backup og meta

ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား

ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား

မိန်းကလေးတွေရဲ့တစ်သက်တာမှာ ရှောင်လွှဲမရတာက အရွယ်ရောက်တာနဲ့ ကြုံလာရတဲ့ ဓမ္မတာ သွေးဆင်းခြင်းဖြစ်ပါတယ်။ သွေးဆုံးချိန်အထိ လစဉ်ကြုံတွေ့နေရမယ့် ကိစ္စဖြစ်သလို အမျိုးသမီးကျန်းမာရေးမှာအရေးပါ ပါတယ်။ ရာသီလာခြင်းက အမျိုးသမီးတွေနဲ့ ခွဲခြားမရတဲ့ သဘာဝတစ်ခုမို့ လစဉ်သုံး ပစ္စည်းတွေနဲ့ မကင်းနိုင်ကြပါဘူး။ ဒါပေမယ့် လစဉ်သုံး ပစ္စည်းတောင် သုံးဖို့ မလိုလောက်အောင် ရာသီသွေး ဆင်း နည်းလွန်းတဲ့၊ ရာသီလာရက် တိုလွန်းတဲ့ အမျိုးသမီးတွေလည်း ရှိနေပါသေးတယ်။ တချို့ဆို တစ်ရက်၊ တစ်ညပဲ ရာသီလာတာ ဒါမှမဟုတ် နည်းလွန်းလို့ မသိသာတာကြောင့် လစဉ်သုံးတောင် မလိုဘဲ နေ့စဉ်သုံး အပါးစားလေးတွေနဲ့တင် အဆင်ပြေပါတယ်။ ဒီနေရာမှာ မေးစရာ ရှိနိုင်တာက ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား ဆိုတာပေါ့။

ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား

ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား ဆိုတော့

ဒီလောက် နည်းတာ၊ ရက်တိုနေတာ ပုံမှန်ဟုတ်ပါ့မလား

ပုံမှန်လာနေကျက ဒီလောက်ပဲဆိုရင်တော့ အိုကေပါတယ်တဲ့။ ရာသီလာတိုင်း ဒီလောက်က ဒီလောက်ပဲ၊ တစ်လတစ်ကြိမ်လာနေသရွေ့တော့ဟော်မုန်းထိန်းညှိမှုက ပုံမှန်လည်ပတ်နေပြီး မျိုးပွားစနစ်ကလည်း ကျန်းမာနေတယ်လို့ ယူဆနိုင်ပါတယ်။ ဆိုလိုတာက ပုံမှန်သွေးဆင်းများနေကျလူက ရုတ်တရက် နည်းသွားတာမျိုး၊ နည်းရာကနေ နောက်တစ်လမှာ အများကြီးသွေးဆင်းတာမျိုး၊ များလိုက်နည်းလိုက် မူမမှန်သွေးဆင်းတာတွေမဟုတ်ရင် အရမ်းမစိုးရိမ်ပါနဲ့။

ဒါဆို ဘာကြောင့် နည်းရတာလဲ

အများအားဖြင့်တော့ တစ်ရက်ကနေ နှစ်ရက်အထိပဲ ရာသီသွေးဆင်းတာက အက်စထရိုဂျင်ဟော်မုန်းနည်းပါးမှု ဒါမှမဟုတ် သံဓါတ်အားနည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ သားအိမ်နံရံမြှေးဖြစ်တည်ဖို့ အက်စထရိုဂျင်မလုံလောက်တဲ့အခါ ရာသီသွေးနည်းတာ၊ အရောင်ဖျော့တာ၊ ရက်တိုလွန်းတာတွေဖြစ်လာတတ်ပါတယ်။

အက်စထရိုဂျင်နည်းစေနိုင်တဲ့ဖြစ်နိုင်ခြေအကြောင်းရင်းတွေ အများကြီးရှိပါတယ် –

ပုံမှန်အခြေအနေဆိုတာ

မိန်းကလေးတစ်ယောက်နဲ့ တစ်ယောက် ရာသီလာတဲ့ပမာဏနဲ့ရက်အပိုင်းအခြားချင်းမတူကြပါဘူး။ ဓမ္မတာသွေးဆင်းခြင်းဟာ ၂၁ရက် ကနေ ၃၅ ရက်ခြားတစ်ကြိမ် ဖြစ်ပေါ်တတ်ပြီး တစ်ကြိမ်ကို ၂ ရက်မှ ၇ ရက်အတွင်း ကြာမြင့်တတ်ပါတယ်။ပျိုဖော်ဝင်ကာစ နှစ်တွေမှာ ရာသီလာတဲ့ရက်က ရှည်ကြာတတ်ပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ ရက်တိုလာပြီး ပုံမှန်ဖြစ်သွားလေ့ရှိပါတယ်။

ရာသီစက်ဝန်းဟာ ရက်အနည်းအများ၊သွေးဆင်းတဲ့ပမာဏအနည်းအများနဲ့ လာချိန်တွေဟာ တစ်လနဲ့တစ်လ ပုံမှန်ရှိကြပါတယ်။ တချို့မှာ ရာသီသွေးဆင်း နည်းတယ်၊များတယ်၊ ကိုက်ခဲမှုခံစားရသူ၊မခံစားရသူ၊ ရက်ရှည်သူ၊ ရက်တိုသူတွေရှိတတ်ပေမယ့် တခြားလက္ခဏာတွေ မဖြစ်ခဲ့ရင် ပုံမှန်အခြေအနေအဖြစ် ယူဆလို့ရနိုင်ပါသေးတယ်။

နောက်တစ်ချက်က သန္ဓေတားဆေး သို့မဟုတ် သားအိမ်ထဲထည့်ပစ္စည်း(IUDs) တွေလို သားဆက်ခြားနည်းလမ်းတစ်ခုခုအသုံးပြုခြင်းကြောင့်လည်း ရာသီသွေးဆင်းမှုကိုပြောင်းလဲစေနိုင်ပါတယ်။

ဆရာဝန်ပြဖို့လိုတဲ့ လက္ခဏာတွေက ဘာတွေလဲ

  • အသက် ၁၆ နှစ်ကျော်တာတောင် ရာသီစမပေါ်သေးရင်
  • ကိုယ်ဝန်ရှိနေတာမဟုတ်ဘဲ ရာသီထိန်တာ ၃ လကျော်လာရင်
  • ရာသီသွေးဆင်းတာ ၇ ရက်ကျော်လာရင်
  • လစဉ်သုံးပစ္စည်းကို တစ်နာရီတစ်ကြိမ်မက လဲရတဲ့အထိ အများကြီးဆင်းနေရင်
  • ရာသီလာစဉ် ကိုက်ခဲမှုက အရမ်းပြင်းထန်နေရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံပြုချက်ရယူပါ။

အရေးကြီးတာက ကိုယ့်ရဲ့ရာသီစက်ဝန်းကို ပုံမှန်ဖြစ်မဖြစ် အမြဲသတိထားဆန်းစစ်ဖို့ပါ။ ဒါမှ ရုတ်တရက်ပြောင်းလဲမှုနဲ့ ကိုယ့်ရဲ့ခန္ဓါကိုယ်ကအကြောင်းရင်းခံတွေကို သိနိုင်ပြီး ဆင်ခြင်နေထိုင်နိုင်မှာဖြစ်ပါတယ်။ လိုအပ်လာရင် ဆရာဝန်ပြဖို့ မနှောင့်နှေးပါနဲ့။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://my.clevelandclinic.org/health/articles/10132-normal-menstruation

https://www.mayoclinic.org/healthy-lifestyle/womens-health/in-depth/menstrual-cycle/art-20047186

https://www.everydayhealth.com/pms/short-periods.aspx

ယခုပုံစံ

07/03/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

ဓမ္မတာလာနေစဉ်အတွင်း လေ့ကျင့်နိုင်မယ့် ယောဂ ပုံစံများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement