယ့် အချက်တွေကို ပြောပြပေးပါမယ်နော်။ မကြာခဏ နားပါ - အမြဲတမ်း ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းကို ဆက်တိုက်ကြီး အသုံးပြုနေတာမျိုးကို လျှော့ချပါ။ တစ်နာရီမှာ ၄ ကြိမ်လောက် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

နောက်ကျောနာကျင်မှု အတွက် ကိုယ်လက်လေ့ကျင့်ခန်းများ

နောက်ကျောနာကျင်မှု ကို လူတိုင်းနီးပါး ခံစားဖူးကြမှာပါ။ အထိုင်များသွားတာ၊ အညောင်းမိတာ၊ အလေးအပင်မမိတာနဲ့ တခြားသော အကြောင်းအမျိုးမျိုးကြောင့် နောက်ကျောနာကျင်တတ်ကြပါတယ်။ များသောအားဖြင့်တော့ နောက်ကျောနာကျင်တဲ့ အခါမျိုးတွေမှာ ဆေးပူလိမ်းတာမျိုး၊ ပလာစတာကပ်တာမျိုးနဲ့ ကုစားကြတာများပါတယ်။ ယာယီအားဖြင့် အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီနည်းလမ်းတွေက ရေရှည်အတွက်ဆိုရင်တော့ အဆင်ပြေဖို့ မလွယ်ကူပါဘူး။ နောက်ကျောနဲ့ ခါးနာကျင်မှုတွေကို သက်သာစေဖို့အတွက်ဆိုရင် စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်တာနဲ့ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်တာက အကောင်းဆုံးနည်းလမ်းတွေပါ။ လေ့ကျင့်ခန်းပြုလုပ်ပေးတာက နောက်ကျောနာကျင်မှုကို သက်သာစေရုံသာမက မဖြစ်သေးတဲ့သူတွေကိုလည်း ဖြစ်မလာအောင် တားဆီးပေးနိုင်တာကြောင့်ပါ။ နောက်ကျောနာကျင်မှု အတွက် ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်ကြမလဲ ရိုးရှင်းပြီးထိရောက်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးသွားချင်ပါတယ်။ ခါးကိုင်းပြီး ခြေဖျားကိုထိရတဲ့ Toe Touches လေ့ကျင့်ခန်းမျိုးတွေကို ရှောင်ပါ။ ကြွက်သားတွေ တင်းနေချိန်မှာ လုပ်မိရင်  ပိုပြီး ခါးနာနိုင်ပါတယ်။ ကြမ်းပြင်ပေါ်မှာ လှဲအိပ်ပြီးပြုလုပ်ရတဲ့ Partial Crunches လို လေ့ကျင့်ခန်းမျိုး ပြုလုပ်ပါ။ ဒီလေ့ကျင့်ခန်းက […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကြွက်သားတွေ တောင့်တင်းနေတာကို သက်သာစေမယ့် အစားအစာလေးများ

တစ်ချိန်လုံး ထိုင်ပြီး အလုပ်လုပ်နေရတာကြောင့် ကြွက်သားတွေ တောင့်တင်းနေပြီလား။ မနက်ကနေစလို့ ညနေအထိ ထိုင်ပြီး အလုပ်လုပ်လိုက်တာ ကြွက်သားတွေရော အကြောတွေပါ တောင့်တင်းနေတာပဲဆိုတဲ့ သူလေးတွေ ရှိလား........... ကြွက်သားတွေ ပြေလျော့စေဖို့ဆိုရင် လေ့ကျင့်ခန်း လုပ်မှပဲလို့ တွေးနေပြီလား။ အစားအစာလေးတွေ စားရင်း ကြွက်သားပြေလျော့စေမယ်ဆိုရင်ရော စိတ်ဝင် စား မလား........... ကဲ ...... ကြွက်သားတွေ တောင့်တင်းနေတာကို သက်သာစေမယ့် အစားအစာလေးများ က ဘာတွေများဖြစ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒါဆိုရင် ကြွက်သားတွေ ပြေလျော့စေဖို့ ဘာတွေ စားရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။ ကြွက်သားတွေ တောင့်တင်းနေတာကို သက်သာစေမယ့် အစားအစာလေးများ တစ်ချိန်လုံး ထိုင်ပြီး အလုပ်လုပ်နေရတာကြောင့် ကြွက်သားတွေ တောင့်တင်းနေပြီလား ..... ဒါဆိုရင်တော့ ကြွက်သားတွေ တောင့်တင်းနေတာကို သက်သာစေမယ့် အစားအစာလေးများ က […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ

