backup og meta

သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု (PCOS) သက်သာစေဖို့ ဘာတွေစားရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု (PCOS) သက်သာစေဖို့ ဘာတွေစားရမလဲ

    သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု (PCOS) ဆိုတာက ဟော်မုန်း မမျှတမှုကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာ တစ်မျိုးပါ။ ဟော်မုန်း မမျှတတာက ရာသီသွေး မမှန်တာ၊ ဆံပင်ကျွတ်စေတာတွေ ဖြစ်စေနိုင်သလို မျိုးအောင်မှုကို ထိခိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဟော်မုန်း မမျှတမှုကြောင့်  အင်ဆူလင်တုံ့ပြန်မှု မကောင်းတာ၊ အဝလွန်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေက ဆီးချိုရောဂါ နဲ့ နှလုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

    ဒီလို ကျန်းမာရေးပြဿနာတွေကို ထိန်းချုပ်ဖို့ဆိုရင် ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို မွေးမြူပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ လိုပါမယ်။ နေ့စဉ်မှန်ကန်တဲ့ စားသောက်မှုပုံစံက သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု (PCOS)  ကိုတင် သက်သာစေတာ မဟုတ်ဘဲ ကိုယ်အလေးချိန်ကိုပါ ထိန်းညှိပေးနိုင်ပါတယ်။ အင်ဆူလင် တုံ့ပြန်မှုကိုလည်း ကောင်းစေနိုင်ပါတယ်။

    သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု (PCOS) သက်သာစေဖို့ ဘာတွေစားရမလဲ

    သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု (PCOS) သက်သာစေဖို့ ဘာတွေစားရမလဲ ဆိုတော့

    • အမျှင်ဓာတ် ကြွယ်ဝတာတွေ စားပါ

    အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေက အဆာခံနိုင်စေပြီး ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု (PCOS) သက်သာစေဖို့ဆိုရင် အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ကြတဲ့ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ကိုက်လန်၊ ဟင်းနုနွယ်၊ ငရုတ်ပွ စတာတွေကို စားပေးလို့ ရပါတယ်။ ကိုယ်အလေးချိန်အလွန်အကျွံ မတက်အောင်လည်း ထိန်းပေးနိုင်ပါတယ်။

    • အဆီနည်းပြီး ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေ

    အဆီ မပါတဲ့ အနီရောင် အသား၊ ငါး၊ အရေခွံဖယ်ထားတဲ့ ကြက်သား၊ ကြက်ဥအကာ စတာတွေက ပရိုတင်း ကြွယ်ဝပြီး အဆာခံနိုင်စေမှာပါ။ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းပေးနိုင်ပြီး အဝမလွန်အောင် ကာကွယ်ပေးတာကြောင့် သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု (PCOS) သက်သာစေဖို့  ထောက်ကူပေးနိုင်ပါတယ်။

    သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု (PCOS) သက်သာစေဖို့ ဘာတွေစားရမလဲ

    • အရောင်ကျစေတဲ့ အစားအစာတွေ

    ဟော်မုန်းမညီမျှမှုတွေကြောင့် ဆဲလ်ရောင်ရမ်းမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဓာတ်တိုးဆန်းကျင်သတ္တိရှိပြီး အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတဲ့ သစ်ကြားသီး၊ ခရမ်းချဉ်သီး၊ နနွင်း၊ အဆီကြွယ်ဝတဲ့ (ဆယ်လ်မွန်၊ တူနာ၊ ဆာဒင်း၊ မက်ကာရယ်) စတာတွေကို စားပေးပါ။ သစ်သီးတွေအနေနဲ့ အနီရောင် စပျစ်သီး၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ခ် ဘယ်ရီ၊ ချယ်ရီသီး စတာတွေကို စားပေးပါ။

    • ပြုပြင်မထားတဲ့ ဆီရီယယ်

    သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု သက်သာစေဖို့ ဆိုရင် သဘာဝအတိုင်း ပြုပြင်မထားတဲ့ ဆီရီယယ်ကို ပုံမှန်စားပေးလို့ ရပါတယ်။ ဒါ့အပြင် ဂျုံကြမ်း ပေါင်မုန့်၊ ဆန်လုံးညို စတာတွေကို စားပေးလို့ ရပါတယ်။ အဆီအနေနဲ့ ကျန်းမာတဲ့ အဆီတွေ ဖြစ်ကြတဲ့ ထောပတ်သီး၊ သံလွင်ဆီ၊ အုန်းဆီ စတာတွေကို စားသုံးပေးလို့ ရပါတယ်။

  • အကျိုးပြုဘက်တီးရီးယားပါတဲ့ အစားအစာတွေ
  • ဒိန်ချဉ် နဲ့ အခြားသော အချဉ် ဖောက်ထားတဲ့ အစားအစာတွေမှာ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်နေပါတယ်။ ဒီအစားအစာတွေက ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေပြီး အစာခြေစနစ် ကျန်းမာစေသလို ကိုယ်အလေးချိန် ထန်းညှိပေးပါတယ်။

    သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု သက်သာစေဖို့ အခုပြောပြတဲ့ အစားအစာတွေကို စားတာအပြင်

    • သကြားနဲ့ အချိုကဲတာတွေကို လျှော့စားတာ
    • ဆား နဲ့ အငန်ကဲတာတွေကို လျှော့စားတာ
    • ကဖင်း လျှော့တာ
    • ဆေးလိပ်ဖြတ်တာ
    • အရက်ဖြတ်တာတွေ လုပ်ဆောင်ဖို့ လိုပါမယ်။

    ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့အတွက်  တစ်နေ့ကို ကိုယ်လက်လေ့ကျင့်ခန်း မိနစ် ၃၀ လောက် လုပ်တာ၊ ယောဂ လေ့ကျင့်တာ၊ အပြေးလေ့ကျင့်တာလိုမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။

    PCOS သက်သာစေဖို့ လိုက်နာရမယ့် နေထိုင်မှုပုံစံ

    သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု (PCOS) သက်သာစေဖို့ဆိုရင်
    • အစားမှန်မှန် စားပါ
    • မနက်စာ မစားဘဲ မနေပါနဲ့
    • အာဟာရကို ပြည့်ဝမျှတအောင် စားပါ
    • BMI 19-25kg/m2 ကြား ရှိအောင် ဂရုစိုက်ပါ
    • လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement