backup og meta

ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား

ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား

ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား ဆိုတဲ့ အဖြေလေးကို ဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ သွေးအားနည်းရောဂါ ဆိုတာ သွေးထဲမှာ ဟေမိုဂလိုဘင်လျော့နည်းခြင်း ဖြစ်ပါတယ်။ သွေးနီဥဆဲလ်တွေမှာအရေးပါတဲ့ ဟီမိုဂလိုဘင်ပရိုတင်းရဲ့လုပ်ဆောင်ချက်အတွက် သံဓာတ်ကအရေးပါပါတယ်။ သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်းဖြစ်စေတဲ့ အကြောင်းရင်းတွေက သွေးဆုံးရှုံးမှုများခြင်း၊ သန်ကောင်ဝင်ခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း၊ အာဟာရစုပ်ယူနိုင်စွမ်းပြဿနာနဲ့ နာတာရှည်ရောဂါတို့ ပါဝင်ပါတယ်။ သံဓာတ်ချို့တဲ့တဲ့အခါ ခန္ဓာကိုယ်အနှံ့ကဆဲလ်တွေက အောက်ဆီဂျင်ချို့တဲ့လာပါတယ်။ သွေးအားနည်းခြင်းက ဓမ္မတာလာနေစဉ်အတွင်း သွေးဆင်းများခြင်းအပါအဝင် တခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပါတယ်။

ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား

အမျိုးသမီးတွေက လတိုင်းဓမ္မတာ သွေးဆင်းတဲ့အခါ သွေးနီဥဆဲလ်မှာ ပါသွားတဲ့ သံဓာတ်လည်း ဆုံးရှုံးရပါတယ်။ စားသောက်လိုက်တဲ့ သံဓာတ် ပမာဏက ဆုံးရှုံးသွားတဲ့ပမာဏကို လစဉ် ပြန်မဖြည့်တင်းပေးနိုင်တဲ့အခါ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။ သွေးဆင်းများတဲ့ အမျိုးသမီးတွေမှာသွေးအားနည်းရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

သွေးအားနည်းစေတာက ရာသီသွေးဆင်းခြင်း တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကိုယ်ဝန်ရှိချိန်နဲ့ နို့တိုက်ကျွေးချိန်အတွင်း ကလေးကြီးထွားဖွံ့ဖြိုးစေဖို့ သံဓာတ် လိုအပ်ချက်က ပိုများလာပါတယ်။ သံဓာတ် အားနည်းရင် အမေရော ကလေးအတွက်ပါ ထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေ အတွက် သံဓာတ်အလုံအလောက် ရရှိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန်တွေမှာလည်း သံဓာတ် အားနည်းတတ်ကြပါတယ်။

သွေးဆင်းများခြင်း လက္ခဏာတွေက

  • ၇ ရက်ထက် ပိုကြာပြီး ရာသီလာခြင်း
  • သွေးခဲလေးတွေ အများကြီး ဆင်းခြင်း
  • ပင်ပန်းနုံးချိနေခြင်း သို့မဟုတ် အသက်ရှူမဝခြင်း
  • ပုံမှန်ရာသီလာချိန် မဟုတ်ဘဲ တစ်လအတွင်း သွေးထပ်ဆင်းခြင်း
  • ၁နာရီ တစ်ခါလောက် padလဲ ရခြင်း

အကြောင်းရင်းများ

ရာသီသွေးဆင်း များစေတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ အဖြစ်များတာတွေကတော့

  • ဟော်မုန်းပြဿနာ

လစဉ်လတိုင်း သားအိမ်အတွင်းမှာ ဖြစ်တည်လာတဲ့ အမြှေးပါးက ရာသီသွေး အဖြစ်နဲ့ ဆင်းလာတာ ဖြစ်ပါတယ်။ ဟော်မုန်းပမာဏ မညီမျှရင်တော့ ခန္ဓာကိုယ်က အမြှေးပါး ထူလာပြီး ကွာကျတဲ့အခါ ရာသီသွေးဆင်းတာ များလာနိုင်ပါတယ်။

သားအိမ်နံရံအတွင်းမှာ အလုံးတည်တဲ့အခါ သွေးဆင်းများခြင်း၊ ‌ရာသီလာတဲ့အခါ ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲခြင်းတို့ ဖြစ်တတ်ပါတယ်။

  • IUD ထည့်သွင်းထားခြင်း

သားဆက်ခြားနည်းလမ်း အဖြစ်နဲ့ သားအိမ်တွင်းထည့်ပစ္စည်း (IUD) ကို အသုံးပြုထားတဲ့ အမျိုးသမီးတွေ ရှိပါတယ်။ IUD က ဟော်မုန်းမပါတဲ့ အမျိုးအစား ဖြစ်ခဲ့ရင် ရာသီသွေးဆင်းတာ ပိုများနိုင်ပါတယ်။

  • အမျိုးသမီး ကင်ဆာရောဂါ တချို့

ဖြစ်ခဲတယ် ဆိုပေမယ့် သားအိမ် ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာနဲ့ သားဥအိမ် ကင်ဆာတို့ ရှိနေတဲ့ အမျိုးသမီး တချို့မှာ ရာသီသွေးဆင်း များတတ်ပါတယ်။

  • ဆေးဝါးတချို့

သွေးကျဲဆေး သို့မဟုတ် ရောင်ရမ်းမှု လျော့ကျစေတဲ့ ဆေးဝါးတွေကလည်း ရာသီသွေးဆင်း များစေပါတယ်။

  • တခြားရောဂါများ

အမျိုးသမီးတွေမှာ သွေးဆင်းများစေတဲ့ တခြား အကြောင်းရင်းတွေက သိုင်းရွိုက်ပြဿနာ၊ တင်ပါးဆုံတွင်း မျိုးပွားအင်္ဂါများ ရောင်ရမ်းမှုရောဂါ((PID)၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ သွေးရောဂါ စတဲ့ ရောဂါတချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒီလိုလူတွေကတော့ သွေးအားနည်းတာကြောင့် နောက်ဆက်တွဲ ပြဿနာ မဖြစ်စေဖို့ ဆေးကုသမှုခံယူဖို့ လိုပါတယ်။

အထက်ပါ လက္ခဏာတွေ မဟုတ်ဘဲ ရာသီသွေးဆင်းတာ ပုံမှန်ရှိသူတွေနဲ့ အနည်းငယ်များသူတွေကတော့ ဆုံးရှုံးသွားတဲ့ သံဓာတ်ကို ပြန်ဖြည့်တင်းနိုင်ဖို့ ဂရုစိုက်ပေးရင် လုံလောက်ပါတယ်။ ဗီတာမင် စီ နဲ့ သံဓာတ်များတဲ့ အသီးတွေ၊ အနီရောင်အသား၊ ငါး၊ ပင်လယ်စာတွေအပြင် ပဲပိစပ်၊ ပဲနီလေး၊ အုတ်ဂျုံ၊ ကိုက်လန်၊ အစေ့အဆန်တွေစတဲ့ အစားအစာတွေက သံဓာတ် ဖြည့်တင်းနိုင်လို့ မျှတစွာ စားသုံးပေးပါ။

ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား ဆိုတဲ့ အဖြေကို ရလောက်ပြီ ထင်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/women/guide/heavy-period-causes-treatments#1

https://www.livestrong.com/article/350552-iron-deficiency-anemia-menstruation/

 

ယခုပုံစံ

03/07/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးဆုံးချိန်မှာ ခံစားရမယ့် အရေပြားပြဿနာတွေကို ရင်ဆိုင်နည်း

Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement