ဒီလိုမဟုတ်ရင်တောင်မှ မိမိကိုယ်ကို သတိကပ်ပြီး အပြောင်းအလဲတွေဖြစ်လာအောင် လုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။
ဒီနေရာမှာတစ်ခုရှိတာက ကျွန်တော်တို့ တိုင်းပြည်က လူအများစုဟာ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ၊ စိတ်ဓာတ်ကျတဲ့ ဝေဒနာတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ဖို့ရန် ဝန်လေးနေတတ်ကြပါတယ်။
လူအတော်များများက ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာဝေဒနာများကိုသာ ဆရာဝန်ဆီပြသကြပြီး ဒီလိုစိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကိုတော့ ကုသရမယ့် ဝေဒနာတစ်ခုအဖြစ် မမြင်တတ်ကြပါဘူး။ ဒီလိုဝေဒနာရှင်တွေက မိသားစုဝင်တွေ၊ မိတ်ဆွေတွေနှင့် ဆရာဝန်များကို ခံစားရတာတွေဖွင့်ပြောတိုင်ပင် အကူအညီရယူရမယ့် နည်းလမ်းမှန်ကို မစဉ်းစားမိတတ်ဘဲ အဆုံးစီရင်ခြင်းလမ်းကို ရွေးမိသွားတာမျိုးဖြစ်ပါတယ်။
နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းတွေဖြစ်ကြတဲ့ WHO နဲ့ International Association for Suicide Prevention (IASP) လို အဖွဲ့တွေရဲ့ လေ့လာချက်တွေအရဆိုရင် တစ်ချို့သော စိတ်ပင်ပန်းမှုဒဏ်ကို ခံစားနေရသူတွေဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ၂၅ ကြိမ်အထိ ကြိုးစားခဲ့ကြတယ်လို့ ဆိုထားပါတယ်။
ဒီလို အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြတာကို ပတ်ဝန်းကျင်က မသိကြဘူးဆိုတာက တကယ်သတိမမူဖြစ်တာဖြစ်နိုင်သလို၊ ဂရုစိုက်ပေးရမယ်ဆိုတာကို နီးစပ်ရာပတ်ဝန်းကျင်က နားမလည်နိုင်ကြတာလဲ ဖြစ်တတ်ပါတယ်။ တခါတရံမှာ ကိုယ့်ပတ်ဝန်းကျင်က ချစ်ခင်ရသူတွေကို ဒီလိုရင်နာစရာဒီလိုနည်းမျိုးနဲ့ လက်လွှတ်ဆုံးရှုံးနေကြရတာဖြစ်ပါတယ်။
စိတ်ရောဂါတွေက အမျိုးအစား အမျိုးမျိုးရှိပေမယ့် စကားပြောကုသနည်း (Psychotherapy) ၊ ဆေးဝါးကုသနည်း (Antidepressants Medication) ၊ လျှပ်စစ်ဓာတ်ဖြင့်ကုသနည်း (Electroconvulsive Therapy) စတာတွေနဲ့ ကုသပေးလို့ရပါတယ်။
၈၀% သော စိတ်ကျဝေဒနာရှင်တွေက သူတို့ရဲ့စိတ်ကျမှုဖြစ်စေတဲ့ စိတ်အမူအကျင့် ၊ အတွေးအခေါ်တွေကိုပြောင်းလဲပေးဖို့ အဓိကနည်းတွေဖြစ်တဲ့ စကားပြောကုသနည်းနဲ့ ဆေးဝါးကုသနည်းနှစ်မျိုးတည်းနဲ့တင် ပြန်လည်ကောင်းမွန်လာလေ့ ရှိပါတယ်။ တချို့တွေတွက်လည်း တရားထိုင်တာလို နည်းလမ်းမျိုးတွေနဲ့ အဆင်ပြေသွားတတ်ကြပါတယ်။
ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အနီးအနားမှာ ဘဝကို အရှုံးပေးဖို့ ရည်သန်နေတဲ့သူတွေ ရှိနေခဲ့ရင် ဖေးမဖို့ ကြိုးစားကြည့်ပါ။ ဖျောင်းဖြကြည့်ပါ။ အားပေးကူညီပါ။ ကိုယ့်ရဲ့ တွဲလက်တွေ၊ ကြင်နာနွေးထွေးမှုတွေဟာ သူတို့အတွက် အားဆေးတစ်ခွက်ဖြစ်မယ်ဆိုတာကို သိနားလည်ထားပေးရင်း ဘဝတွေကို ကယ်တင်ပေးဖို့ လိုအပ်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။