Brazilian Wax ဆိုတာက မိန်းမကိုယ် အမွေးတွေကို ဖယောင်းနဲ့ ချွတ်တာ (ဖယ်ရှားတာ/နှုတ်တာ)ပါ။ နာလားဆိုရင်တော့ နာတာပေါ့။ ခြေထောက်၊ မျက်ခုံး၊ ချိုင်း နဲ့ လက်တွေ Wax လုပ်ရင်တောင် နာသေးတယ်မဟုတ်လား။ ဒါဆိုရင်တေ့ မိန်းမကိုယ်မှာ Wax လုပ်တာ မနာရှိပါ့မလား။ ဒါပေမဲ့ ပထမဆုံးအကြိမ်မှာပဲ နည်းနည်းနာတာပါ။ ကျွမ်းကျင်တဲ့သူတွေနဲ့ လုပ်မယ်ဆိုရင် ပထမဆုံးအကြိမ်မှာတောင် ပုံမှန် တခြားနေရာတွေမှာ Wax လုပ်သလောက်ပဲ နာမှာပါ။ ဒါကြောင့် ပထမဆုံး Brazilian Wax လုပ်မယ်ဆိုရင် ကိုယ့်အားကိုယ်ကိုးပြီး လုပ်မှာထက် ကျွမ်းကျင်သူတွေနဲ့ လုပ်ဖို့ ပိုအားပေးပါတယ်နော်။ နောက် အနာခံနိုင်ပြီဆိုတော့မှ သဘောပေါ့။ ကဲ.. ဒါဆို Brazilian Wax လုပ်တော့မယ်ဆိုရင် ဘာတွေ ပြင်ဆင်ထားဖို့လိုမလဲ၊ ဘာတွေ သိထားဖို့လိုမလဲ။
ရာသီစက်ဝန်းကို တွက်ချက်ပါ။