မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်းမှာ အဆုံးစီရင်တာကို လျှော့ချဖို့ နည်းလမ်းမျိုးစုံပါပါတယ်။ အဆုံးစီရင်တော့မယ့် လက္ခဏာတွေကို စောစောစီးစီး သိထားမယ်ဆိုရင် ကြိုတင်ကာကွယ်နိုင်မှာပါ။ ဒါတွေကို ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

သေကြောင်းကြံစည်တာ နဲ့ပတ်သက်ပြီး အထင်မှားနေကြတဲ့ အချက်အချို့

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တယ်လို့ ကြားလိုက်တိုင်း ပျော့ညံ့လိုက်တာ၊ အလွယ်တကူနဲ့ အရှုံးပေးတယ်လို့ မြင်လိုက်တတ်ကြပါတယ်။ တကယ်ရော ဒီထက်မြင်ချက်တွေက မှန်ရဲ့လားဆိုတာကို ဆန်းစစ်ဖူးရဲ့လား........... လူတစ်ယောက် ကိုယ့်အသက်ကိုကိုယ် ရန်ရှာရတယ်ဆိုကတည်းက အကြောင်းရင်းခံက ဘာရယ်မဟုတ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ သက်ရှိတိုင်းလိုလိုက ရှင်သန်နေထိုင်ဖို့ စိတ်အားထက်သန်ကြပါတယ်။ ရှင်သန်နေထိုင်ဖို့ ဆန္ဒပြင်းပြတဲ့ သက်ရှိတွေထဲမှာမှ ဉာဏ်ရည်အမြင့်ဆုံး လူသားတွေက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာ နဲ့ ပတ်သက်ပြီး အမှတ်မှားနေတဲ့ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။ https://hellosayarwon.com/healthy-mind/suicide-prevention/signs-that-someone-is-going-to-suicide/ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာ နဲ့ပတ်သက်ပြီး အထင်မှားနေကြတဲ့ အချက်အချို့ သေကြောင်းကြံစည်တာနဲ့ပတ်သက်လို့ သိထားတာတွေ မှန်ရဲ့လား........ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မယ့်သူတွေက တစ်ကိုယ်တည်း ကြိတ်ကြံစည်ကြတယ် အများစုက ဒီလိုထင်ကြတာပါ။ တကယ်ကတော့ သေကြောင်းကြံစည်သူတွေက အခြားသူတွေဆီမှာ သူကြုံနေရတဲ့ အခက်အခဲတွေကို ပြေလည်စေဖို့ နည်းလမ်းတွေ တောင်းလေ့ရှိပါတယ်။ သူတို့အနေနဲ့ လုံးဝ အကူအညီမရမှဘဲ […]

မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း ကို ရှာဖွေမည်။

မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ

လူတွေဟာ ကံမကောင်း အကြောင်းမလှစွာနဲ့ ကျဆုံးမှုတွေ၊ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုအချိန်တွေမှာ အင်မတန် စိတ်ပျက်အားငယ် မျှော်လင့်ချက်တွေ ကုန်ဆုံးပြီး သတ်သေချင်စိတ်တွေ ပေါ်လာတတ်ပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတော့ (၁) တတ်ကျွမ်းနားလည်တဲ့သူတွေဆီက အကြံဉာဏ်ကို အမြန်ဆုံးရယူပါ။ သတ်သေချင်တဲ့ အတွေးတွေဟာ အင်မတန် လွှမ်းမိုးလွယ်ပြီး အန္တရာယ်လည်း များတဲ့အတွက် တစ်ယောက်တည်း ကြိတ်ပြီးမရင်ဆိုင်ပါနဲ့။ သင့်မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ရင်ဖွင့်တိုင်ပင် အကူအညီတောင်းပါ။ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ အမြန်ဆုံးဆွေးနွေးပါ။ အကူအညီတောင်းတယ်ဆိုတာ ရှက်စရာ မဟုတ်ပါဖူး။ ဘာလို့လဲဆိုတော့ အကူအညီရှာဖွေတယ်ဆိုတာ သင့်အနေနဲ့ အသက်ရှင်နေထိုင်ချင်သေးတယ် ဆိုတာကိုပြသတာ ဖြစ်တဲ့အတွက် သင်ဟာ […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

မိမိကိုယ်ကို တန်ဖိုးထားမှုကို ဘယ်လိုမြှင့်တင်မလဲ

လူတွေဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုဆိုတာ ဘာကိုဆိုလိုလဲဆိုတာကို ရှုပ်ထွေးတတ်ကြပါတယ်။ အချို့လူတွေက ဒါဟာ သင်ဘယ်လိုရုပ်ရည်ရှိလဲ (သို့) သူငယ်ချင်းတွေ ကြားမှာ အခြားလူတွေကြားမှာ ဘယ်လောက် ထင်ရှားလဲဆိုတာနဲ့ ဆိုင်တယ်လို့ထင်ကြပါတယ်။ အခြားလူတွေကတော့ လှပတဲ့ ကိုယ်ခန္ဓါ ရှိခြင်းဟာ သင့်ကိုယ်သင် တန်ဖိုးထားမှုကို မြင့်တက်စေတယ်လို့ ယုံကြည်ကြပြီး အချို့ကတော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု မြင့်မားစေဖို့ တစ်ခုခုကို အောင်မြင်စွာ ပြီးမြောက်ဖို့လိုတယ်လို့ ထင်ကြပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုဆိုတာဟာ ကိုယ်ဘယ်လိုတန်ဖိုးထားလဲဆိုတာနဲ့ ကိုယ့်ကိုယ်ကို ဘယ်လိုထင်လဲ ဆိုတာပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု နည်းတဲ့သူတွေဟာ အောက်ပါအချက်တွေကို ခံစားရနိုင်ပါတယ်။ • သင့်ကိုယ်သင် မုန်းလား (သို့) မကြိုက်ဘူးလား • တန်ဖိုးမရှိသလို၊ မကောင်းသလို ခံစားနေရလား • ဆုံးဖြတ်ချက်တွေ မလုပ်နိုင်ဘူးလား၊ ကိုယ်တိုင် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ဘူးလား • အခြားသူတွေက သင့်ကို […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

မိမိကိုယ်ကို သတ်သေလိုခြင်းမှ ကျော်လွှားနိုင်ဖို့ နည်းလမ်း ၅ချက်

လူသားတိုင်းရဲ့ဘဝတွင် စိတ်ခံစားချက်နှင့် အတွေးအခေါ်တွေအပေါ် သက်ရောက်စေသော အကြောင်းအရင်းများစွာရှိတယ်။ လုပ်ငန်းခွင်ပြဿနာ၊ အိမ်ထောင်ရေးအဆင်မပြေမှုနှင့် ငွေကြေးပြဿနာတွေက လူတွေကို သတ်သေလိုစိတ်ဖြစ်စေနိုင်ပါတယ်။ ဒီဆောင်းပါးက လူတွေကို သတ်သေလိုတဲ့စိတ်ခံစားမှု နဲ့ အတွေးအခေါ်တွေကို ကျော်လွှားနိုင်အောင် ကူညီပါလိမ့်မယ်။ သင့်ရဲ့စိတ်ကို သန်မာအောင် ပျိုးထောင်ပါ။ ကြံ့ခိုင်သန်မာတဲ့ စိတ်ဓာတ်နှင့် ကိုယ်ခန္ဓာက သင့်ကို သတ်သေချင်တဲ့ အတွေးအခေါ်၊ ခံစားချက်နှင့် အပြုအမူတွေကနေ ကာကွယ်ပေးလိမ့်မယ်။ သင့်ရဲ့ ခံနိုင်ရည်နှင့် သည်းခံနိုင်မှုကို အောက်တွင်ပြထားတဲ့အချက်တွေက ကူညီနိုင်ပါလိမ့်မယ်။ •သင့်မိသားစုဝင်များ သူငယ်ချင်းများနှင့် ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ပါ။ သင့်ကို ကူညီထောက်ပံ့နေတဲ့သူတွေနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့။ သင်ဟာ တခြားလူတွေနှင့် ဝေးကွာနေတယ်လို့ ခံစားနေရပါက ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားပါ။ သင်အကူအညီလိုပါက သူတို့က သင့်ကို ကူညီနိုင်ပါလိမ့်မယ်။ • လိုအပ်ပါက အကူအညီတောင်းပါ။ သင်ပျော်ရွှင်စေမယ့် အရာတွေလုပ်ဆောင်ပါ။ သင့်ပြဿနာဖြေရှင်းတဲ့ စွမ်းရည်ကို တိုးတက်အောင်လုပ်ပါ။ • […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်