ခါးထဲက တဆစ်ဆစ်နာတာ ခါးတဝိုက် အထူးသဖြင့် ကျော အလယ်နားလောက်မှာ ခပ်စူးစူး နာကျင်တာ ခါးကြွက်သားတွေ တောင့်တင်းနေတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ပြင်းထန်တဲ့ အခြေအနေမျိုးမှာဆိုရင်
- ခြေထောက်တွေထဲ အထိ တဆစ်ဆစ် နာကျင်တာ
- ထုံကျဉ်တာ
- ကိုယ်လက်တွေထဲ အားမရှိသလို ဖြစ်တာ
- ဆီးဝမ်း မထိန်းနိုင်တာမျိုးတွေပါ ဖြစ်စေနိုင်ပါတယ်။
ခါးမျက်တာ ဘယ်သူတွေ အဖြစ်များသလဲ
အလေးအပင်တွေ မမိတာကြောင့် ခါးမျက်တာကို ခံစားရနိုင်ခြေ အများဆုံးသူတွေကတော့ လူလတ်ပိုင်းတွေပါ။ လူလတ်ပိုင်း ၅ ဦးမှာ ၄ ဦးက ခါးမျက်တာ ခါးနာတာတွေကို ခံစားကြရပါတယ်။ ခါးနာတာ၊ ခါးမျက်တာကို ခံစားရတဲ့ ကျား၊ မ အချိုးကတော့ အတူတူပါပဲ။
လူလတ်ပိုင်းတွေမှာ ခါးမျက်တာ အများဆုံး ဖြစ်ရတဲ့ အကြောင်းအရင်းက ဒီအသက်အပိုင်းအခြားတွေက ခန္ဓာကိုယ်က အင်အားကို အများဆုံး အသုံးချသူတွေဖြစ်ကြတာကြောင့်ရော သက်လတ်ပိုင်းရောက်လာချိန်မှာ အရိုးတွေ၊ အဆစ်တွေမှာ ပြောင်းလဲမှုလေးတွေ စဖြစ်လာတာကြောင့်ရော ပါပါတယ်။ သက်လတ်ပိုင်း နှောင်းပိုင်း ရောက်လာချိန်မှာ ခါးအောက်ပိုင်းနားက အရိုးအဆစ်တွေကပါ အတူတူအိုမင်းလာပါတယ်။
ဒါကြောင့် သက်လတ်ပိုင်းတွေ အနေနဲ့ ခါးမျက်တာ အပါအဝင် အရိုးအဆစ်ပြဿနာတွေ ကင်းစေဖို့ဆိုရင် အရိုးနဲ့ ကြွက်သားတွေ သန်မာစေမယ့် နေထိုင်စားသောက်မှုတွေကို မွေးမြူဖို့ လိုပါမယ်။
သက်လတ်ပိုင်းကျော်လာလို့ လူကြီးတွေကလည်း အရိုးတွေ ကြွက်သားတွေ အားနည်းလာတာကြောင့် နည်းနည်းလောက် လေးတာလေးကို မလိုက်တာနဲ့တင် အလွယ်တကူ ခါးမျက်နိုင်ပါတယ်။
ကဲ …. မတော်တဆ ခါးမျက်သွားခဲ့ရင် သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဆက်ကြည့်လိုက်ရအောင်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။