backup og meta

အားကစားလုပ်တော့မယ်ဆိုရင် အားကစားသုံးဘရာစီယာ (Sport bra) ကို မဖြစ်မနေ ဝတ်ပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 17/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အားကစားလုပ်တော့မယ်ဆိုရင် အားကစားသုံးဘရာစီယာ (Sport bra) ကို မဖြစ်မနေ ဝတ်ပါ။

    ကျွန်မတို့ အမျိုးသမီးတွေဟာ အားကစားသုံးဘရာစီယာ (Sport bra) ကို ဝယ်ဖို့လက် တွန့်နေတတ်ကြပါတယ်။ နံပါတ်(၁)အချက်ကတော့ ဈေးကြီးလို့ပါ။ နံပါတ်(၂)ကတော့ အားကစားသုံးဘရာစီယာ (Sport bra) တွေကို မရှိမဖြစ် အသုံးလိုတဲ့ပစ္စည်းအနေနဲ့ မသတ်မှတ်ထားလို့ပါ။ မည်သို့ပင်ဆိုစေကာမူ ဘယ်လို အလုပ်မျိုးကို လုပ်တော့မယ်ဖြစ်စေ သီးသန့်ပစ္စည်းဆိုတာ ရှိပါတယ်။ ဆိုလိုရင်းကတော့ အားကစား လုပ်တော့မယ်ဆိုရင် သူ့အတွက်သီးသန့်ထုတ်ထားတဲ့ Sport Bra လိုအရာမျိုးတွေ၊ Shoe မျိုးတွေကို သာ ဝတ်ဆင်အသုံးပြုသင့်ပါတယ်။ အကြီးမားဆုံးမေးခွန်းကတော့ Gym ဆော့တဲ့အခါ Sport bra ကို မဖြစ်မနေ ဝတ်ဆင်သင့်သလားဆိုတာပါပဲ။

    ဒီဆောင်းပါးလေးမှာတော့ အောက်ပါမေးခွန်းလေးတွေကို ဖြေထားပါတယ်။

    (၁)   အမျိုးသမီးတွေဟာ Sport bra မပါဘဲ ဘာလို့အားကစားလုပ်ကြသလဲ။

    (၂)   Sport Bra မဝတ်ဘဲ Gymဆော့မိတဲ့အခါ ဘာတွေဖြစ်မှာလဲ။

    (၃)   အားကစားလုပ်နေချိန်အတွင်းမှာ ပုံမှန်ဘော်လီ (ဘရာစီယာ)ကို ဝတ်လို့ရသလား။

    (၄)   Sport Bra တစ်ခုမှာ ဘယ်လိုအရည်အသွေးတွေနဲ့ ပြည့်စုံသင့်သလဲ။

    (၅)   Sport Bra အစား ဘာတွေအသုံးပြုလို့ ရနိုင်မလဲ။

    (၁) Sport Bra မဝတ်ဆင်ဘဲ အားကစားလုပ်ရခြင်း

    Sport Bra မဝတ်ဆင်ဘဲ အားကစားလုပ်တာဟာ သိပ်မထူးဆန်းတော့ပါဘူး။

    • Sport Bra ကို မဝယ်ယူလိုခြင်း
    • ရင်သားသေးတဲ့အမျိုးသမီးတွေဟာ သူတို့အတွက် Sport Bra မလိုအပ်ဘူးလို့ထင်နေကြခြင်း
    • ပုံမှန်ရိုးရိုးဘော်လီ (ဘရာစီယာ)ကိုသာ ဝတ်ဆင်ကြခြင်း
    • ဗဟုသုတမရှိခြင်း
    • Sport Bra ဝတ်ဆင်ခြင်းကြောင့် ရလာနိုင်တဲ့ အဆင်မပြေမှုများကို ကြောက်ရွံ့နေခြင်း
    • ရင်သားပြားကပ်နေခြင်း တို့ကြောင့်ဖြစ်ပါတယ်။

    (၂) Sport Bra မဝတ်ဘဲ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ။

    Bra မဝတ်ဘဲ လေ့ကျင့်ခန်းလုပ်တဲ့အခါ ရင်သားကို အကြီးအကျယ်ပုံပျက်စေနိုင်ပါတယ်။ ရင်သားဆိုတာ ပြင်ပအင်္ဂါတစ်ခုပါ။ အရေပြားနဲ့ နူးညံ့လှတဲ့အရွတ်တွေနဲ့သာ ခန္ဓာကိုယ်ကို တွယ်ဆက်ထားတာပါ။ ရင်သားရဲ့ ပါဝင်ဖွဲ့စည်းထားတဲ့အရာတွေကတော့ အဆီတစ်ရှူးတွေနဲ့ အရည်တွေပါ။

    ခန္ဓာကိုယ်ကို ရှေ့တိုးနောက်ဆုတ်ပြုလုပ်ခြင်း၊ ခုန်ပေါက်ခြင်းကြောင့် ရင်သားဟာ ခန္ဓာကိုယ်နဲ့ထပ်တူ လိုက်လံလှုပ်ရှားပေးရပါတယ်။ လေ့ကျင့်ခန်းလုပ်အပြီးမှာတော့ ရင်သားထဲက နာကျင်မှုတွေ၊ မအီမသာဖြစ်မှုတွေကို ခံစားရမှာပါ။ ဒီလိုနာကျင်မှုတွေဟာ ပုခုံးနဲ့ကျောရိုးပေါ်ပိုင်းအထိလည်း သက်ရောက်နိုင်ပါတယ်။

    ထပ်ခါထပ်ခါ Sport Bra မပါဘဲ ပြုလုပ်တဲ့အခါ ရင်သားဟာ ဆွဲဆန့်သွားပြီး သာမန်ပုံစံကို ပြန်မရနိုင်တော့ပါဘူး။ နောက်ပိုင်းမှာတော့ ရင်သားဟာ အိကျ (လျော့ကျပြီး)အကြောပြတ်ရာတွေ ပေါ်လာနိုင်ပါတယ်။

    (၃) Gym ဆော့နေစဉ်မှာ ပုံမှန်(သာမန်) Bra ဝတ်လို့ရလား

    ပုံမှန်ဝတ်ဆင်နေကျ ဘော်လီ (Bra)တွေဟာ ရင်သားအတွက် ကမ္ဘာမြေကြီးရဲ့ဆွဲအားကို ဆန့်ကျင်ပေးကာ ကောင်းမွန်တဲ့ အထောက်အပံ့ဖြစ်စေပါတယ်။ ခုန်မနေရင်တော့ ဒါဟာအဆင်ပြေမှာပါ။ ဒါပေမယ့် ပြေးခြင်း၊ ခုန်ခြင်းလို စွမ်းအင်များစွာသုံးရတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုးမှာ ဆိုရင်တော့ သာမန် Bra နဲ့ မလုံလောက်တော့ပါဘူး။

    သုတေသနတွေအရ အားကစားတွေမှာ သင့်ရဲ့ စွမ်းဆောင်ရည်ဟာ ဝတ်ဆင်ထားတဲ့ Bra တွေနဲ့လည်း အများကြီး သက်ဆိုင်နေပါတယ်။ သာမန် Bra တွေနဲ့ Gym ဆော့တဲ့အခါ စိတ်ဓာတ် တက်ကြွမှုလည်း မရှိနိုင်တော့ပါဘူး။ ဒါဆိုရင်တော့ ခဏခဏပျက်ကွက်လာပါလိမ့်မယ်။ ဒီထက်ဆိုး လာရင်တော့ Gym ကို ဆက်မဆော့ကြတော့တဲ့အထိတောင် ဖြစ်လာနိုင်ပါတယ်။

    (၄) ဘယ်လို Sport Bra မျိုးကို ရွေးချယ်သင့်သလဲ

    ရင်သားရဲ့ အရွယ်အစားနဲ့ လုပ်မယ့်လေ့ကျင့်ခန်းအမျိုးအစားပေါ်မှာ မူတည်ပါတယ်။ Sport Bra နှစ်မျိုးနှစ်စားရှိပါတယ်။

    Compression Sport bra (ဖိသိပ်ထားမယ့် Bra) – ဒီ Bra ကတော့ ရင်သားကို ဖိအားပေးထားမှာပါ။ ရင်သားသေးတဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။ ရင်သား အလယ်အလတ် အရွယ်အစားရှိတဲ့ အမျိုးသမီးတွေလည်း အသုံးပြုနိုင်ပါတယ်။ လှုပ်လှုပ်ရှားရှား သိပ်မလုပ်ရတဲ့ လေ့ကျင့်ခန်းတွေ အတွက်ပါ။

    Encapsulated sport bras: (အုပ်မိုးထားမယ့် Bra) – ဒါကတော့ ပုံမှန် Bra တွေအတိုင်း ရင်သားကို ထိန်းပေးထားနိုင်တဲ့ bra ပါ။ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းမှာ ရင်သားရဲ့လှုပ်ရှားမှုကို ဟန့်တားရာမှာ ပိုမိုထိရောက်ပါတယ်။

    Sport Bra ကုမ္ပဏီတော်တော်များများဟာ အပေါ်မှာဖော်ပြထားတဲ့ Bra အမျိုးအစားနှစ်မျိုးလုံးကို ရောနှောပြီး ထုတ်တတ်ကြပါတယ်။ ဒါဟာပိုကောင်းပါတယ်။

    လေ့ကျင့်ခန်းရဲ့ပြင်းအားပေါ်မူတည်ပြီးလည်းအမျိုးအစားကွဲပြားစွာထုတ်လုပ်ထားကြတာရှိ ပါတယ်။ Low impact (ပြင်းအားနည်း)၊ Medium impact (ပြင်းအား အလယ်အလတ်)နဲ့ high impact (ပြင်အား များ)တဲ့ လေ့ကျင့်ခန်းဆိုပြီး ခွဲခြားထားကြပါတယ်။

    (၅) Sport Bra အစား သုံးလို့ရတာမျိုး ရှိသလား။

    Sport Bra ကို ဝတ်ဆင်ခြင်းသည်သာ အကောင်းဆုံးပါ။ ဒါပေမဲ့ သင်နေထိုင်ရာဒေသမှာ Sport Bra ကိုဝယ်လို့ မရနိုင်ရင်တော့ ဒါတွေသုံးနိုင်ပါတယ်။

    • Bikini top (ဘီကနီ အပေါ်ပိုင်း Bra)
    • စွပ်ကျယ် Crop top ခါးတို အကျပ်
    • Push-up Bra (ရင်သားပင့်တင် bra) ဖော့ပါတာမျိုး
    • အမျိုးသားဝတ်စွပ်ကျယ်အကျပ်
    • သံကွင်းထည့်ထားသော Bra နဲ့
    • Bra နှစ်ခုထပ်ဝတ်ခြင်း စတဲ့နည်းလမ်းတွေ အစားထိုးအသုံးပြုနိုင်ပါတယ်။

    Sport Bra ဝယ်ယူဖို့ ခက်ခဲတော့မှသာ ဖော်ပြပါ Bra တွေကို သုံးစွဲသင့်ပါတယ်။ Sport Bra ရနိုင်ရင်တော့ Sport Bra ပဲဝတ်ပါ။

    အားကစားလုပ်တော့မယ်ဆိုရင် အားကစားသုံးဘရာစီယာ (Sport bra) ကို မဖြစ်မနေ ဝတ်ပါ။

    အပြေးသမားတစ်ယောက်ဟာ အားကစားဖိနပ်တစ်စုံမရှိဘဲ ဘယ်လိုမှကောင်းကောင်း မပြေးနိုင်ပါဘူး။ ဖိနပ်ဟာ အသက်တမျှအရေးကြီးပါတယ်။

    ဒီလိုပါပဲ။ အမျိုးသမီးတွေဟာ လေ့ကျင့်ခန်းလုပ်ရာမှာ Sport Bra ကို မရှိမဖြစ် မလိုအပ်ဘူးလို့ ထင်နေကြပါတယ်။ ဒါဟာဆိုးရွားလှတဲ့ အမှားကြီးပါ။ ခန္ဓာကိုယ်လှပဖို့ ကြိုးစားနေသူ အမျိုးသမီး တစ်ယောက်အတွက် Sport Bra ဟာ မရှိမဖြစ်ပါပဲနော်။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 17/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement