အမျိုးသမီးလစဉ်သုံးTampon ဆိုသည်မှာ
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
အမျိုးသမီးလစဉ်သုံးTampon ဆိုသည်မှာ
-Tamponသည် အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်ကဲ့သို့ပင်အမျိုးသမီးများ၏ ရာသီသွေးကိုစုပ်ယူနိုင်သော ပစ္စည်းဖြစ်ပါသည်။Tamponများကို နူးညံ့သောဝါဂွမ်းဖြင့် ပြုလုပ်ထားပြီးရှည်မျောမျော ပုံစံဖြစ်သည်။ အချောင်းပုံစံပြုလုပ်ထားသဖြင့် မိန်းမကိုယ်အတွင်းသို့ လွယ်ကူစွာ ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ရာသီသွေးကို ချက်ချင်းစုပ်ယူနိုင်သဖြင့် သင့်ကို ခြောက်သွေ့သန့်ရှင်းစေပါသည်။Tamponများကို စုပ်ယူအားပေါ် မူတည်၍အရွယ်အစား အမျိုးမျိုး ရရှိနိုင်ပါသည်။ နီးစပ်ရာ စူပါမားကတ်၊ဆေးဆိုင်များနှင့် စတိုးဆိုင်များတွင် လွယ်ကူစွာ ဝယ်ယူရှိနိုင်သည်။
Tampon ၏အရွယ်အစားကိုရွေးချယ်နည်း
-သင့်ရာသီသွေးပမာဏအပေါ် မူတည်၍ နှစ်သက်သလိုရွေးချယ်နိုင်ပါသည်။ သို့သော် ယခုမှစ၍ Tamponသုံးသူဖြစ်ပါက အရွယ်အစားသေးသေးကို သုံးမှသာ ထည့်သွင်းအသုံးပြုရလွယ်ကူပေလိမ့်မည်။
သွေးဆိပ်တက်သွေးလန့်ရောဂါလက္ခဏာစု(TSS)ဆိုသည်မှာ
-သွေးဆိပ်တက်သွေးလန့်ရောဂါလက္ခဏာစု(TSS)ဆိုသည်မှာ ဘက်တီးရီးယားပိုးဝင်ခြင်း၏ နောက်ဆက်တွဲရှားပါးသော အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတစ်ခုဖြစ်ပါသည်။ အဓိကအားဖြင့် staphylococcus မျိုးနွယ် ရောဂါပိုးကြောင့်ဖြစ်သည်။ အထူးသဖြင့် Tampon အသုံးပြုသော ဆယ်ကျော်သက်အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိပါသည်။Tampon ကိုယ်တိုင်ကTSS ဖြစ်စေခြင်းတော့ မဟုတ်ပါ။Tampon သုံးခြင်းဖြင့် မိန်းမကိုယ်အတွင်းတွင် ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားရန်နေရာ ဖန်တီးပေးသကဲ့သို့ရှိပြီး ထိုရောဂါပိုးများက ရောဂါဖြစ်စေခြင်းဖြစ်သည်။ ငယ်ရွယ်သော အမျိုးသမီးများတွင် TSS ကိုတိုက်ဖျက်နိုင်သော ပဋိဇီဝပစ္စည်းများ နည်းပါးသဖြင့် ရောဂါဖြစ်ရန် ပိုမိုလွယ်ကူရခြင်းဖြစ်သည်။
Tampon သုံးရာတွင်သတိပြုသင့်သော အချက်များ
နည်းလမ်းမှန်ကန်စွာ အသုံးပြုခြင်းဖြင့် သင့်ကို သက်တောင့်သက်သာရှိစေပြီး ရောဂါပိုးအန္တရာယ်မှလည်း ကာကွယ်ပေးပါသည်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။