၄။ ပြန်ထုတ်မယ်ဆိုရင် လက်ဆေးပြီး အပြင်မှာ ထွက်နေတဲ့ ကြိုးလေးကနေ ဆွဲထုတ်လိုက်ပါ။
ဒါဖြင့် Pad မသုံးတော့ဘဲ Tampon ကိုပဲ သုံးမယ်။ အန္တရာယ် တကယ်ကင်းရဲ့လား။
Tampon မှာ အဓိက အားနည်းချက် (၂) ချက်ရှိပါတယ်။
ပထမတစ်ချက်ကတော့ Tampon ဟာ မိန်းမကိုယ်ထဲမှာ ရှိတဲ့ အစိုဓာတ်တွေ အားလုံးကို စုပ်ယူထားနိုင်တာကြောင့် ပြန်ထုတ်ရင် နာတာ၊ မိန်းမကိုယ်နှုတ်ခမ်း ပွန်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Tampon ချည်းပဲ ဆက်တိုက်သုံးနေမယ်ဆိုရင် မိန်းမကိုယ် ခြောက်သွေ့ ပိုးဝင်တာတွေ၊ ယားယံတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
ဒုတိယတစ်ချက်ကတော့ Toxic Shock Syndrome လို့ခေါ်တဲ့ သွေးအဆိပ်သင့်ခြင်း ဖြစ်တတ်တာပါ။ ဖြစ်တာ အင်မတန်ရှားတယ်။ ဒါပေမဲ့ ဖြစ်လာပြီဆိုရင် အသက်အန္တရာယ်နဲ့ နီးပါတယ်။ ဒီပြဿနာက ဘာကြောင့် ဖြစ်ရတာလဲ။ အရေပြား ပွန်းပဲ့တဲ့ နေရာတွေကနေ သွေးကြောတွေထဲ ဘက်တီးရီးယားဝင်လို့ ဖြစ်ရတာ ဖြစ်ပါတယ်။ Tampon နဲ့ချည်း ဆိုင်သလားဆိုတော့လည်း မဟုတ်ပါဘူး။ ဒါတွေက အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်။ အကြောင်း အမျိုးမျိုးရှိနိုင်ပေမဲ့ Tampon နဲ့ ပတ်သက်တာကိုပဲ ကောက်ချက်ချရရင်တော့
(၁) Tampon ကို အကြာကြီး ထည့်ထားတာမျိုးက ဘက်တီးရီးယားတွေကို ဖိတ်ခေါ်နေသလို ဖြစ်တတ်ပါတယ်။
(၂) Tampon ကို ထုတ်တဲ့အခါ မိန်းမကိုယ် ခြောက်သွေ့နေတာကြောင့် Tampon ရဲ့ အစတွေက အရေပြား ပေါက်ပြဲစေပြီး ဘက်တီးရီးယားတွေ သွေးကြောထဲ ဝင်နိုင်ဖို့ အပေါက်လေးတွေ ဖန်တီးပေးထားနိုင်ပါတယ်။
ဒီ ပြဿနာနဲ့ ရင်မဆိုင်ရဖို့ ဆိုရင်တော့
- Tampon ကို စုပ်အားနည်းပြီး မကြာမကြာ လဲရတာမျိုး ရွေးဝယ်ပါ။
- Tampon ကို ၈ နာရီထိ ထားလို့ရတယ်ဆိုပေမဲ့ မကြာခဏ လဲပေးပါ။ (၃နာရီ-၄နာရီခြား တစ်ခါ)
- Tampon နဲ့ Pad လှည့်သုံးပါ။
- ညဘက် အိပ်မယ်ဆို သက်သောင့်သက်သာ ရှိတာပဲဆိုပြီး Tampon ထည့်အိပ်တာမျိုး မလုပ်ပါနဲ့။
ပြောခဲ့သလိုပါပဲ။ Tampon ဟာ သွေးဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်တယ်ဆိုပေမဲ့ အင်မတန်ရှားတဲ့ အခြေအနေပါ။ အမေရိကန်နိုင်ငံက လူပေါင်း တစ်သိန်းမှာ ဒီပြဿနာ ဖြစ်နိုင်ခြေက ၀.၈ ကနေ ၃.၄ ရာနှုန်းပဲ ရှိပြီး ဒီ ရာနှုန်း သေးသေးလေးထဲမှာမှ ရာသီလာတာ၊ Tampon သုံးတာနဲ့ မဆိုင်တဲ့ Case တွေလည်း ပါဝင်တာမို့ Tampon ဟာ စနစ်တကျ မှန်မှန်ကန်ကန် သုံးမယ်ဆိုရင် အန္တရာယ်ကင်းတယ်လို့ ဆိုရမယ့် အနေအထားပါပဲ။
Pad ကို မသုံးချင်ဘူးဆိုသူတွေ၊ ကမ်းခြေသွားမယ်၊ ရေကူးကန် သွားမယ်၊ လာမယ့်ရက်ကလည်း နီးနေပြီ၊ ဆေးလည်း မသောက်ချင်ဘူးဆိုတဲ့သူတွေအတွက်ကတော့ Tampon ဟာ မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုပါ။ အန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်လှပနိုင်ကြပါစေ။
Wathun Myat Chel
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။