ခြေသလုံးကြွက်သား နာကျင်နေပြီဆိုရင် လမ်းလျှောက်ရတာ မကောင်းသလို လှုပ်ရှားရတာလည်း မကောင်းပါဘူး။ ဒီတစ်ခေါက်တော့ သတိထားနိုင်စေဖို့ ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ ..... ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကြွက်သားတွေ အရေးပါသလား! လူ့ခန္ဓာကိုယ်မှာ ကြွက်သားတွေကလည်း အရေးပါတဲ့ အစိတ်အပိုင်းတွေပါပဲ။ ကြွက်သားဆိုတာ ခန္ဓာကိုယ်ကြီး လှုပ်ရှားသွားလာမှုတွေမှာ အထောက်အကူပြုတဲ့အရာတွေဖြစ်ပါတယ်။ ဒီကြွက်သားထုတွေထဲမှာမှ ခြေသလုံးကြွက်သားဟာလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်မျိုးပါပဲ။ ဒူးအောက်ဘက် ခြေထောက်နောက်ကျောဘက်မှာ တည်ရှိနေတဲ့ကြွက်သားအစုအဖွဲ့ကို ခြေသလုံးကြွက်သားလို့ ခေါ်ကြပါတယ်။ ဒီကြွက်သားတွေက လူတွေ လမ်းလျှောက်နိုင်ဖို့နဲ့ လှုပ်ရှားပြေးလွှားနိုင်ဖို့ အဓိကအကျဆုံး အစိတ်အပိုင်းတွေပါပဲ။ တစ်ခါတစ်ရံမှာ ဒီကြွက်သားတွေ နာကျင်နေတာမျိုး သင်တို့ကြုံဆုံရနိုင်ပါတယ်။ https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/home-remedies-for-leg-cramps/ ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ အကြောင်းအမျိုးမျိုးကြောင့် ခြေသလုံးကြွက်သားတွေ နာကျင်နေနိုင်ပြီး သာမန်ပြဿနာလေးကနေ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာကြီးတွေအထိ အမျိုးမျိုးလည်း ဖြစ်နိုင်ခြေရှိထားပါတယ်။ ဒါကြောင့် ခြေသလုံးကြွက်သားနာကျင်တယ်ဆိုရင် ဘယ်လိုအကြောင်းအရင်းတွေကြောင့်ဖြစ်နိုင်လဲဆိုတာကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒူးနာတာ ဘာကြောင့်လဲ၊ ဘယ်လို သက်သာအောင် လုပ်ရမလဲ။

ဒူးနာတာ က တော်တော်လေး အဖြစ်များကြတဲ့ ဝေဒနာတစ်ခုပါ။ သွားရင်းလာရင်း ဒူးက မျက်ခနဲ ဖြစ်သွားတာ၊ လှေကား အတက်အဆင်းမှာ နည်းနည်းနာသွားတာလောက်ကနေ ခြေထောက် ထောက်မရ၊ လမ်းလျှောက်မရ ဖြစ်လာတတ်ပါတယ်။ ဒူး ဘာကြောင့်နာရသလဲ ဒူးနာပြီဆို နေ့စဉ်ဘဝ လှုပ်ရှားမှုတွေမှာ အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒူးနာခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဒီထဲကမှ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း) Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း) ကြောင့် ဒူးနာလေ့ ရှိပါတယ်။ ဒီရောဂါကို အဆစ်အမြစ်များ ယိုယွင်းပျက်စီးရောင်ရမ်းခြင်းလို့လည်း ခေါ်ပါသေးတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ သင့်ဒူးဟာ ကွေးနိုင်ဆန့်နိုင်စွမ်း တဖြည်းဖြည်းနည်းပါးလာပြီး တောင့်တင်းနာကျင်လာပါတော့တယ်။ ဒူးမျက်နှာပြင်ကလည်း ထိခိုက်ပျက်စီးလို့ လာပါတယ်။ သင့်လှုပ်ရှားသွားလာတဲ့အချိန် ဒါမှမဟုတ် ညအိပ်ရာဝင်ချိန်မှာ ဒူးနာလေ့ရှိပြီး နားလိုက်ရင်တော့ အနည်းငယ်သက်သာသွားနိုင်ပါတယ်။ https://hellosayarwon.com/health-fitness/strength-training/exercises-of-knee-pain/ လေးဖက်နာအဆစ်ရောင်ရောဂါ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကနေ ကိုယ်ပိုင်တစ်ရှူးတွေကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

နာတာရှည် နာကျင်မှုအပေါင်း သက်သာစေကြောင်း

စားလိုက်တဲ့ အစားအသောက်တွေက စိတ်ကျန်းမာရေးရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာပါ အများကြီး သက်ရောက်နေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေတာအပြင် နောက်ထပ် ကောင်းကျိုး တစ်ရပ် ရှိပါသေးတယ်။ ဒီကောင်းကျိုးလေးကတော့ ဘာလဲဆိုတာကို သိရှိနိုင်စေဖို့အတွက် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ဒါကတော့ အာဟာရပြည့်ဝပြီး ကျန်းမာအောင် စားသုံးမှုက နာတာရှည် အဆစ် နာကျင်တာနဲ့ ကြွက်သား နာကျင်တာတွေကို သက်သာစေပါတယ်။ ကြွက်သားတွေ အမြဲလိုလို နာနေတယ်။ အဆစ်တွေ နာနေတယ်။ ဘာစားရမလဲ မသိဘူးဖြစ်နေရင် ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်နော်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေက ဘာတွေ ထောက်ကူပေးသလဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေက ထိခိုက်မှုကြောင့် ပျက်စီးထိခိုက်နိုင်ခြေ နည်းစေတယ် အာရုံကြော နာကျင်မှုကို လျော့ပါး သက်သာစေတယ် နာကျင်မှု ခံစားရတာကို လျော့ပါးစေတယ် ရောင်ရမ်းမှုကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

တရားထိုင်စဉ် နောက်ကျောနဲ့ ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်းများ

လူအများစုက တရားထိုင်တာက လောကီအတွက်ရော လောကုတ္တရာအတွက်ပါ ကောင်းတဲ့အလုပ်ဆိုတာကို သိနားလည်ထားကြတယ်။ ဒါပေမယ့် လူတိုင်းတော့ တရားမထိုင်နိုင်ကြဘူး။ ဒီတစ်ခေါက်မှာတော့ တရားထိုင်စဉ် နောက်ကျောနဲ့ ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်းများ အကြောင်းကို ပြောပြပေးချင်ပါတယ်။ တရားထိုင် မယ်ဟေ့လို့ တွေးပြီး အားရပါးရထိုင်လိုက်ပြီးရင် ၅ မိနစ် ၁၀ မိနစ်လောက်နေတော့ ကျောကနာသလိုလို၊ ခါးက တောင့်သလိုလို၊ တင်ပဆုံရိုးကညောင်းသလိုလိုနဲ့ နေမထိ ထိုင်မသာ ဖြစ်လာတတ်ကြတယ်မဟုတ်လား။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင် အလေ့အကျင့်မရှိတာကတစ်ကြောင်း၊ တစ်သက်လုံး လုပ်ငန်းခွင်နဲ့ နေအိမ်အတွင်းမှာ အညောင်းမိနေတဲ့ လူနေမှုပုံစံနဲ့ နေထိုင်ခဲ့တာကတစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး ကျန်းမာရေးမလိုက်စားခဲ့တာတွေကတစ်ကြောင်း အကြာင်းပြချက် အမျိုးမျိုးကြောင့်ပါပဲ။ ခုဆို ဝါတွင်းကာလမို့ ဥပုသ်သီလ ဆောက်တည်မယ့် သူတွေရှိကြမှာပါ။ နေ့စဉ် ပုံမှန်တရားထိုင်နေကြလူမဟုတ်ရင် ရုတ်တရက်တရားထိုင်တာက ခန္ဓာကိုယ် အညောင်းမိတာ၊ နာကျင်ကိုက်ခဲတာတွေ ကြုံဆုံရဖို့ သေချာသလောက်ပါပဲ။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်